What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 08 January 2020 11:48

ဆီးချိုသွေးချို လူနာတွင် ရောဂါပိုးဝင်ခြင်း

သာမန်အရပ်အသိဖြင့် သွေးချိုရောဂါဖြစ်ပါက အနာကျက်နှေးတတ်ပါတယ်။ အနာမကျက်တတ်ဟု ပြောဆိုသတ်မှတ်လေ့ရှိသည်ထက် ပို၍ဆိုးသော ရောဂါပိုးများ ဝင်တတ်ပါတယ်။ 

အရေပြားရောဂါများဖြစ်တဲ့ အနာစက်၊ အနာပဆုပ်စသည့်ရောဂါများ အတွေ့ရပြီး ထိုအနာများက အဖြစ်မြန်၊ အပွားမြန်၊ အကြီးမြန်ပြီး ကုသရခက်တာတွေလည်း ရှိပါတယ်။ အမှိုက်ကစ ပြသာဒ်မီးလောင်ဆိုစကားအတိုင်း ထိုအနာငယ်များမှစ၍ သွေးချို ဆိပ်တက်ကာ အသက်ဆုံးရှုံးနိုင်သည်အထိ ဖြစ်ပွားနိုင်ပါတယ်။ ရောဂါပိုးကိုသတ်ရန် ထိရောက်သော ပဋိဇီဝဆေးများကို စောစောစီးစီးစီး ပေးခြင်းနှင့်အတူ ဆီးချိုရောဂါကို ကောင်းစွာကုသမှသာ သက်သာပျောက်ကင်းလေ့ရှိပါတယ်။ 

 

တီဘီရောဂါနှင့် သွေးချိုရောဂါသည် လင် နှင့် မယားကဲ့သို့ ယှဉ်တွဲ၍ ဖြစ်လေ့ရှိပါတယ်။ သွေးချိုလူနာတွင် ဖျားလျှင်၊ ချောင်းဆိုးကြာလျှင်၊ ပို၍ပိန်သွားလျှင် တီဘီရောဂါဖြစ်နိုင်ခြေကို ဆရာဝန်က စဉ်းစားလေ့ရှိပါတယ်။ တီဘီရောဂါလူနာများတွင်လည်း သွေးချိုရောဂါရှိမရှိ စစ်ဆေး ကြည့်ဖို့ လိုပါတယ်။ ထိုရောဂါနှစ်မျိုး ယှဉ်တွဲဖြစ်လာလျှင် ရောဂါတစ်ခုက အခြားတစ်ခုကို ပို၍ဆိုးဝါးစေသကဲ့သို့ ကုသရန်လည်း ခက်ခဲစေပါတယ်။ ဒါကြောင့် ရောဂါနှစ်မျိုးလုံးကို ပိုမို၍ အလေးထားကုသသင့်ပါတယ်။

 

ဆရာဝန်က သွေးချိုကို အင်ဆူလင်ထိုးဆေးဖြင့် ပြောင်း၍ ကုသသင့်ပါက ကုရန်လိုသကဲ့ တီဘီရောဂါကုသမှု၊ တုံ့ပြန်မှုနှင့် တိုးတက်မှုကိုလည်း အနီးကပ် ကြည့်ရှု ကုသရပါတယ်။ ဆီးလမ်းကြောင်းပိုးဝင်ခြင်းသည်လည်း သွေးချိုလူနာတွင် အဖြစ်များသောရောဂါဖြစ်ပါတယ်။ လူနာသည် ဆီးပူ၊ ဆီးကျဉ်၊ ဆီးစပ်အောင့်၊ ဆီးသွားအကြိမ်များ၊ ဖျားနာ၊ ချမ်းတုန်၊ ခါးကိုက် တတ်ပါတယ်။ အမျိုးသမီးများ အထူးသဖြင့် အိမ်ထောင်ရှင် အမျိုးသမီးများတွင် မိန်းမဆီးလမ်းကြောင်း အနေအထားသဘာဝအရ ပို၍အဖြစ်များတတ်ပါတယ်။

အာရုံကြော အားကောင်းစေတဲ့ အစားအစာများ

အာရုံကြော အားကောင်းစေတဲ့ အစားအစာများ

ထိရောက်စွာ မကုသပါက သွေးဆိပ်တက်သည့်အဆင့်ထိဖြစ်ပြီး အသက်အန္တရာယ်ပင် စိုးရိမ်ရသည် အထိ ဖြစ်နိုင်ပါတယ်။ သက်ကြီးရွယ်အို အမျိုးသမီးကြီးများတွင် မိန်းမအင်္ဂါယားယံခြင်း ၊ အဖြူဆင်းခြင်းတို့ ဖြစ်လေ့ရှိပြီး ဒါတွေက မှိုပိုးတစ်မျိုးကြေင့်သာဖြစ်ပါတယ်။ သွေးချိုကို ကောင်းစွာ ကုသခြင်းဖြင့် ပျောက်ကင်းစေနိုင်ပါတယ်။ ဒါ့အပြင် သွေးချိုလူနာတစ်ဦးသည် ရောဂါပိုးဝင်၊ အဖျားရောဂါ တစ်ခုခု ခံစားရပါက သွေးတွင်းသကြား ဓာတ်အတက်အကျ၊ အပြောင်းအလဲ ဖြစ်လေ့ရှိပါတယ်။

 

များသောအားဖြင့် သွေးချိုကျဆေးသောက်လျက်နှင့် သွေးတွင်းသကြားဓာတ် တက်နေလေ့ရှိပါတယ်။ အဖျားရောဂါကြောင့် မအီမသာဖြစ်ခြင်း၊ အစားအသောက်ပျက်ခြင်း ၊ ပျို့အန်စသည်တို့ဖြစ်သဖြင့် သွေးချိုဓာတ်ကျနေမည်ဟု ခန့်မှန်းကြသော်လည်း သွေးချိုဓာတ်မှာ တက်နေတတ်ပါတယ်။ အကြောင်းမှာ အစားမဝင်သဖြင့် ပြင်ပမှ ကစီဓာတ်မရသော်လည်း ခန္ဓာကိုယ်ရှိ အဆီများကို ခြေဖျက်ဓာတ်ပြု၍ သကြားဓာတ်ကို ကိုယ်တွင်းမှ ထုတ်ပေးနေသောကြောင့် ဖြစ်ပါတယ်။ ထိုအပြင် အစားမဝင်သဖြင့် သွေးချိုဓာတ်ကျနေမည်အထင်ဖြင့် သွေးချိုကျဆေးကို ရပ်ပစ်တတ်ကြပါတယ်။

 

ထိုအခါ သွေးတွင်းသကြားဓာတ်သည် ပို၍ပို၍ တက်လေတော့ပါတယ်။ အချို့လူနာများတွင် သွေးဆိပ်တက်၍ သတိမေ့မြောသည်ထိ ဆိုးဝါးတတ်ပါတယ်။ အမှန်တကယ် လုပ်ဆောင်သင့်သည်မှာ အစားကို ဝင်အောင်ကြိုးစား၍စား၊ သွေးချိုကျဆေးကို သွေးချိုပမာဏပေါ် ညှိ၍မှန်မှန်ဆက်သောက်ရန် ဖြစ်ပါတယ်။ မိမိ၏သွေးချိုပမာဏကောင်း၊ မကောင်းကိုလည်း မကြာခဏစစ်ဆေးသင့်ပါတယ်။ အစားမဝင်၊ ပျို့အန်၊ ဆေးမသောက်နိုင် ဆိုပါက ဆရာဝန်နှင့်တိုင်ပင်၊ ကုသမှုခံယူရန်လိုအပ်ပါတယ်။ အချိန်နှင့်ယှဉ်၍ အလျင်အမြန် ဆိုးဝါးတတ်သောကြောင့် အရေးပေါ်ကုသမှု ခံယူသင့်ပါတယ်။ အချို့လူနာများတွင် သွေးချိုသောက်ဆေးအစား အင်ဆူလင်ထိုးဆေးသို့ ယာယီပြောင်း၍ကုသရန်လိုအပ်ပါတယ်။

 

အဖျားကျ၍ ပြန်လည်နေကောင်းလာချိန်တွင် အင်ဆူလင်ကို ရပ်ပြီး မူလသောက်ဆေးနှင့် ပြန်လည်ကုသလေ့ရှိပါတယ်။

Sinocare Myanmar 

 

{Zawgyi}

======

ဆီးခ်ိဳေသြးခ်ိဳ လူနာတြင္ ေရာဂါပိုးဝင္ျခင္း

 

သာမန္အရပ္အသိျဖင့္ ေသြးခ်ိဳေရာဂါျဖစ္ပါက အနာက်က္ေႏွးတတ္ပါတယ္။ အနာမက်က္တတ္ဟု ေျပာဆိုသတ္မွတ္ေလ့ရွိသည္ထက္ ပို၍ဆိုးေသာ ေရာဂါပိုးမ်ား ဝင္တတ္ပါတယ္။ အေရျပားေရာဂါမ်ားျဖစ္တဲ့ အနာစက္၊ အနာပဆုပ္စသည့္ေရာဂါမ်ား အေတြ႕ရၿပီး ထိုအနာမ်ားက အျဖစ္ျမန္၊ အပြားျမန္၊ အႀကီးျမန္ၿပီး ကုသရခက္တာေတြလည္း ရွိပါတယ္။

 

အမႈိက္ကစ ျပသာဒ္မီးေလာင္ဆိုစကားအတိုင္း ထိုအနာငယ္မ်ားမွစ၍ ေသြးခ်ိဳ ဆိပ္တက္ကာ အသက္ဆုံးရႈံးႏိုင္သည္အထိ ျဖစ္ပြားႏိုင္ပါတယ္။ ေရာဂါပိုးကိုသတ္ရန္ ထိေရာက္ေသာ ပဋိဇီဝေဆးမ်ားကို ေစာေစာစီးစီးစီး ေပးျခင္းႏွင့္အတူ ဆီးခ်ိဳေရာဂါကို ေကာင္းစြာကုသမွသာ သက္သာေပ်ာက္ကင္းေလ့ရွိပါတယ္။

 

တီဘီေရာဂါႏွင့္ ေသြးခ်ိဳေရာဂါသည္ လင္ ႏွင့္ မယားကဲ့သို႔ ယွဥ္တြဲ၍ ျဖစ္ေလ့ရွိပါတယ္။ ေသြးခ်ိဳလူနာတြင္ ဖ်ားလွ်င္၊ ေခ်ာင္းဆိုးၾကာလွ်င္၊ ပို၍ပိန္သြားလွ်င္ တီဘီေရာဂါျဖစ္ႏိုင္ေျခကို ဆရာဝန္က စဥ္းစားေလ့ရွိပါတယ္။ တီဘီေရာဂါလူနာမ်ားတြင္လည္း ေသြးခ်ိဳေရာဂါရွိမရွိ စစ္ေဆး ၾကည့္ဖို႔ လိုပါတယ္။ ထိုေရာဂါႏွစ္မ်ိဳး ယွဥ္တြဲျဖစ္လာလွ်င္ ေရာဂါတစ္ခုက အျခားတစ္ခုကို ပို၍ဆိုးဝါးေစသကဲ့သို႔ ကုသရန္လည္း ခက္ခဲေစပါတယ္။ ဒါေၾကာင့္ ေရာဂါႏွစ္မ်ိဳးလုံးကို ပိုမို၍ အေလးထားကုသသင့္ပါတယ္။

အာ႐ုံေၾကာ အားေကာင္းေစတဲ့ အစားအစာမ်ား

အာရုံကြော အားကောင်းစေတဲ့ အစားအစာများ

ဆရာဝန္က ေသြးခ်ိဳကို အင္ဆူလင္ထိုးေဆးျဖင့္ ေျပာင္း၍ ကုသသင့္ပါက ကုရန္လိုသကဲ့ တီဘီေရာဂါကုသမႈ၊ တုံ႔ျပန္မႈႏွင့္ တိုးတက္မႈကိုလည္း အနီးကပ္ ၾကည့္ရႈ ကုသရပါတယ္။ ဆီးလမ္းေၾကာင္းပိုးဝင္ျခင္းသည္လည္း ေသြးခ်ိဳလူနာတြင္ အျဖစ္မ်ားေသာေရာဂါျဖစ္ပါတယ္။ လူနာသည္ ဆီးပူ၊ ဆီးက်ဥ္၊ ဆီးစပ္ေအာင့္၊ ဆီးသြားအႀကိမ္မ်ား၊ ဖ်ားနာ၊ ခ်မ္းတုန္၊ ခါးကိုက္ တတ္ပါတယ္။ အမ်ိဳးသမီးမ်ား အထူးသျဖင့္ အိမ္ေထာင္ရွင္ အမ်ိဳးသမီးမ်ားတြင္ မိန္းမဆီးလမ္းေၾကာင္း အေနအထားသဘာဝအရ ပို၍အျဖစ္မ်ားတတ္ပါတယ္။

 

ထိေရာက္စြာ မကုသပါက ေသြးဆိပ္တက္သည့္အဆင့္ထိျဖစ္ၿပီး အသက္အႏၲရာယ္ပင္ စိုးရိမ္ရသည္ အထိ ျဖစ္ႏိုင္ပါတယ္။ သက္ႀကီး႐ြယ္အို အမ်ိဳးသမီးႀကီးမ်ားတြင္ မိန္းမအဂၤါယားယံျခင္း ၊ အျဖဴဆင္းျခင္းတို႔ ျဖစ္ေလ့ရွိၿပီး ဒါေတြက မိႈပိုးတစ္မ်ိဳးေၾကင့္သာျဖစ္ပါတယ္။ ေသြးခ်ိဳကို ေကာင္းစြာ ကုသျခင္းျဖင့္ ေပ်ာက္ကင္းေစႏိုင္ပါတယ္။ ဒါ့အျပင္ ေသြးခ်ိဳလူနာတစ္ဦးသည္ ေရာဂါပိုးဝင္၊ အဖ်ားေရာဂါ တစ္ခုခု ခံစားရပါက ေသြးတြင္းသၾကား ဓာတ္အတက္အက်၊ အေျပာင္းအလဲ ျဖစ္ေလ့ရွိပါတယ္။

 

မ်ားေသာအားျဖင့္ ေသြးခ်ိဳက်ေဆးေသာက္လ်က္ႏွင့္ ေသြးတြင္းသၾကားဓာတ္ တက္ေနေလ့ရွိပါတယ္။ အဖ်ားေရာဂါေၾကာင့္ မအီမသာျဖစ္ျခင္း၊ အစားအေသာက္ပ်က္ျခင္း ၊ ပ်ိဳ႕အန္စသည္တို႔ျဖစ္သျဖင့္ ေသြးခ်ိဳဓာတ္က်ေနမည္ဟု ခန႔္မွန္းၾကေသာ္လည္း ေသြးခ်ိဳဓာတ္မွာ တက္ေနတတ္ပါတယ္။ အေၾကာင္းမွာ အစားမဝင္သျဖင့္ ျပင္ပမွ ကစီဓာတ္မရေသာ္လည္း ခႏၶာကိုယ္ရွိ အဆီမ်ားကို ေျခဖ်က္ဓာတ္ျပဳ၍ သၾကားဓာတ္ကို ကိုယ္တြင္းမွ ထုတ္ေပးေနေသာေၾကာင့္ ျဖစ္ပါတယ္။ ထိုအျပင္ အစားမဝင္သျဖင့္ ေသြးခ်ိဳဓာတ္က်ေနမည္အထင္ျဖင့္ ေသြးခ်ိဳက်ေဆးကို ရပ္ပစ္တတ္ၾကပါတယ္။

 

ထိုအခါ ေသြးတြင္းသၾကားဓာတ္သည္ ပို၍ပို၍ တက္ေလေတာ့ပါတယ္။ အခ်ိဳ႕လူနာမ်ားတြင္ ေသြးဆိပ္တက္၍ သတိေမ့ေျမာသည္ထိ ဆိုးဝါးတတ္ပါတယ္။ အမွန္တကယ္ လုပ္ေဆာင္သင့္သည္မွာ အစားကို ဝင္ေအာင္ႀကိဳးစား၍စား၊ ေသြးခ်ိဳက်ေဆးကို ေသြးခ်ိဳပမာဏေပၚ ညႇိ၍မွန္မွန္ဆက္ေသာက္ရန္ ျဖစ္ပါတယ္။


မိမိ၏ေသြးခ်ိဳပမာဏေကာင္း၊ မေကာင္းကိုလည္း မၾကာခဏစစ္ေဆးသင့္ပါတယ္။ အစားမဝင္၊ ပ်ိဳ႕အန္၊ ေဆးမေသာက္ႏိုင္ ဆိုပါက ဆရာဝန္ႏွင့္တိုင္ပင္၊ ကုသမႈခံယူရန္လိုအပ္ပါတယ္။ အခ်ိန္ႏွင့္ယွဥ္၍ အလ်င္အျမန္ ဆိုးဝါးတတ္ေသာေၾကာင့္ အေရးေပၚကုသမႈ ခံယူသင့္ပါတယ္။ အခ်ိဳ႕လူနာမ်ားတြင္ ေသြးခ်ိဳေသာက္ေဆးအစား အင္ဆူလင္ထိုးေဆးသို႔ ယာယီေျပာင္း၍ကုသရန္လိုအပ္ပါတယ္။ အဖ်ားက်၍ ျပန္လည္ေနေကာင္းလာခ်ိန္တြင္ အင္ဆူလင္ကို ရပ္ၿပီး မူလေသာက္ေဆးႏွင့္ ျပန္လည္ကုသေလ့ရွိပါတယ္။

Sinocare Myanmar

Read times
Rate this item
(0 votes)