What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 28 December 2018 14:46

ပန်းသေပန်းညိုးရောဂါ ကုသရေးအတွက် အထူးကု ဆရာဝန်များ၏ အကြံပြုချက်များ

ပန်းသေပန်းညှိုး ရောဂါကြောင့် စိတ်ညစ်နေသူတွေ အတွက် အမေရိကန် အထူးကု ဆရာဝန်တွေရဲ့ အကြံပြုချက်တွေကို ဖော်ပြပေးလိုက်ပါတယ်။


(၁) သင်၏ နေထိုင်မှု ပုံစံကို ပြောင်းလဲပါ
အရင်ဆုံး ပန်းသေပန်းညှိုး ဖြစ်ရတဲ့ အကြောင်းရင်းကို သေချာ သိနိုင်ဖို့ သင့်ဆရာဝန်နဲ့ တွေ့ဆုံပါ။ သင်ဟာ တက်စတိုစတီရုန်း ကျားဟော်မုန်း ချို့တဲ့တာကြောင့် ဒါမှမဟုတ် ဆေးကုသမှု၊ ဆီးချိုသွေးချိုရောဂါ၊ သွေးတိုးရောဂါနဲ့ တခြား ကျန်းမာရေး အခြေအနေတွေကြောင့် ပန်းသေပန်းညှိုး ဖြစ်တာ ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ လေ့ကျင့်ခန်း လုပ်တာက ပန်းသေပန်းညှိုး ရောဂါကို သက်သာစေနိုင်ပါတယ်။ (လေ့ကျင့်ခန်း မလုပ်ခင်မှာ ဆရာဝန်နဲ့ တိုင်ပင်ပါ) အယ်လ်ကိုဟောဟာ ပန်းသေပန်းညှိုး ရောဂါကို ပိုဆိုးစေနိုင်တာကြောင့် အယ်လ်ကိုဟောကို ဖြတ်ပါ ဒါမှမဟုတ် မသောက်ပါနဲ့။ ဆေးလိပ် သောက်ရင်လည်း သွေးစီးဆင်းမှုကို နှောင့်ယှက်စေနိုင်တာကြောင့် ဆေးလိပ်ကို လုံးဝ မသောက်သင့်ပါဘူး။

 

(၂) အပ်စိုက်ကုထုံးကို သုံးပါ
စိတ်ကျန်းမာရေးနဲ့ စိတ်ခံစားမှုပိုင်းဆိုင်ရာ အခြေအနေတွေဟာ တစ်ခါတစ်ရံမှာ ပန်းသေပန်းညှိုး ရောဂါကို ဖြစ်စေနိုင်တာကြောင့် စိတ်ဖိစီးမှု များနေရင်၊ အိပ်ရေး ပျက်လွန်းနေရင် အပ်စိုက်ကုထုံး သုံးပါ။ ဒီကုထုံးဟာ စိတ်ဖိစီးမှုကို ပြေလျော့စေပြီး ပန်းသေပန်းညှိုး ရောဂါကို သက်သာစေပါတယ်။ အပ်စိုက် ကုသတာ နှစ်ကြိမ်၊ သုံးကြိမ်လောက်အတွင်း ဖိစီးမှု တင်းအားတွေက သိသိသာသာ လျော့ပါး သွားပါလိမ့်မယ်။

 

(၃) ဆေးကုသမှု ခံယူပါ
ပန်းသေပန်းညှိုး ရောဂါဟာ ကုသလို့ ရတာကြောင့် ဆေးကုသမှု ခံယူသင့်ပါတယ်။ ဆေးဝါးတွေရဲ့ အစွမ်းကြောင့် လိင်တံ အတွင်းက ကြွက်သားတွေကို အနားရစေပြီး သွေးစီးဆင်းမှုကို ကောင်းစေပါတယ်။ တကယ်လို့ သင့်အတွက် ဆေးဝါးက ထိရောက်မှု မရှိတော့ဘူးဆိုရင် ထိုးဆေးနဲ့ တခြား ကုသနည်းတွေအတွက် ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။

 

(၄) အစားအသောက်ကို ပြန်ဆန်းစစ်ပါ
ပန်းသေပန်းညှိုး ရောဂါရှိတဲ့ အမျိုးသားတွေဟာ နှလုံးရောဂါလည်း တွဲပြီး ဖြစ်နေနိုင်ပါတယ်။ ဒါကြောင့် ပန်းသေပန်းညှိုး ရောဂါရှိနေတဲ့ သူတွေဟာ စားသောက်တဲ့ ပုံစံကို ဆန်းစစ်ဖို့ လိုအပ်တာ ဖြစ်ပါတယ်။ အပင်ထွက် အစားအသောက်တွေ၊ ငါး၊ အိုမီဂါသရီးနဲ့ ကောက်နှံစာ စတာတွေကို အခြေခံထားတဲ့ အစားအစာတွေကို ရွေးစားပါ။ ပြည့်ဝဆီနဲ့ ထရန့်ဖက်စ် မပါတဲ့ အစာတွေကို စားပါ။ ခန္ဓာကိုယ် အနှံ့က သွေးကြောရှိ ဆဲလ်တွေရဲ့ လုပ်ငန်းဆောင်တာတွေကို ကောင်းမွန် တိုးတက်စေတဲ့ အမိုင်နိုအက်စစ် L-arginine ကို မှီဝဲနိုင်ဖို့အတွက် သင့်ဆရာဝန်နဲ့ တိုင်ပင်ပါ။ အသက် ၂၀ အထက် အမျိုးသား ငါးဦးအနက် တစ်ဦးနီးပါးဟာ ပန်းသေပန်းညှိုး ရောဂါကို ခံစားနေရကြောင်း လေ့လာမှုတွေအရ သိရပါတယ်။


Source: ကေအမ် (Ref: RD)(yatanarpon)

 

Read: သွေးဖြူဥတွေက ဘာလုပ်ပေးသလဲ

သွေးဖြူဥတွေက ဘာလုပ်ပေးသလဲ

Read times Last modified on Wednesday, 27 February 2019 15:11
Rate this item
(1 Vote)