What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 28 December 2018 16:41

ရာသီမလာဘဲ သွေးစ အနည်းငယ် ဆင်းရသော အကြောင်းရင်း

ရာသီလာတာ မဟုတ်ဘဲ သွေးစ အနည်းငယ် ဆင်းတာက အကြောင်းရင်း အမျိုးမျိုးကြောင့် ဖြစ်နိုင်ပါတယ်။

ပုံမှန် လစဉ် ရာသီလာတာလို မဟုတ်ဘဲ သွေးအနည်းငယ် ဆင်းတာကို ဆိုလိုပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် ရာသီလာတာ မဟုတ်ဘဲ သွေးစ အနည်းငယ် ဆင်းတာကို သံသယရှိပါက ဆရာဝန်နဲ့ စစ်ဆေး ပြသသင့်ပါတယ်။

 

၁) မမျိုးဥ ကြွေခြင်း

မမျိုးဥ ကြွေတာကို အမျိုးသမီး အများစုက သတိမထားမိတတ်ပါဘူး။ တချို့ အမျိုးသမီးတွေမှာတော့ မမျိုးဥ ကြွေပြီး တစ်ရက်၊ နှစ်ရက်လောက် အတွင်းမှာ သွေးစ အနည်းငယ် ဆင်းတာကို သတိပြုမိတတ်ပါတယ်။ ဒီလို သွေးစ အနည်းငယ် ဆင်းတာက ပုံမှန် မမျိုးဥ ကြွေတာကြောင့် ဖြစ်တာပါ။

 

၂) သန္ဓေတားခြင်း

ဟော်မုန်းပါတဲ့ သန္ဓေတားနည်း အများစုရဲ့ ဘေးထွက်ဆိုးကျိုး အနေနဲ့ ရာသီမလာခင် သွေးစ အနည်းငယ် ဆင်းတတ်ပါတယ်။ တချို့ အမျိုးသမီးတွေမှာ သန္ဓေတားနည်းကို သုံးပြီး လအနည်းငယ် ကြာတဲ့တိုင်အောင် သွေးစ အနည်းငယ် ဆင်းနေတာမျိုး ဖြစ်တတ်ပါတယ်။ ဟော်မုန်းပါတဲ့ သန္ဓေတားနည်းကို မသုံးတော့ဘဲ ရပ်လိုက်တဲ့ အခါမှာလည်း အမျိုးသမီး တချို့ဟာ သွေးစ အနည်းငယ် ဆင်းနေတာမျိုး ဖြစ်တတ်ပါတယ်။

 

၃) ကိုယ်ဝန်ဆောင်ခြင်း

အမျိုးသမီး အများစုက ပုံမှန် ကိုယ်ဝန်ဆောင်ပြီး ပထမဆုံး လအနည်းငယ် အတွင်းမှာ သွေးစ အနည်းငယ် ဆင်းတာမျိုး ဖြစ်တတ်ပါတယ်။ ဒီလို ဖြစ်တာက သင့်ကို ကိုယ်ဝန်ရှိနေကြောင်း ပြသတာ ဖြစ်နိုင်သလို နေရာလွဲပြီး သန္ဓေတည်တဲ့ Ectopic Pregnancy ရဲ့ အခြေအနေ တစ်ရပ်လည်း ဖြစ်နိုင်ပါတယ်။

 

၎) ကိုယ်ဝန်ပျက်ကျခြင်း

ကိုယ်ဝန် ရှိနေချိန်မှာ သွေးဆင်းတာက ကိုယ်ဝန် ပျက်ကျချင်တဲ့ အရိပ်အယောင်လည်း ဖြစ်နိုင်ပါတယ်။ ဆရာဝန်နဲ့ အမြန်ဆုံး သွားပြသင့်တဲ့ အခြေအနေ ဖြစ်ပါတယ်။

 

၅) ဟော်မုန်း မမျှတခြင်း

သွေးဆင်းတာက ကိုယ်ဝန်ရှိတာနဲ့ သန္ဓေတားနည်း သုံးတာတွေကြောင့် ဖြစ်တာအပြင် ခန္ဓာကိုယ်ထဲမှာ ဟော်မုန်း အပြောင်းအလဲတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ခန္ဓာကိုယ်ကနေ အီစထရိုဂျင် အများအပြား ထွက်တာကြောင့် ဖြစ်နိုင်သလို ပရိုဂျက်စတီရုန်း အလုံအလောက် မထွက်တာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒါတွေက သိုင်းရွိုက် ပြဿနာကြောင့် ဒါမှမဟုတ် တချို့ ဆေးဝါးတွေ သောက်သုံးတာကြောင့် ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။

 

၆) ပြင်းထန်သော ကျန်းမာရေး အခြေအနေများ

ရာသီမလာခင် သွေးဆင်းတာက တစ်ခါတစ်ရံ သားအိမ်ထဲမှာ အသားလုံးဖြစ်တာ (Uterine Fibroids ဒါမှမဟုတ် Polyps) ရဲ့ လက္ခဏာတစ်ရပ် ဖြစ်နိုင်ပါတယ်။ ဒါမှမဟုတ် သားအိမ်ကင်ဆာ၊ သားအိမ်ခေါင်း ကင်ဆာနဲ့ မမျိုးဥအိမ် အရည်အိတ်တည်တာ စတာတွေနဲ့လည်း ဆက်စပ်မှု ရှိကောင်း ရှိနိုင်ပါတယ်။ ရှားပါးပေမယ့် ဒီလို ရောဂါတွေနဲ့ ဆက်စပ်နေရင် ပြင်းထန်တာကြောင့် ကုသမှုကို ခံယူဖို့ လိုအပ်ပါတယ်။

 

ဆရာဝန်နှင့် ပြသသင့်သော အချိန်

ရာသီလာချိန် တစ်ချိန်နဲ့ တစ်ချိန်ကြား သွေးစ အနည်းငယ် ဆင်းနေရင် ဆရာဝန်နဲ့ ဆွေးနွေး တိုင်ပင်သင့်ပါတယ်။ ရာသီလာချိန် တစ်ချိန်နဲ့ တစ်ချိန်ကြားမှာ အလွန်များပြားတဲ့ ရာသီသွေး ဆင်းနေရင်တော့ နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းကို အမြန်ဆုံး သွားပါ။

Source:ဇွန် (yatanarpon)

 

Read: ဦးနှောက်စွမ်းရည်ကို ကျစေသော အလေ့အကျင့်ဆိုးများ

ဦးနှောက်စွမ်းရည်ကို ကျစေသော အလေ့အကျင့်ဆိုးများ

Read times Last modified on Wednesday, 27 February 2019 15:02
Rate this item
(0 votes)