What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Thursday, 14 November 2019 17:17

ကိုယ္ဝန္ဖ်က္ခ်လွ်င္ ႀကဳံေတြ႕ရႏိုင္သည့္ ဆိုးက်ိဳးမ်ား

ဆီးအိမ္ဒဏ္ရာရျခင္း သားအိမ္ေပါက္သြားရင္ ဆီးအိမ္လည္း ေပါက္သြားမွာပါ။

ဒီလိုေပါက္သြားရင္ ေရာဂါပိုးမႊားပ်ံ႕ႏွံ႔ျခင္းေၾကာင့္ ဝမ္းဗိုက္ေရာင္ရမ္းျခင္း (Peritonitis) နာက်င္ျခင္း၊ အသက္အႏၲရာယ္ရွိျခင္းျဖစ္ႏိုင္ၿပီး ခြဲစိတ္ကုသဖို႔ လိုအပ္ပါတယ္။

 

အူဒဏ္ရာရျခင္း သားအိမ္ေပါက္သြားခဲ့ရင္ အူပါေပါက္သြားႏိုင္ပါတယ္။ ဒီလိုေပါက္သြားရင္ ပ်ိဳ႕ျခင္း၊ အန္ျခင္း၊ ဗိုက္ေအာင့္ျခင္း၊ အဖ်ားတက္ျခင္း၊ ဝမ္းထဲမွာေသြးပါျခင္း၊ ေရာဂါပိုးမႊားပ်ံ႕ႏွံ႔ျခင္းေၾကာင့္ ဝမ္းဗိုက္ေရာင္ရမ္းျခင္းနဲ႔ အလ်င္အျမန္မကုသရင္ အသက္ဆုံးရႈံးျခင္းတို႔ျဖစ္ႏိုင္ပါတယ္။ ဒီလိုျဖစ္ရင္ ခြဲစိတ္ကုသမႈအျဖစ္ အူရဲ႕အပိုင္းတစ္ခ်ိဳ႕ကိုျဖတ္ထုတ္ၿပီး ဝမ္းဗိုက္ေဖာက္ကာ အူကိုအျပင္ထုတ္ၿပီး မစင္စြန႔္ရျခင္းကို ယာယီ သို႔မဟုတ္ တစ္သက္လုံး လုပ္ရႏိုင္ပါတယ္။

 

သားအိမ္ျပင္ပသေႏၶတည္ျခင္း ကိုယ္ဝန္ဖ်က္ခ်ၿပီးေနာက္ ကိုယ္ဝန္ျပန္ေဆာင္တဲ့အခါ သားအိမ္ျပင္ပသေႏၶတည္ျခင္းျဖစ္ႏိုင္ေျခ (၈) ဆကေန အဆ (၂၀) ထိ ျမင့္တက္ႏိုင္ပါတယ္။ သားအိမ္ျပင္ပသေႏၶတည္တာကို ေစာစီးမသိရွိခဲ့ရင္ သေႏၶအိတ္ေပါက္ထြက္ၿပီး ေသြးထြက္လြန္ကာ ေသဆုံးႏိုင္ပါတယ္။ ခြဲစိတ္ၿပီး ထုတ္ပစ္ဖို႔လိုပါတယ္။ ကိုယ္ဝန္ဖ်က္ခ်မႈမေအာင္ျမင္ျခင္း ကိုယ္ဝန္ဖ်က္ခ်တဲ့အခါ သေႏၶသားထြက္လာေပမယ့္ တခါတရံမွာ အခ်င္းကိုရေအာင္ မထုတ္ႏိုင္ဘဲ ျဖစ္ႏိုင္ပါတယ္။

 

သားအိမ္ထဲမွာ သေႏၶသားအပိုင္းအစေတြ က်န္ခဲ့မယ္ဆိုရင္ နာက်င္ျခင္း၊ ေသြးဆင္းျခင္း၊ အဖ်ားေငြ႕ေငြ႕ဖ်ားျခင္းေတြျဖစ္မွာပါ။ ဒါမ်ိဳးျဖစ္ရင္ ေဆး႐ုံတက္ၿပီး ကုသမႈခံယူရပါမယ္။ လိုအပ္ရင္လိုအပ္သလို ခြဲစိတ္ရဦးမွာပါ။ ေသြးထြက္လြန္ျခင္း ကိုယ္ဝန္ဖ်က္ခ်တဲ့အခါ ေသြးထြက္လြန္ရင္ ကုသမႈအေနနဲ႔ ေသြးျပန္သြင္းဖို႔လိုပါတယ္။ ဒီလိုေသြးျပန္သြင္းတဲ့အခါ အသည္းေရာင္ျခင္းျဖစ္ႏိုင္ပါတယ္။ ဒါ့အျပင္ DIC လို႔ေခၚတဲ့ ေသြးေၾကာအတြင္း ေသြးခဲမႈစနစ္ ပ်က္သုဥ္းသြားႏိုင္ပါတယ္။

 

သေဘာက ေသြးမခဲေတာ့ မထိန္းႏိုင္မသိမ္းႏိုင္ ေသြးထြက္လြန္မွာပါ။ DIC ဟာ အသက္အႏၲရာယ္အလြန္ရွိၿပီး ကုသဖို႔ ခက္ခဲလွပါတယ္။ ေရာဂါပိုးဝင္ျခင္း ကိုယ္ဝန္ဖ်က္ခ်တဲ့အခါ မသန႔္ရွင္းမႈေၾကာင့္ ေရာဂါပိုးဝင္ေရာက္ႏိုင္ၿပီး အဖ်ားေငြ႕ေငြ႕ကေန တစ္ခါတစ္ရံ အသက္ဆုံးရႈံးတဲ့အထိ ျဖစ္ႏိုင္ပါတယ္။ သားအိမ္ေခါင္းၿပဲျခင္း ကိုယ္ဝန္ဖ်က္ခ်ၿပီး ေနာက္တစ္ႀကိမ္ကိုယ္ဝန္ျပန္ေဆာင္တဲ့အခါ သူ႔အလိုလိုပ်က္က်ႏိုင္ေျခ (၅၀) ရာခိိုင္ႏႈန္းထိရွိတယ္လို႔ သိရပါတယ္။

 

ကိုယ္ဝန္ဖ်က္ခ်တဲ့အခါ ထိခိုက္မႈေတြေၾကာင့္ သားအိမ္ေခါင္း စုတ္ၿပဲျခင္းျဖစ္ႏိုင္လို႔ပါ။ ၿမဳံျခင္း ကိုယ္ဝန္ဖ်က္ခ်တဲ့အမ်ိဳးသမီးေတြမွာ ေနာက္တစ္ႀကိမ္ကိုယ္ဝန္မရေတာ့ဘဲ ၿမဳံႏိုင္ေျခဟာ သာမန္အမ်ိဳးသမီးေတြထက္ ၃-၄ ဆ ပိုမ်ားပါတယ္။

 

 ေဒါက္တာခ်စ္ေဆြ

{Unicode}

=======

ကိုယ်ဝန်ဖျက်ချလျှင် ကြုံတွေ့ရနိုင်သည့် ဆိုးကျိုးများ

ဆီးအိမ်ဒဏ်ရာရခြင်း သားအိမ်ပေါက်သွားရင် ဆီးအိမ်လည်း ပေါက်သွားမှာပါ။ ဒီလိုပေါက်သွားရင် ရောဂါပိုးမွှားပျံ့နှံ့ခြင်းကြောင့် ဝမ်းဗိုက်ရောင်ရမ်းခြင်း (Peritonitis) နာကျင်ခြင်း၊ အသက်အန္တရာယ်ရှိခြင်းဖြစ်နိုင်ပြီး ခွဲစိတ်ကုသဖို့ လိုအပ်ပါတယ်။

 

အူဒဏ်ရာရခြင်း သားအိမ်ပေါက်သွားခဲ့ရင် အူပါပေါက်သွားနိုင်ပါတယ်။ ဒီလိုပေါက်သွားရင် ပျို့ခြင်း၊ အန်ခြင်း၊ ဗိုက်အောင့်ခြင်း၊ အဖျားတက်ခြင်း၊ ဝမ်းထဲမှာသွေးပါခြင်း၊ ရောဂါပိုးမွှားပျံ့နှံ့ခြင်းကြောင့် ဝမ်းဗိုက်ရောင်ရမ်းခြင်းနဲ့ အလျင်အမြန်မကုသရင် အသက်ဆုံးရှုံးခြင်းတို့ဖြစ်နိုင်ပါတယ်။ ဒီလိုဖြစ်ရင် ခွဲစိတ်ကုသမှုအဖြစ် အူရဲ့အပိုင်းတစ်ချို့ကိုဖြတ်ထုတ်ပြီး ဝမ်းဗိုက်ဖောက်ကာ အူကိုအပြင်ထုတ်ပြီး မစင်စွန့်ရခြင်းကို ယာယီ သို့မဟုတ် တစ်သက်လုံး လုပ်ရနိုင်ပါတယ်။

 

သားအိမ်ပြင်ပသန္ဓေတည်ခြင်း ကိုယ်ဝန်ဖျက်ချပြီးနောက် ကိုယ်ဝန်ပြန်ဆောင်တဲ့အခါ သားအိမ်ပြင်ပသန္ဓေတည်ခြင်းဖြစ်နိုင်ခြေ (၈) ဆကနေ အဆ (၂၀) ထိ မြင့်တက်နိုင်ပါတယ်။ သားအိမ်ပြင်ပသန္ဓေတည်တာကို စောစီးမသိရှိခဲ့ရင် သန္ဓေအိတ်ပေါက်ထွက်ပြီး သွေးထွက်လွန်ကာ သေဆုံးနိုင်ပါတယ်။ ခွဲစိတ်ပြီး ထုတ်ပစ်ဖို့လိုပါတယ်။ ကိုယ်ဝန်ဖျက်ချမှုမအောင်မြင်ခြင်း ကိုယ်ဝန်ဖျက်ချတဲ့အခါ သန္ဓေသားထွက်လာပေမယ့် တခါတရံမှာ အချင်းကိုရအောင် မထုတ်နိုင်ဘဲ ဖြစ်နိုင်ပါတယ်။

 

သားအိမ်ထဲမှာ သန္ဓေသားအပိုင်းအစတွေ ကျန်ခဲ့မယ်ဆိုရင် နာကျင်ခြင်း၊ သွေးဆင်းခြင်း၊ အဖျားငွေ့ငွေ့ဖျားခြင်းတွေဖြစ်မှာပါ။ ဒါမျိုးဖြစ်ရင် ဆေးရုံတက်ပြီး ကုသမှုခံယူရပါမယ်။ လိုအပ်ရင်လိုအပ်သလို ခွဲစိတ်ရဦးမှာပါ။ သွေးထွက်လွန်ခြင်း ကိုယ်ဝန်ဖျက်ချတဲ့အခါ သွေးထွက်လွန်ရင် ကုသမှုအနေနဲ့ သွေးပြန်သွင်းဖို့လိုပါတယ်။

 

ဒီလိုသွေးပြန်သွင်းတဲ့အခါ အသည်းရောင်ခြင်းဖြစ်နိုင်ပါတယ်။ ဒါ့အပြင် DIC လို့ခေါ်တဲ့ သွေးကြောအတွင်း သွေးခဲမှုစနစ် ပျက်သုဉ်းသွားနိုင်ပါတယ်။ သဘောက သွေးမခဲတော့ မထိန်းနိုင်မသိမ်းနိုင် သွေးထွက်လွန်မှာပါ။ DIC ဟာ အသက်အန္တရာယ်အလွန်ရှိပြီး ကုသဖို့ ခက်ခဲလှပါတယ်။ ရောဂါပိုးဝင်ခြင်း ကိုယ်ဝန်ဖျက်ချတဲ့အခါ မသန့်ရှင်းမှုကြောင့် ရောဂါပိုးဝင်ရောက်နိုင်ပြီး အဖျားငွေ့ငွေ့ကနေ တစ်ခါတစ်ရံ အသက်ဆုံးရှုံးတဲ့အထိ ဖြစ်နိုင်ပါတယ်။

 

သားအိမ်ခေါင်းပြဲခြင်း ကိုယ်ဝန်ဖျက်ချပြီး နောက်တစ်ကြိမ်ကိုယ်ဝန်ပြန်ဆောင်တဲ့အခါ သူ့အလိုလိုပျက်ကျနိုင်ခြေ (၅၀) ရာခိိုင်နှုန်းထိရှိတယ်လို့ သိရပါတယ်။ ကိုယ်ဝန်ဖျက်ချတဲ့အခါ ထိခိုက်မှုတွေကြောင့် သားအိမ်ခေါင်း စုတ်ပြဲခြင်းဖြစ်နိုင်လို့ပါ။

မြုံခြင်း ကိုယ်ဝန်ဖျက်ချတဲ့အမျိုးသမီးတွေမှာ နောက်တစ်ကြိမ်ကိုယ်ဝန်မရတော့ဘဲ မြုံနိုင်ခြေဟာ သာမန်အမျိုးသမီးတွေထက် ၃-၄ ဆ ပိုများပါတယ်။

Read times
Rate this item
(1 Vote)