What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 01 February 2019 17:32

အူစွပ်ခြင်း ၊ အူခေါက်ခြင်း သို့မဟုတ် အရေးပေါ် ချက်ချင်းကုသမှု ခံယူရမည့်ရောဂါ

လွန်ခဲ့တဲ့ရက်ပိုင်းလောက်က သားသားတစ်ယောက် ခဏခဏကိုယ်ပူပြီးဖျားဖျားနေလို့ ဆေးခန်းသွားတော့ ဆရာမက အူစွပ်တာမဟုတ်ရင် တခြားစိုးရိမ်စရာမရှိပါဘူးဆိုတော့ အူစွပ်တယ်ဆိုတာ ဘာမှန်းမသိတဲ့ ဒီမေမေတစ်ယောက် အပြေးအလွှားမေးမြန်းရပါပြီ။

မေးမြန်းပြီးသိလာသမျှကိုလည်း ကိုယ့်လိုပဲ သိချင်နေကြမယ့် မေမေတွေအားလုံးအတွက် Kalay ကနေတဆင့် ဝေမျှလိုက်ပါတယ်နော်။

 

ဆေးပညာအရ Intessusception လို့ခေါ်ပြီး မြန်မာလိုတော့ အူစွပ်တာ၊ အူခေါက်တာ၊ အူဝင်တာ အဲ့ဒီလိုခေါ်ကြပါတယ်။ မြင်အောင်ပြောရရင်တော့ အူအကြီးထဲကို အူအသေးလေး ၀င်သွားတာပေါ့။ အူထဲကို အူဝင်တဲ့အခါ အူလမ်းကြောင်းပိတ်လာပါတယ်။ အူထဲရှိတာတွေက အောက်ဆက်မဆင်းနိုင်ဖြစ်လာပြီး ဗိုက်ဖောင်းလာမယ်။ နာမယ်။ အန်မယ်။ ကြာလေ အူကရောင်လာလေ ပိုပိတ်လေဖြစ်ပြီး သွေးမလျှောက်ရင် အူအစိတ်အပိုင်း သေသလိုဖြစ်လာမယ်။ အရေးပေါ်ဖြစ်တယ်။

 

ခြောက်လကနေ သုံးနှစ်အတွင်းမှာ အူစွပ်နိုင်ခြေအများဆုံးဖြစ်ပြီး တစ်နှစ်အောက် ကလေးတွေမှာ အဖြစ်များပါတယ်။ ယောက်ျားလေးတွေမှာ နည်းနည်းပိုဖြစ်တတ်တယ်လို့လည်း သိရပါတယ်။ ဖြစ်ရတဲ့အကြောင်းအတိအကျကို သေချာမသိကြပေမယ့် အအေးမိပြီးကာစကလေးတွေမှာ ဖြစ်တတ်ပြီး တစ်နှစ်ထက်ကြီးတဲ့ ကလေးတွေမှာ ဖြစ်ရင် အခြားရောဂါတစ်ခုခုရှိနေတာမျိုးလည်း ဖြစ်တတ်ပါတယ်။

 

အူခေါက်/အူစွပ်မိတဲ့ လက္ခဏာတွေက ရုတ်တရက် အကောင်းကြီးကနေ ချက်ချင်းဆိုသလို

– အန်မယ် (အစပိုင်း စားထားတဲ့အစာတွေအန်မယ်။ နောက်ပိုင်းကျရင် အဝါရောင် အစိမ်းရောင် သည်းခြေရည်တွေ ပြန်အန်မယ်)။

– ဖျားမယ်။

– ဗိုက်နာပြီး ငိုမယ်။ ခြေထောက်ကလေးတွေကို ကွေးထားပြီးငိုနေမယ်။

– ဗိုက်ပေါ်မှာ အလုံးမာမာကလေး စမ်းမိမယ်။ ဝက်အူချောင်းလို ရှည်ရှည်နဲ့ ခပ်ကွေးကွေးကလေးဖြစ်နိုင်တယ်

– အဓိကအူစွပ်နေပြီလို့ သေချာပေါက်ပြောနိုင်တဲ့ လက္ခဏာကတော့ အနီရောင်/သွေးပါပြီး ဂျယ်လီလို ဝမ်းသွားပြီဆိုရင် သေချာပေါက် အူခေါက်နေပြီလို့ ပြောလို့ရပါတယ်။

 

အဲ့လိုလက္ခဏာတွေတွေ့ရလို့ အူစွပ်တယ်လို့ထင်ရင်တော့ ဆရာဝန်ဆီမြန်မြန်ပြပြီး ဆေးကုသမှုအမြန်ဆုံး ခံယူရပါမယ်။ အချိန်မီမကုသနိုင်ခဲ့ဘူးဆိုရင် အူစွပ်တဲ့ရောဂါဟာ အူပုပ်ခြင်း၊ အူများရစ်ရင်း ညှစ်ရင်းပေါက်ထွက်ကာ ဝမ်းဗိုက်တပြင်လုံးရောင်ပြီး အသက်ကယ်မရသည့် အခြေအနေထိဖြစ်သွားနိုင်ပါတယ်။

Source:kalay

 

Read: အဆိပ်သင့် မီးခိုးငွေ့များကြောင့် ဘန်ကောက်တွင် စာသင်ကျောင်းများပိတ်ခဲ့ရ

အဆိပ်သင့် မီးခိုးငွေ့များကြောင့် ဘန်ကောက်တွင် စာသင်ကျောင်းများပိတ်ခဲ့ရ

Read times Last modified on Wednesday, 27 February 2019 14:29
Rate this item
(0 votes)