What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Thursday, 13 February 2020 16:31

အသည်းခြောက်ရောဂါ လက္ခဏများ

ခန္ဓာကိုယ်တွင် အသည်း ကလည်းအရေးကြီးသော အစိတ်အပိုင်းတစ်ခု ဖြစ်နေသလို အသည်းက ခန္ဓာကိုယ် အတွင်းရှိ အဆိပ်အတောက်များကို ည ၁၁ နာရီနောက်ပိုင်းတွင် ညိုပြီးစွန့်ထုတ်သော လုပ်ငန်းကို လုပ်ဆောင်ရပါတယ်။

အသည်းကျန်းမာဖို့ဆိုရင် ပုံမှန်အိပ်ချိန်လိုအပ်တယ် ပုံမှန်အိမ်စက်ခြင်းမရှိပါက အသည်းထိခိုက်ပြီး ခန္ဓာကိုယ် ရဲ့ဇီဝကမ ဖြစ်စဉ်များ ကမောက်ကမဖြစ် ပေါ်တတ်ပါတယ်။ အသဲ ထိခိုက်ပျက်စီခြင်းက အသည်းရောင်အသာဝါရောဂါ ၊ အသည်းခြောက်တာ အသည်းကင်ဆာရောဂါ နဲ့ အသည်းရာဂါ များကိုဖြစ်ပေါ်စေနိုင်ပါတယ်။

 

အသည်းခြောက်ရောဂါ ဖြစ်ပေါ်စေတဲ့ အကြောင်းရင်း

အရက်အလွန်အကျွံသောက်တာ ၊ နာတာရှည် အသည်းရောင် ဘီ ပိုး ၊ စီပိုးဖြစ်တာ၊ အသည်းအဆီဖုံးတာ ၊ မျိုးရိုးဗိဇကြောင့်ဖြစ်ပေါ်တာ ၊ သံဓာတ်စုပ်ယူမှုများသော ရောဂါဖြစ်ပေါ်တာ ၊ ခန္ဓာကိုယ် ခုံခံမှုစနစ်မှ အသည်းဆဲလ်များကို မှန်းယွင်းတိုက်ခိုက်တာ( ဒီဖြစ်စဉ်က မျိုးသမီးများကို အများဆုံးဖြစ်ပေါ်စေတာ) ၊ သည်းခြေ ပိတ်ဆို့တဲ့ ရောဂါဖြစ်တာ နဲ့ အဆိပ်တောက် ပစ္စည်းများ နှင့် ဆေးဝါးများ ကြောင့် အသည်းခြောက်ခြင်းရောဂါကို အများဆုံးဖြစ်ပေါ်စေပါတယ်။

 

အသည်းခြောက်ရောဂါ အက္ခဏာများ

အားနည်းပြီးပိန်တာ ၊ မောပန်းလွယ်တာ ၊ အစားအသောက်ပျက်တာ ၊ ပျို့အန်တာ ၊ ဝှေးစေ့သိမ်ငယ်တာ ၊ ဆံပင်ကျွတ်များတာ ၊ အမျိုးသမီးများ ရာသီမမှန်တာ ၊ အစာစားချင်စိတ်မရှိတာ ၊လိင်စိတ်ပျောက်တာ ၊ ဝမ်းဗိုက်ဖောင်းရောင်တာ စတဲ့လက္ခဏာများ ဖြစ်ပေါ်လေ့ရှိပါတယ်။ အသည်းရောဂါကို ကုသမှု နောက်နှေးပါက ရေဖျင်းစွဲတာ ၊ ဘေလုံးကြီးတာ ၊ အသားဝါ ၊မျက်လုံးဝါတာ ၊ အသည်းကင်ဆာရောဂါဖြစ်တာ ၊ သွေးပြန်ကြောဖောင်းတွန့်တာ ၊ အသည်း ၊ ကျောက်ကပ်ရောဂါများ ဖြစ်ပေါ်တတ်ပါတယ်။

Healthcare Services (ကျန်းမာရေး စောင့်ရှောက်မှုပေးသော ဆေးခန်း ၁၀၀ ကျော်ကို ကြည့်ရန် နှိပ်ပါ)

Image result for Healthcare Services

အသည်းခြောက်ရောဂါဖြစ်ခြင်းမှ လျော့ချခြင်း

အရက် ၊ဆေးလိပ် သောက်သုံးခြင်း ရှောင်ကျဉ်တာ ၊ အသည်းရောင်အသားဝါ ဘီပိုး ၊ စီပိုး ကြိုကာကွယ် ဆေးထိုးတာ ၊ အစိမ်းရောင်ပါ အရွက်များများစားတာ ၊ လတ်ဆတ်သောအသီးများစားတာ ၊ မနက်စောစောတွင် ရေသန့် နွေးနွေးလေး (လီတာဝက် ) ကိုသောက်သုံးပေးခြင်းဖြင့်အသည်းခြောက်ရောဂါ ဖြစ်ပွားခြင်းမှ လျော့ချနိုင်ပါတယ်။

 

အသည်းခြောက်ရောဂါ ကုသနည်း

အသဲခြောက်ရောဂါက အေ ၊ဘီ ၊ စီ ဆိုပြီး အစိတ်အပိုင်း ၃ ပိုင်း ခွဲခြားထားပြီး စီ အဆင့်ဆိုရင်တော့ အသက်အန္တာရယ်ကို စိုးရိမ်တဲ့အခြေအနေ ဖြစ်ပေါ်လာနိုင်ပါတယ်။ အသည်းခြောက်ရောဂါ စတင်ဖြစ်ပွားရသော အကြောင်းအရာမှ စတင်ကုသခြင်း ပြုလုပ်ရပါတယ်။ အသည်းခြောက်ရောဂါ ဆိုတာ အသည်းတစ်ခုလုံးခြောက်သွား တာမျိုးမဟုတ်ဘဲ အသည်းရဲ့ အစိတ်အပိုင်း တစ်ခုသာခြောက်သွားတာဖြစ်ပြီး ခြောက်တွေ့သော အသည်းအစိတ်အပိုင်းမှ အခြားကောင်းမွန်တဲ့ အသည်းအစိတ်အပိုင်းကို ဆက်လက်ခြောက်တွေ့မှု မဖြစ်ပေါ်အောင်ကုသရပါတယ်။ အရက်အလွန်အကျွံ သောက်ခြင်းက အသည်းခြောက်ရောဂါကို အများဆုံးဖြစ်ပွား စေနိုင်ပါတယ်။ အသည်းခြောက်ရောဂါမှ အသည်းကင်ဆာရောဂါ မဖြစ်ပွားရအောင် ဆရာဝန် ရဲ့ လမ်းညွှန်ချက်အတိုင်း လိုက်နာဆောင်ရွက်ပြီး ကုသမှုခံယူပါ။

Written By Health Products Directory

(Zawgyi)

=====



 


အရက်အလွန်အကျွံသောက်တာ ၊ နာတာရှည် အသည်းရောင် ဘီ ပိုး ၊ စီပိုးဖြစ်တာ၊ အသည်းအဆီဖုံးတာ ၊ မျိုးရိုးဗိဇကြောင့်ဖြစ်ပေါ်တာ ၊ သံဓာတ်စုပ်ယူမှုများသော ရောဂါဖြစ်ပေါ်တာ ၊ ခန္ဓာကိုယ် ခုံခံမှုစနစ်မှ အသည်းဆဲလ်များကို မှန်းယွင်းတိုက်ခိုက်တာ( ဒီဖြစ်စဉ်ကအမျိုးသမီးများကို အများဆုံးဖြစ်ပေါ်စေတာ) ၊ သည်းခြေ ပိတ်ဆို့တဲ့ ရောဂါဖြစ်တာ နဲ့ အဆိပ်တောက် ပစ္စည်းများ နှင့် ဆေးဝါးများ ကြောင့် အသည်းခြောက်ခြင်းရောဂါကို အများဆုံးဖြစ်ပေါ်စေပါတယ်။

 






အရက် ၊ဆေးလိပ် သောက်သုံးခြင်း ရှောင်ကျဉ်တာ ၊ အသည်းရောင်အသားဝါ ဘီပိုး ၊ စီိပိုး ကြိုကာကွယ် ဆေးထိုးတာ ၊ အစိမ်းရောင်ပါ အရွက်များများစားတာ ၊ လတ်ဆတ်သောအသီးများစားတာ ၊ မနက်စောစောတွင် ရေသန့် နွေးနွေးလေး (လီတာဝက် ) ကိုသောက်သုံးပေးခြင်းဖြင့်အသည်းခြောက်ရောဂါ ဖြစ်ပွားခြင်းမှ လျော့ချနိုင်ပါတယ်။

 




Read times Last modified on Thursday, 13 February 2020 16:53
Rate this item
(1 Vote)