What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Saturday, 02 February 2019 14:39

အပူကြီး၍ လေဖြတ်ခြင်း ( Heat Stroke )

အပူကြီးလေဖြတ်ခြင်းဆိုသည်မှာ ပတ်ဝန်းကျင်အပူချိန် အလွန်ပူလာခြင်း၊ သို့မဟုတ် နေပူထဲတွင် ပြင်းထန်သောလေ့ကျင့်ခန်းများကို ပြုလုပ်ခြင်းကြောင့် ခန္ဓာကိုယ်အတွင်းရှိ ပုံမှန်ရှိရမည့် အပူချိန်ထက်လွန်ကဲကာ ခန္ဓာကိုယ်အတွင်းကလီစာများပျက်စီးပြီး အသက်အန္တရာယ်ထိခိုက်နိုင်သော အခြေအနေဖြစ်သည်။

လက္ခဏာများကတော့ အပူကြီးခြင်း - ပုံမှန်ရှိသည့် အပူချိန် ၃၇ ဒီဂရီ စင်တီဂရိတ် မှ ၄၀ အထိမြင့်တက်ခြင်း။ စိတ်အခြေအနေ လှုပ်ရှားမှုပုံစံပြောင်းခြင်း ၊ ချွေးအလွန်အကျွံထွက်နေရာ မှ ချွေးမထွက်တော့ဘဲ ခြောက်ပြီးခန္ဓာကိုယ်အလွန်အမင်းပူနေခြင်း ၊ ပျို့အန်ခြင်း ၊ ခန္ဓာကိုယ်အရေပြားနီရဲခြောက်သွေ့ခြင်းတို့ကို ဖြစ်စေနိုင်ပါတယ်။

 


ဖြစ်ပွားရသော အကြောင်းရင်းများကတော့ အပူလွန်ကဲသော ပတ်ဝန်ကျင်နှင့်ကြာရှည်စွာ ထိတွေ့မှုများခြင်း ၊ အလွန်ပူသောအချိန်တွင် ပြင်းထန်စွာ အလုပ်လုပ်ခြင်း ၊ နွေအခါတွင် ထူထပ်သောအဝတ်များကို ဝတ်ဆင်ခြင်း ၊ အရက်အလွန်အကျွံသောက်ခြင်း ၊ ချွေးအလွန်ထွက်သောအချိန်တွင် ရေများများပြန်မဖြည့်တင်းနိုင်ခြင်း တို့ကြောင်းဘဲ ဖြစ်ပါတယ်။

 

ဖြစ်နိုင်ချေများသူကတော့ အသက်ကြီးသူများ ၊ အသက်ငယ်ရွယ်သော ကလေးသူငယ်များ ၊ ရောဂါအခံရှိသူများ- ဆီးချိုရောဂါ၊နှလုံးရောဂါ၊ အဆုတ်ရောဂါရှိသူများ ၊ ဝမ်းပျက်ဝမ်းလျှောဖြစ်နေသူများ ၊ အလုပ်ပြင်းပြင်းထန်ထန်လုပ်ရသူများ- ဥပမာ-တောင်တက်သမားများ၊အားကစားသမားများ၊ အလုပ်ကြမ်းလုပ်သူများတို့ပဲ ဖြစ်ပါတယ်။ နောက်ဆက်တွဲပြဿနာများကတော့ အရေးကြီးသော ကလီစာများပျက်စီးခြင်း၊ အသက်သေဆုံးခြင်းအထိ ဖြစ်စေနိုင်ပါတယ်။


ကာကွယ်ခြင်း

အပူကြီးလေဖြတ်ခြင်းသည် ဖြစ်မဖြစ်ခန့်မှန်းနိုင် ၊ ကာကွယ်နိုင်သောရောဂါဖြစ်ပါတယ်။ ပူပြင်းသော အချိန်တွင် ပေါ့ပါးသောအဝတ်များကိုဝတ်ဆင်ပါ။ နေရောင်ခြည်နှင့် အချိန်ကြာရှည်စွာ ထိတွေ့ခြင်းမှ တတ်နိုင်သလောက်ရှောင်ကြဉ်ပါ။ ရေများများသောက်ပါ။ အပူအောင်းခြင်းကို ဖြစ်စေသည့်ဆေးများသောက်နေပါက သတိထားနေထိုင်ပါ။ အလုံပိတ်ကားထဲတွင် နေထိုင်ခြင်းတို့ကို ရှောင်ကျဉ်သင့်ပါတယ်။

Ref; Mayo clinic (Healthcare.com.mm)

 

Read times Last modified on Wednesday, 27 February 2019 14:25
Rate this item
(1 Vote)