What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 22 November 2019 10:27

ဆီးချိုကြောင့် ကျောက်ကပ်ပျက်စီးရင် ဘာလက္ခဏာတွေပြတတ်လဲ

ဆီးချိုသွေးချိုရောဂါဖြစ်တာ (၇) နှစ်အထက် ကြာလာပြီဆိုရင် ကျောက်ကပ်ကို ထိခိုက်ပျက်စီးစေနိုင်ပါတယ်။ မျိုးရိုးထဲမှာ ကျောက်ကပ်ပျက်စီးတဲ့ ရောဂါရာဇဝင်ရှိရင်လည်း ကျောက်ကပ်ပိုမို ထိခိုက်ပျက်စီးနိုင်ပါတယ်။

ကျောက်ကပ်ထိခိုက်ပျက်စီးရခြင်းရဲ့ အဓိကအကြောင်းရင်းကတော့ သွေးထဲမှာ အချိုဓာတ်တွေ နှစ်ရှည်လများစွာ များနေခြင်းကြောင့်ပဲဖြစ်ပါတယ်။

 

ကျောက်ကပ် စပြီးပျက်စီးစမှာ ရောဂါလက္ခဏာ ဘာမှမရှိဘဲဖြစ်နေတတ်ပါတယ်။ ကျောက်ကပ်ပျက်စီးမှုအဆင့် ပိုတိုးလာရင်တော့ ဖောတာ ရောင်တာတွေ ဖြစ်လာနိုင်ပါတယ်။

 

မျက်လုံးအိမ်ပတ်လည်မှာ ရောင်နေမယ်။ ခြေထောက်တွေ ရောင်နေနိုင်ပါတယ်။ အစပိုင်းမှာတော့ မနက်အိပ်ယာထမှာပဲ ရောင်နေတာကို သတိထားမိပြီး နောက်ပိုင်းမှာတော့ တစ်နေကုန်ပဲ ရောင်နေတာကို သတိထားမိလာနိုင်ပါတယ်။

 

နောက်ပိုင်းမှာ ဆီးနည်းလာမယ်၊ လှုပ်ရှားရင်မောလွယ်လာပါမယ်။ ပိုဆိုးလာရင် အိပ်နေတဲ့ အချိန်မျိုးမှာတောင် အမောဖောက်နိုင်ပါတယ်။

 

အစားအသောက်တွေပျက်မယ်၊ ပျို့မယ်၊ အန်မယ်၊ တစ်ကိုယ်လုံးယားယံနေတတ်ပါတယ်။ ဒီလက္ခဏာတွေရှိနေရင်တော့ ကျောက်ကပ်တော်တော်လေး ပျက်စီးနေပြီလို့ ယူဆနိုင်ပါတယ်။

 

{Zawgyi}

======

ဆီးခ်ိဳေၾကာင့္ ေက်ာက္ကပ္ ပ်က္စီးရင္ ဘာလကၡဏာေတြ ျပတတ္လဲ

 

ဆီးခ်ိဳေသြးခ်ိဳေရာဂါျဖစ္တာ (၇) ႏွစ္အထက္ ၾကာလာၿပီဆိုရင္ ေက်ာက္ကပ္ကို ထိခိုက္ပ်က္စီးေစႏိုင္ပါတယ္။  မ်ိဳး႐ိုးထဲမွာ ေက်ာက္ကပ္ပ်က္စီးတဲ့ ေရာဂါရာဇဝင္ရွိရင္လည္း ေက်ာက္ကပ္ပိုမို ထိခိုက္ပ်က္စီးႏိုင္ပါတယ္။

 

ေက်ာက္ကပ္ထိခိုက္ပ်က္စီးရျခင္းရဲ႕ အဓိကအေၾကာင္းရင္းကေတာ့ ေသြးထဲမွာ အခ်ိဳဓာတ္ေတြ ႏွစ္ရွည္လမ်ားစြာ မ်ားေနျခင္းေၾကာင့္ပဲျဖစ္ပါတယ္။

 

ေက်ာက္ကပ္ စၿပီးပ်က္စီးစမွာ ေရာဂါလကၡဏာ ဘာမွမရွိဘဲျဖစ္ေနတတ္ပါတယ္။ ေက်ာက္ကပ္ပ်က္စီးမႈအဆင့္ ပိုတိုးလာရင္ေတာ့ ေဖာတာ ေရာင္တာေတြ ျဖစ္လာႏိုင္ပါတယ္။

 

မ်က္လုံးအိမ္ပတ္လည္မွာ ေရာင္ေနမယ္။ ေျခေထာက္ေတြ ေရာင္ေနႏိုင္ပါတယ္။ အစပိုင္းမွာေတာ့ မနက္အိပ္ယာထမွာပဲ ေရာင္ေနတာကို သတိထားမိၿပီး ေနာက္ပိုင္းမွာေတာ့ တစ္ေနကုန္ပဲ ေရာင္ေနတာကို သတိထားမိလာႏိုင္ပါတယ္။

 

ေနာက္ပိုင္းမွာ ဆီးနည္းလာမယ္၊ လႈပ္ရွားရင္ေမာလြယ္လာပါမယ္။ ပိုဆိုးလာရင္ အိပ္ေနတဲ့ အခ်ိန္မ်ိဳးမွာေတာင္ အေမာေဖာက္ႏိုင္ပါတယ္။

 

အစားအေသာက္ေတြပ်က္မယ္၊ ပ်ိဳ႕မယ္၊ အန္မယ္၊ တစ္ကိုယ္လုံးယားယံေနတတ္ပါတယ္။

 

ဒီလကၡဏာေတြရွိေနရင္ေတာ့ ေက်ာက္ကပ္ေတာ္ေတာ္ေလး ပ်က္စီးေနၿပီလို႔ ယူဆႏိုင္ပါတယ္။

 

Sinocare Myanmar

Read times Last modified on Sunday, 10 May 2020 19:03
Rate this item
(1 Vote)