What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 08 March 2019 16:45

အဆီကျိတ် ( Lipoma ) ဆိုတာ ဘာလဲ

အဆီကျိတ်ဆိုသည်မှာအရေပြားအောက် အရေပြားနှင့် ကြွက်သားအလွှာကြားတွင် တဖြည်းဖြည်းချင်းစုပြုံလာသောအဆီလွှာတစ်ခု ဖြစ်ပါတယ်။

လည်ပင်း၊ နောက်ကျော၊ ပခုံး၊ လက်မောင်း နှင့် ပေါင် တို့တွင် မကြာခဏ ဖြစ်ပွားတတ်ပါတယ်။ ထိုကဲ့သို့ အခြား ခန္ဓာကိုယ်အစိတ်အပိုင်းများတွင်လည်း ဖြစ်ပွားနိုင်ပါတယ်။ အဆီကျိတ်သည် ကင်ဆာမဖြစ်စေသောအကျိတ် ဖြစ်ပြီးအရွယ်ရောက်ပြီးသူများတွင် အဖြစ်များပါတယ်။

 

အဆီကျိတ်သည် အရေပြားအောက်လွှာတွင် ပေါ်လာသောမနာကျင်သသည့်ခပ်ပျော့ပျော့အလုံးအခဲအနေဖြင့် စတင်ပေါ်ပေါက် လာပါတယ်။ လူနာများသည် အဆီကျိတ်ရှိနေမှန်းမသိကြပါဘူး။အကျိတ်အများစုသည် ကော်စေးသို့မဟုတ် ရော်ဘာကဲ့သို့ ပျော့စိစိ ဖြစ်နိုင်ပါသည်။အချို့  ကလည်းမာနိုင်ပါတယ်။ ထိုအကျိတ် များသည် ပတ်ဝန်းကျင် နေရာများကိုအလွယ်တကူရွေ့  နိုင်ပါတယ်။

 

အကျိတ်တစ်ခုထက် ပို၍ ဖြစ်နိုင်ပါတယ်။ အကျိတ်သည် အာရုံကြောများအပေါ် ဖိပါကသို့မဟုတ် အကျိတ်ထဲတွင် သွေးကြောအများအပြားရှိပါကနာကျင်မှုကို ဖြစ်စေနိုင်ပါတယ်။ အဆီကျိတ်သည် အရွယ်အစားတွင် ကွဲပြားမှု ရှိနိုင်သော်လည်း ၈စင်တီမီတာထက်ပို၍ကြီးခြင်းမှာရှားပါတယ်။ လက်၊ ခြေ၊ နောက်ကျောနှင့်လည်ပင်းတို့တွင် ဖြစ်ပွားပါတယ်။ အဆီကျိတ်သည် အဆုတ်၊အူမကြီး၊ ရင်သားစသော ခန္ဓာကိုယ် အစိတ်အပိုင်းများတွင် လည်း ဖြစ်နိုင်ပါသည်။ ရောဂါလက္ခဏာများသည် နေရာပေါ် မူတည်၍ ကွဲပြားနိုင်ပါတယ်။

 

အဆီကျိတ်သည် အသက်အရွယ်မရွေးအမျိုးသားများရောအမျိုးသမီးများတွင်ပါ ဖြစ်ပွားနိုင်ပါတယ်။ သို့သော်လည်းအသက် အလယ်အလတ်ခန့် အမျိုးသမီးများတွင် အများအားဖြင့် ဖြစ်ပွားပါတယ်။ ရောဂါ အခြေအနေသည် တစ်ယောက်နှင့် တစ်ယောက် ကွာခြားနိုင်ပါလ။ ရောဂါအဖြေရှာခြင်းကုသခြင်းတို့ ပြုလုပ်ရန် နှင့် သင့်အတွက် အကောင်းဆုံးကုသမှု ရရှိရန် ဆရာဝန်နှင့် အမြဲတိုင်ပင်ပါ။

 

အဆီကျိတ်ဖြစ်စေသောအကြောင်းရင်းကိုမသိရှိသေးပါ။မျိုးဗီဇအချက်များကြောင့်ဖြစ်နိုင်ပါသည်။ပုံမှန်အားဖြင့် အဆီကျိတ်သည် မိသားစုဝင်များတွင် ဖြစ်နိုင်ပါတယ်။ အဆီကျိတ်သည် အန္တရာယ်နည်းသော်လည်းဆရာဝန် သည် အကျိတ်အရည်အိတ်၊ ပြည်တည်နာသို့မဟုတ် ကင် ဆာဖြစ်သောအဆီတစ်ရှူးပုံစံလားဆိုတာစစ်ဆေးရန် လိုအပ်ပါတယ်။ ကင်ဆာဖြစ်စေသောအဆီတစ်ရှူးသည် အရေပြားအောက်တွင် နေရာပြောင်းရွေ့ရန် မလွယ်ပါ။ နာကျင်မှုကို ဖြစ်စေပါတယ်။

 

အဆီကျိတ်သည် အန္တရာယ်နည်းပြီးကုသမှုခံယူရန် မလိုအပ်ပါ။ သို့သော်လည်းအကျိတ်သည် ကြီးထွားလာပါကဆရာဝန်သည် ခွဲစိတ်၍ ဖယ်ထုတ်ခြင်းကိုဆောင်ရွက်ပေးနိုင်ပါတယ်။ အဆီကျိတ်သည် ခွဲစိတ်ကုသ ပြီးနောက် ပြန်လည်ဖြစ်ပွားခြင်းမရှိပါ ။ အဆီများကိုစုပ်ယူ ခြင်းနည်းဖြင့် ဖယ်ရှားနိုင်ပါတယ်။ သို့သော် ထိုနည်းသည် အကျိတ်တစ်ခုလုံးကိုတော့ ဖယ်ရှားမပေးနိုင်ပါ။

 

အောက်ပါ လူနေမှုပုံစံများ နှင့် အိမ်သုံးကုထုံးများသည် အဆီကျိတ်ဖြစ်ခြင်းကိုထိန်းချုပ်နိုင်ပါတယ်။ ခန္ဓာကိုယ်တွင် ဖြစ်သောမည်သည့် အလုံးအဖုကိုမဆိုစစ်ဆေးပါ ။ အဆီကျိတ်သည် အန္တရာယ် နည်းသော်လည်းအခြားအကျိတ်များသည် ပြင်းထန် ကာကုသမှု ခံယူသင့်ပါတယ်။ အဆီကျိတ်တွင် နီရဲခြင်း၊ ရောင်ရမ်းခြင်း နှင့် ပူနွေးခြင်း ဖြစ်ပါကဆရာဝန်ကိုခေါ်ပါ ။ ရောဂါလက္ခဏာများ နှင့် ကျန်းမာရေးတိုးတက်မှု များကိုစောင့်ကြည့်ရန် ချိန်းဆိုမှုများဖြင့် ပြန်လည် စစ်ဆေးပါ။ ဆရာဝန် ညွှန်ကြားချက်ကိုနားထောင်ပါ။ ကိုယ်စိတ်ကူးပေါက်သလိုဆေးသောက်ခြင်း၊ ဆေးရပ်ခြင်းများကိုမပြုလုပ်ရပါ။

 

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ။

Source: hellosayarwon

Health Products Directory

 

Read times Last modified on Friday, 08 March 2019 16:59
Rate this item
(7 votes)