What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 15 June 2022 15:47

ဆီးအိမ်ကျောက်တည်ရခြင်း အကြောင်းရင်း

ဆီးကခန္ဓာကိုယ်အတွင်း မသန့်ရှင်းသော ရေဓာတ် ၊ကိုယ်အပူချိန် များကို လျော့ပေးနိုင်တဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ် ။

“ ယောကျာ်းမှာဆီး မိန်းမမှာ မီး” ဆိုတဲ့စကားပုံအတိုင်း အမျိုးသမီးများမှာ မီးယက် ကြောင့်အသက်ဆုံးရူံးမှု အများဆုံးဖြစ်ပြီး အမျိုးသားအများစုက ဆီးကြောင့် ဝေသနာအများစုကို ခံစားနေရပါတယ်။ ဆီးပုံမှန်သွားခြင်းဖြင့် ခန္ဓာကိုယ်အတွင်းရှိ သန်မာဘတ်တီးရီးယားပိုး များဝင်ရောက်မှုနဲ့ မလိုအပ်သော အညစ်အကြေးများကို ဆီးသွားခြင်းဖြင့်လျော့ချနိုင်ပါတယ်။

ဆီးအိမ်ကျောက်တည်ခြင်းဆိုတာ ဆီးအိမ်ထဲရှိ ဆားဓာတ်တွေက အစိုင်အခဲ များအဖြစ်ပြောင်းလဲပြီး ဆီးအိမ် ၊ ဆီးပြွန် ၊ ကျောက်ကပ်နားတစ်ဝိုက် ကျောက်ပုံစံ အစိုင်အခဲက သေးသေးလေး မှ ၅လက်မ အရွယ်အစား လောက်အထိရှိပြီး ထိုအစိုင်အခဲများပိတ်ဆို့ခြင်းမှ ဆီးအိမ်ကျောက်တည်ခြင်းကို ဖြစ်ပေါ်စေနိုင်ပါတယ်။

အကြောင်းမဲ့ ခါးအောက်ပိုင်း အလွန်နာကျင်ပြီး ဆီးသွားရန်ခက်ခဲနေတယ်ဆို ရင်တော့ ဆီးအိမ်ကျောက်တည် မှုဖြစ်ပေါ်နိုင်ကြောင်း သတိထားဖို့လိုပါတယ်။ ဆီးအိမ်ကျောက်တည်ခြင်းက အသက်အရွယ် ကျား ၊ မ မရွေးဖြစ်ပွားနိုင်သော ရောဂါတစ်ခုဖြစ်ပါတယ်။ ဆီးအိမ်ကျောက်တည်ခြင်းက အမျိုးသားများက အမျိုးသမီးများထက်ဖြစ်ပေါ်လေ့ရှိသော ရောဂါတစ်ခုဖြစ်ပါတယ်။

ဆီးအိမ်ကျောက်တည်ခြင်း လက္ခဏာများ

ဝမ်းဗိုက်အောက်ပိုင်းအောင့်တာ ၊ အမျိုးသားအင်္ဂါ နဲ့ ဝှေးစေ့မှာနာကျင်တာ ၊ ဆီးသွားစဉ် ပူစပ်ပူလောင်ဖြစ်တာ ၊ ဆီးသွားရခက်ခဲတာ ၊ ဆီးတွင်းသွေးပါတာ ၊ ဆီးအနက်ရောင်ဖြစ်တာ ၊ ဆီးခဏခဏသွားချင်တာ ၊ ဆီးကျင်သလိုခံစားရတာ ၊ ချမ်းတုန် အဖျားတတ်တာ နဲ့ ပျို့အန်တာစတဲ့ လက္ခဏာများဖြစ်ပေါ် စေနိုင်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ ပြသသင့်လဲ

အလွန်အောင့်အန်တာ ၊ ခါးအောက်ပိုင်းအလွန်နာကျင်တာ ၊ နာကျင်ပြီး အဖျားတတ်တာ ၊ ဆီးတွင်းသွေးပါတာ ၊ ဆီးခဏခဏသွားချင်ပေမဲ့ ဆီးသွားရန်ခက်ခဲတာ ၊ အမျိုးသားဝှေးစေ့နားတစ်ဝိုက် အလွန်နာကျင်တာ များဖြစ်ပေါ်လာလျှင် ဆရာဝန်နဲ့ ပြသပြီးကုသမှုခံယူပါ။

ဒါအပြင် အပူအစပ်စားတာ ၊ ဖရဲသီးစားတာ ၊ အရက် ၊ ဆေးလိပ်သောက်ခြင်းမှ ရှောင်ကျဉ်တာ ၊ အဆီဓာတ်များများစားခြင်းမှ ရှောင်ကျဉ်တာ ၊ မလိုအပ်ဘဲ ပဋိဇီဝဆေးများအလွန်သုံးဆွဲခြင်းမှ ရှောင်ကျဉ်တာ ၊ ရေသန့် တစ်ရက်ကို အနည်းဆုံး ၁ လီတာ သောက်ပေးတာ ပေးခြင်းဖြင့်လည်း ဆီးအိမ်ကျောက်တည်ခြင်းကို သက်သာနိုင်သလို ကာကွယ်ရာလည်းရောက်ပါတယ်။ တခါတရံ ဆီးအိမ်ကျောက်တည်ခြင်းက မျိးရိုးဗိဇကြောင့်လည်း ဖြစ်ပေါ်စေနိုင်ပါတယ်။

ဆီးအိမ်ကျောက်တည်ခြင်းကို ကုသနည်း

ဆီးအိမ်ကျောက်တည်ခြင်းကို ဖြစ်ပေါ်နေတဲ့ ကျောက်အရွယ်အစားပေါ်မူတည်ပြီး ကုသမှုများပြုလုပ် နိုင်ပါတယ်။ ကျောက်အရွယ်အစား သေးငယ်လျှင်ရေများများသောက်ခြင်းဖြင့် ဆီးသွားချိန်တွင် ပါသွားနိုင်သလို ၊ ကျောက်အရွယ်အစားကြီးရင် ခွဲစိတ်ဖယ်ရှားတာ ၊ ဆီးလမ်းကြောင်းကြည့်မှန်သုံးပြီး ဖယ်ရှားတာ ၊ tamsulion or calcium channel blockers စတဲ့ဆေးများစားတာ ၊ အရောပြားအပေါက်ဖောက်ပြီး ြွပန်ထည့်ခြင်း နည်းလမ်းများသုံးတာ စတဲ့နည်းလမ်းများကို ဆရာဝန် ရဲ့လမ်းညွှန်ချက်အတိုင်း လိုက်ဆောင်ရွက် ကုသနိုင်ပါတယ်။

Written By Health Products Directory

Read times
Rate this item
(0 votes)