What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 10 April 2019 13:05

မျက်သားတက်ရောဂါ အကြောင်း သိကောင်းစရာ

မျက်စိနှင့် ပက်သက်သော ရောဂါများတွင် အဖြစ်များလာနေသော ရောဂါတစ်ခုမှာ မျက်သားတက်သည့်ရောဂါ ဖြစ်ပြီး ယင်းရောဂါသည် နာကျင်ခံစားရမှု မရှိသည့် ရောဂါဖြစ်ခြင်းကြောင့် ဂရုမပြုမိတတ်ကြသဖြင့် ခွဲစိတ်ကုသရမည့် အခြေအနေမျိုးတွင်သာ တွေ့ရှိ ကုသရမှု များလာနေတာကို တွေ့ရပါတယ်။

ယင်းအခြေအနေများကြောင့် အဆိုပါ မျက်သားတက်ခြင်းရောဂါကို သိရှိ ကာကွယ်နိုင်ရန်အတွက် ဖော်ပြပေးလိုက်ပါတယ်။  မျက်သားတက်ရောဂါ (PTERYGIUM) ဆိုတာ မျက်စိမှာရှိတဲ့ အဖြူသားပေါ်က အမည်းလေးကို (CONJUNCD-IVA) လို့ခေါ်ပါတယ်။ အဲဒီအမည်းလေးက ထူလာပြီးတော့ မျက်အနက်ထဲကို တိုးလာတာပေါ့။ မျက်ကြည်လွှာ(CORNEA) ပေါ်တိုးဝင်လာတာကို မျက်သားတက်တယ်လို့ ခေါ်ပါတယ်။ PTERYGIUM လို့ ဆေးပညာအရ ခေါ်ပါတယ်။

 

ရောဂါလက္ခဏာတွေ

ရောဂါ၏ လက္ခဏာများမှာ ဖြစ်ကာစတွင် မသိသာသော်လည်း နောက်ပိုင်းတွင် မျက်စိနီလာခြင်း ၊ ခေါင်းလျှော်ခြင်းနှင့် ရေချိုးပြီးစ အချိန်များတွင် သာမန်ထက် မျက်စိနီနေခြင်း၊ မျက်စိထဲသို့ တစ်စုံတစ်ခု ဝင်နေသကဲ့သို့ ခံစားရခြင်းများ ဖြစ်တတ်ပြီး မကုသဘဲထားပါက နောက်ပိုင်းတွင် မြင်ကွင်းထိခိုက်ခြင်းမျိုး ခံစားရတတ်ပါတယ်။

 

ဒီလို ကုသနိုင်တယ် မျက်စိနီခြင်းကို သက်သာ ပျောက်ကင်းစေရန်အတွက် သင့်တော်သော မျက်စဉ်းခတ်ခြင်းမျိုးနှင့် ကုသနိုင်ပြီး မျက်သားမှာ ပိုမိုထူစွာ တက်လာပါက လွှာပေးခြင်းဖြင့် ကုသနိုင်ပါတယ်။ မျက်ကြည်လွှာပေါ် တက်နေတဲ့ မျက်သားက အစကိုင်ပြီး လွှာပေးလိုက်တယ်၊ ဖြတ်လိုက်တယ်။ မျက်စိမှာပဲ ရှိနေတဲ့ အခြားနေရာရဲ့ မျက်မှေးကောင်းတဲ့ မျက်မှေးကိုယူပြီး အစားထိုးတာနဲ့ ကုတယ်။ အဲဒီ ခွဲစိတ်ကုသမှုက အကောင်းဆုံးပဲ။ အစားမထိုးဘဲနဲ့လဲ တက်လာတဲ့ မျက်သားကို ဖြတ်ပြီးတော့ ကုတာလဲ ရှိပါတယ်။

 

မျက်သားတက်တာ ပြန်ဖြစ်နိုင်လား

မျက်သားတက်ခြင်းမှာ ကုသပြီးသော်လည်း ပြန်လည်ဖြစ်နိုင်ခြေ ၂၅ ရာခိုင်နှုန်းခန့် ရှိတဲ့အတွက် တတ်ကျွမ်းနားလည်သော ဆရာဝန်များနှင့် မကြာခဏ ပြသရန် လိုအပ်ပါတယ်။ များသောအားဖြင့် တောင်ပေါ်ဒေသများတွင် နေထိုင်သူများ ၊ နေပူထဲတွင် အလုပ် လုပ်နေသူများနှင့် နေရောင်ခြည်နှင့် နီးစပ်သော လုပ်ငန်းများတွင် လုပ်ကိုင်သူများ တောင်သူ လယ်သမားများတွင် ပိုမို အဖြစ်များနိုင်ပါတယ်။

 

ဘယ်လိုကာကွယ်မယ်

နေပူထဲသွားပါက အမိုးအကာနှင့် သွားရန်လိုအပ်ပြီး နေရောင်ခြည်နှင့် တိုက်ရိုက်အလုပ်လုပ်သည့် သူများအနေဖြင့် နေကာမျက်မှန် တပ်ခြင်း၊ ကွန်ပျူတာကို သုံးပြီးတိုင်း မျက်စိအနားပေးခြင်း၊ ပဲ၊ ငါးနှင့် ဟင်းသီးဟင်းရွက် များများစားသုံးခြင်း၊ အိပ်ရေးပျက်ခံခြင်း၊ ခရီးများ မကြာခဏ သွားခြင်းမျိုးကို ရှောင်ကြဉ်ခြင်းတို့ဖြင့် ကာကွယ်နိုင်ပါတယ်။ မျက်စိမနာသော်လည်း မကြာခဏဆိုသလိုပင် မျက်စိများ နီနေခြင်း၊ ရေချိုးခြင်းနှင့် ခေါင်းလျှော်ခြင်းများ ပြုလုပ်ပြီးပါက မျက်စိနီနေသူများ အနေဖြင့် နီးစပ်ရာ ဆေးခန်းများသို့ ချက်ချင်းသွားရောက် ပြသသင့်ပါတယ်။

YANGON TIMES JOURNAL

 

(Zawgyi)

======

မ်က္သားတက္ေရာဂါ အေၾကာင္း သိေကာင္းစရာ

မ်က္စိႏွင့္ ပက္သက္ေသာ ေရာဂါမ်ားတြင္ အျဖစ္မ်ားလာေနေသာ ေရာဂါတစ္ခုမွာ မ်က္သားတက္သည့္ေရာဂါ ျဖစ္ၿပီး ယင္းေရာဂါသည္ နာက်င္ခံစားရမႈ မရွိသည့္ ေရာဂါျဖစ္ျခင္းေၾကာင့္ ဂ႐ုမျပဳမိတတ္ၾကသျဖင့္ ခြဲစိတ္ကုသရမည့္ အေျခအေနမ်ဳိးတြင္သာ ေတြ႕ရွိ ကုသရမႈ မ်ားလာေနတာကို ေတြ႕ရပါတယ္။ ယင္းအေျခအေနမ်ားေၾကာင့္ အဆိုပါ မ်က္သားတက္ျခင္းေရာဂါကို သိရွိ ကာကြယ္ႏိုင္ရန္အတြက္ ေဖာ္ျပေပးလိုက္ပါတယ္။

 

မ်က္သားတက္ေရာဂါ (PTERYGIUM) ဆိုတာ မ်က္စိမွာရွိတဲ့ အျဖဴသားေပၚက အမည္းေလးကုိ (CONJUNCD-IVA) လို႔ေခၚပါတယ္။ အဲဒီအမည္းေလးက ထူလာၿပီးေတာ့ မ်က္အနက္ထဲကို တိုးလာတာေပါ့။ မ်က္ၾကည္လႊာ(CORNEA) ေပၚတိုးဝင္လာတာကို မ်က္သားတက္တယ္လို႔ ေခၚပါတယ္။ PTERYGIUM လို႔ ေဆးပညာအရ ေခၚပါတယ္။

 

ေရာဂါလကၡဏာေတြ

ေရာဂါ၏ လကၡဏာမ်ားမွာ ျဖစ္ကာစတြင္ မသိသာေသာ္လည္း ေနာက္ပိုင္းတြင္ မ်က္စိနီလာျခင္း ၊ ေခါင္းေလွ်ာ္ျခင္းႏွင့္ ေရခ်ဳိးၿပီးစ အခ်ိန္မ်ားတြင္ သာမန္ထက္ မ်က္စိနီေနျခင္း၊ မ်က္စိထဲသို႔ တစ္စံုတစ္ခု ဝင္ေနသကဲ့သို႔ ခံစားရျခင္းမ်ား ျဖစ္တတ္ၿပီး မကုသဘဲထားပါက ေနာက္ပိုင္းတြင္ ျမင္ကြင္းထိခိုက္ျခင္းမ်ဳိး ခံစားရတတ္ပါတယ္။

 

ဒီလို ကုသႏိုင္တယ္

မ်က္စိနီျခင္းကို သက္သာ ေပ်ာက္ကင္းေစရန္အတြက္ သင့္ေတာ္ေသာ မ်က္စဥ္းခတ္ျခင္းမ်ဳိးႏွင့္ ကုသႏိုင္ၿပီး မ်က္သားမွာ ပိုမိုထူစြာ တက္လာပါက လႊာေပးျခင္းျဖင့္ ကုသႏိုင္ပါတယ္။ မ်က္ၾကည္လႊာေပၚ တက္ေနတဲ့ မ်က္သားက အစကိုင္ၿပီး လႊာေပးလိုက္တယ္၊ ျဖတ္လိုက္တယ္။ မ်က္စိမွာပဲ ရွိေနတဲ့ အျခားေနရာရဲ႕ မ်က္ေမွးေကာင္းတဲ့ မ်က္ေမွးကိုယူၿပီး အစားထိုးတာနဲ႔ ကုတယ္။ အဲဒီ ခြဲစိတ္ကုသမႈက အေကာင္းဆံုးပဲ။ အစားမထိုးဘဲနဲ႔လဲ တက္လာတဲ့ မ်က္သားကို ျဖတ္ၿပီးေတာ့ ကုတာလဲ ရွိပါတယ္။

 

မ်က္သားတက္တာ ျပန္ျဖစ္ႏိုင္လား

မ်က္သားတက္ျခင္းမွာ ကုသၿပီးေသာ္လည္း ျပန္လည္ျဖစ္ႏိုင္ေျခ ၂၅ ရာခုိင္ႏႈန္းခန္႔ ရွိတဲ့အတြက္ တတ္ကၽြမ္းနားလည္ေသာ ဆရာဝန္မ်ားႏွင့္ မၾကာခဏ ျပသရန္ လိုအပ္ပါတယ္။ မ်ားေသာအားျဖင့္ ေတာင္ေပၚေဒသမ်ားတြင္ ေနထိုင္သူမ်ား ၊ ေနပူထဲတြင္ အလုပ္ လုပ္ေနသူမ်ားႏွင့္ ေနေရာင္ျခည္ႏွင့္ နီးစပ္ေသာ လုပ္ငန္းမ်ားတြင္ လုပ္ကိုင္သူမ်ား ေတာင္သူ လယ္သမားမ်ားတြင္ ပိုမို အျဖစ္မ်ားႏိုင္ပါတယ္။

 

ဘယ္လိုကာကြယ္မယ္

ေနပူထဲသြားပါက အမိုးအကာႏွင့္ သြားရန္လိုအပ္ၿပီး ေနေရာင္ျခည္ႏွင့္ တိုက္႐ိုက္အလုပ္လုပ္သည့္ သူမ်ားအေနျဖင့္ ေနကာမ်က္မွန္ တပ္ျခင္း၊ ကြန္ပ်ဴတာကို သံုးၿပီးတိုင္း မ်က္စိအနားေပးျခင္း၊ ပဲ၊ ငါးႏွင့္ ဟင္းသီးဟင္းရြက္ မ်ားမ်ားစားသံုးျခင္း၊ အိပ္ေရးပ်က္ခံျခင္း၊ ခရီးမ်ား မၾကာခဏ သြားျခင္းမ်ဳိးကို ေရွာင္ၾကဥ္ျခင္းတို႔ျဖင့္ ကာကြယ္ႏိုင္ပါတယ္။ မ်က္စိမနာေသာ္လည္း မၾကာခဏဆိုသလိုပင္ မ်က္စိမ်ား နီေနျခင္း၊ ေရခ်ဳိးျခင္းႏွင့္ ေခါင္းေလွ်ာ္ျခင္းမ်ား ျပဳလုပ္ၿပီးပါက မ်က္စိနီေနသူမ်ား အေနျဖင့္ နီးစပ္ရာ ေဆးခန္းမ်ားသို႔ ခ်က္ခ်င္းသြားေရာက္ ျပသသင့္ပါတယ္။

 

YANGON TIMES JOURNAL

Read times Last modified on Saturday, 25 January 2020 15:57
Rate this item
(1 Vote)