What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 12 July 2019 16:19

အႏၲရာယ္မရွိတ့ဲ ရင္သားအႀကိတ္

ရင္သားကင္ဆာဆိုတာကေတာ့ မိန္းကေလးတိုင္း ေၾကာက္ၾကတဲ့ လကၡဏာပဲ ျဖစ္ပါတယ္။

ဒါေပမ့ဲ အႀကိတ္တစ္ခုစမ္းမိတိုင္း ကင္ဆာပဲ ဆိုၿပီး ေတြးေၾကာက္ေနဖို႔ မလိုပါဘူး။ ရင္သားမွာ အႀကိတ္လိုမ်ိဳးျဖစ္ေပၚတာက ေဟာ္မုန္းအေျပာင္းအလဲအခ်ိန္ ၊ ဥပမာ ဓမၼတာျဖစ္တ့ဲ အခ်ိန္မ်ိဳးမွာလည္း ျဖစ္တတ္ပါတယ္။ ဒါေပမ့ဲ အသက္ ၃၅ ႏွစ္ကေန အသက္ ၅၀ အတြင္းကေတာ့ အျဖစ္မ်ားေလ့ ရွိတတ္ပါတယ္။ ဒါေၾကာင့္ ဘယ္အရြယ္ျဖစ္ျဖစ္ မေပါ့ဆသင့္ဘူး။

 

ရင္သားကင္ဆာဆိုရင္ ေရာဂါအေျခအေနဆိုးေနၿပီျဖစ္တ့ဲ အခ်ိန္မ်ိဳးမွာ ခႏၶာကိုယ္မွာရွိတ့ဲ တျခားအစိတ္ အပိုင္းေတြကိုပါ ကင္ဆာဆဲလ္ပ်ံ႕ႏွံ႔တတ္ေပမ့ဲ ဒီအႀကိတ္ကေတာ့ အႏၲရာယ္မရွိဘူးလို႔ ေျပာတ့ဲအတိုင္း တျခားအပိုင္းေတြကို ပ်ံ႕သြားတာမ်ိဳးေတာ့မရွိပါဘူး။

 

ရင္သားႏွစ္ဖက္လံုးမွာျဖစ္တ့ဲ အရည္အိတ္လိုမ်ိဳး အႀကိတ္လည္း ရွိသလို ၊ စမ္းၾကည့္လိုက္တာ နဲ႔ သိသာတ့ဲ ခပ္မာမာအႀကိတ္လံုးေတြလည္း ျဖစ္တတ္ပါတယ္။ ေနာက္ၿပီး ႂကြက္ႏို႔လိုပံုစံမ်ိဳးလည္း ျဖစ္တတ္တယ္။ ျပင္ပဒဏ္ရာေၾကာင့္လည္း အဆီႀကိတ္လိုပံုစံမ်ိဳး ျဖစ္ႏိုင္ေသးတယ္။ ဒုတိယတစ္မ်ိဳးကေတာ့ အျဖစ္အမ်ားဆံုးလို႔ ေျပာလို႔ ရပါတယ္။

 

ဒီလိုအႀကိတ္မ်ိဳးေတြက အမ်ိဳးသမီးအမ်ားစုျဖစ္တတ္တာေၾကာင့္ စိုးရိမ္စရာ မရွိသလို ဒါေပမ့ဲ ဆရာဝန္ နဲ႔ ေသခ်ာျပၾကည့္ၿပီး ကင္ဆာဟုတ္မဟုတ္ စစ္ေဆးဖို႔ေတာ့ လိုတာပါတယ္ ။ မေပါ့ဆတာေတာ့ အေကာင္းဆံုးေပါ့။

VISION CARE EYE CENTER (ဗီြးရွင္းကဲ မ်က္စိေဆးရံု)အေၾကာင္း ဖတ္ရႈရင္ " ႏွိပ္ " ပါ။

VISION CARE EYE CENTER (ဗီြးရွင္းကဲ မ်က္စိေဆးရံု)

 

အမ်ားအားျဖင့္ေတာ့ ဒီလိုအႀကိတ္မ်ိဳးေတြက နာက်င္မႈမရွိပါဘူး။ ဒါေပမ့ဲ တခ်ိဳ႕ဟာေတြက်ေတာ့လည္း ရင္သားထိပ္ (nipple) ကေန ေသြးထြက္တာမ်ိဳးရွိပါတယ္။ တစ္ခုနဲ႔တစ္ခု မတူတာမို႔လို႔ ပံုေသေတာ့ေျပာလို႔ မရဘူး ။

 

အရည္အိတ္ကေတာ့ ၾကာရင္ သူ႔ဘာသာလည္းေပ်ာက္သြားတာမ်ိဳးရွိတက္ျပီး မခြဲရင္လည္း အဆင္ေျပေပမ့ဲ ေၾကာက္လို႔ ရွင္းရွင္းလင္းလင္းျဖစ္သြားေအာ င္ ထုတ္ခ်င္ရင္လည္း ရပါတယ္။ ကိုယ့္မွာျဖစ္တ့ဲအႀကိတ္အမ်ိဳး အစားေပၚမွာ မူတည္ၿပီး ဆရာဝန္က အေကာင္းဆံုးကို လမ္းၫႊန္ေပးပါလိမ့္မယ္။ အ့ဲဒါေၾကာင့္ တစ္ခုခုမူမမွန္ဘူးလို႔ ထင္ေနရင္ ေဆးခန္းျပဖို႔အတြက္ မရွက္ဖို႔ေတာ့ လိုပါလိမ့္မယ္။

 

မိခင္ႏို႔တိုက္တ့ဲ ေမေမေတြဆိုရင္လည္း ရင္သားထိပ္က တစ္ဆင့္ဝင္ေရာက္လာတ့ဲ ဘတ္တီးရီးယားေၾကာင့္ အ့ဲလိုအႀကိတ္မ်ိဳးျဖစ္တတ္ပါတယ္။ အဓိကကေတာ့ ကိုယ့္ရင္သားမွာ ေနရာတစ္ေနရာေလးပဲကြက္ၿပီး အသားအေရအေရာင္ေျပာင္းေနသလား ၊ နီေနသလား ၊ အဖုလိုလို ျဖစ္ေနသလား ဆိုတာကိုပဲ ေသခ်ာဂ႐ုစိုက္ၿပီး ကိုယ့္ဘာသာကိုယ္ အရင္စစ္ေဆးသင့္ပါတယ္။

အႀကိတ္အမ်ားစုကေတာ့ သာမန္အႏၲရာယ္မရွိတ့ဲ အႀကိတ္ေတြမို႔ တကယ္လို႔ အႀကိတ္စမ္းမိခ့ဲရင္ အရမ္းလည္း အစိုးရိမ္မလြန္ဖို႔ လိုပါလိမ့္မယ္။ အေရးႀကီးဆံုးကေတာ့ တစ္ခုခုမသကၤာဘူးဆိုတာနဲ႔ စိတ္ထဲမွာသိမ္းထားမ့ဲအစား မိသားစုကို ဖြင့္ေျပာၿပီး ဆရာဝန္နဲ႔ အျမန္ဆံုးျပဖို႔ လိုပါလိမ့္မယ္။ 

 

Source: For Her Myanmar

 

{Unicode}

=========

အန္တရာယ်မရှိတဲ့ ရင်သားအကြိတ်

ရင်သားကင်ဆာဆိုတာကတော့ မိန်းကလေးတိုင်း ကြောက်ကြတဲ့ လက္ခဏာပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ အကြိတ်တစ်ခုစမ်းမိတိုင်း ကင်ဆာပဲ ဆိုပြီး တွေးကြောက်နေဖို့ မလိုပါဘူး။ ရင်သားမှာ အကြိတ်လိုမျိုးဖြစ်ပေါ်တာက ဟော်မုန်းအပြောင်းအလဲအချိန် ၊ ဥပမာ ဓမ္မတာဖြစ်တဲ့ အချိန်မျိုးမှာလည်း ဖြစ်တတ်ပါတယ်။ ဒါပေမဲ့ အသက် ၃၅ နှစ်ကနေ အသက် ၅၀ အတွင်းကတော့ အဖြစ်များလေ့ ရှိတတ်ပါတယ်။ ဒါကြောင့် ဘယ်အရွယ်ဖြစ်ဖြစ် မပေါ့ဆသင့်ဘူး။

 

ရင်သားကင်ဆာဆိုရင် ရောဂါအခြေအနေဆိုးနေပြီဖြစ်တဲ့ အချိန်မျိုးမှာ ခန္ဓာကိုယ်မှာရှိတဲ့ တခြားအစိတ် အပိုင်းတွေကိုပါ ကင်ဆာဆဲလ်ပျံ့နှံ့တတ်ပေမဲ့ ဒီအကြိတ်ကတော့ အန္တရာယ်မရှိဘူးလို့ ပြောတဲ့အတိုင်း တခြားအပိုင်းတွေကို ပျံ့သွားတာမျိုးတော့မရှိပါဘူး။ ရင်သားနှစ်ဖက်လုံးမှာဖြစ်တဲ့ အရည်အိတ်လိုမျိုး အကြိတ်လည်း ရှိသလို ၊ စမ်းကြည့်လိုက်တာ နဲ့ သိသာတဲ့ ခပ်မာမာအကြိတ်လုံးတွေလည်း ဖြစ်တတ်ပါတယ်။ နောက်ပြီး ကြွက်နို့လိုပုံစံမျိုးလည်း ဖြစ်တတ်တယ်။ ပြင်ပဒဏ်ရာကြောင့်လည်း အဆီကြိတ်လိုပုံစံမျိုး ဖြစ်နိုင်သေးတယ်။ ဒုတိယတစ်မျိုးကတော့ အဖြစ်အများဆုံးလို့ ပြောလို့ ရပါတယ်။

 

ဒီလိုအကြိတ်မျိုးတွေက အမျိုးသမီးအများစုဖြစ်တတ်တာကြောင့် စိုးရိမ်စရာ မရှိသလို ဒါပေမဲ့ ဆရာဝန် နဲ့ သေချာပြကြည့်ပြီး ကင်ဆာဟုတ်မဟုတ် စစ်ဆေးဖို့တော့ လိုတာပါတယ် ။ မပေါ့ဆတာတော့ အကောင်းဆုံးပေါ့။ အများအားဖြင့်တော့ ဒီလိုအကြိတ်မျိုးတွေက နာကျင်မှုမရှိပါဘူး။ ဒါပေမဲ့ တချို့ဟာတွေကျတော့လည်း ရင်သားထိပ် (nipple) ကနေ သွေးထွက်တာမျိုးရှိပါတယ်။ တစ်ခုနဲ့တစ်ခု မတူတာမို့လို့ ပုံသေတော့ပြောလို့ မရဘူး ။

 

အရည်အိတ်ကတော့ ကြာရင် သူ့ဘာသာလည်းပျောက်သွားတာမျိုးရှိတက်ပြီး မခွဲရင်လည်း အဆင်ပြေပေမဲ့ ကြောက်လို့ ရှင်းရှင်းလင်းလင်းဖြစ်သွားအော င် ထုတ်ချင်ရင်လည်း ရပါတယ်။ ကိုယ့်မှာဖြစ်တဲ့အကြိတ်အမျိုး အစားပေါ်မှာ မူတည်ပြီး ဆရာဝန်က အကောင်းဆုံးကို လမ်းညွှန်ပေးပါလိမ့်မယ်။ အဲ့ဒါကြောင့် တစ်ခုခုမူမမှန်ဘူးလို့ ထင်နေရင် ဆေးခန်းပြဖို့အတွက် မရှက်ဖို့တော့ လိုပါလိမ့်မယ်။

 

မိခင်နို့တိုက်တဲ့ မေမေတွေဆိုရင်လည်း ရင်သားထိပ်က တစ်ဆင့်ဝင်ရောက်လာတဲ့ ဘတ်တီးရီးယားကြောင့် အဲ့လိုအကြိတ်မျိုးဖြစ်တတ်ပါတယ်။ အဓိကကတော့ ကိုယ့်ရင်သားမှာ နေရာတစ်နေရာလေးပဲကွက်ပြီး အသားအရေအရောင်ပြောင်းနေသလား ၊ နီနေသလား ၊ အဖုလိုလို ဖြစ်နေသလား ဆိုတာကိုပဲ သေချာဂရုစိုက်ပြီး ကိုယ့်ဘာသာကိုယ် အရင်စစ်ဆေးသင့်ပါတယ်။

 

အကြိတ်အများစုကတော့ သာမန်အန္တရာယ်မရှိတဲ့ အကြိတ်တွေမို့ တကယ်လို့ အကြိတ်စမ်းမိခဲ့ရင် အရမ်းလည်း အစိုးရိမ်မလွန်ဖို့ လိုပါလိမ့်မယ်။ အရေးကြီးဆုံးကတော့ တစ်ခုခုမသင်္ကာဘူးဆိုတာနဲ့ စိတ်ထဲမှာသိမ်းထားမဲ့အစား မိသားစုကို ဖွင့်ပြောပြီး ဆရာဝန်နဲ့ အမြန်ဆုံးပြဖို့ လိုပါလိမ့်မယ်။

Source: For Her Myanmar

Read times Last modified on Saturday, 28 December 2019 15:16
Rate this item
(2 votes)