What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 28 March 2018 17:16

Dehydration (ရေဓာတ်ဆုံးရှုံးခြင်း) ဆိုသည်မှာ…

Dehydration (ရေဓာတ်ဆုံးရှုံးခြင်း) ဆိုသည်မှာ… google.com

ရေဓာတ်ဆုံးရှုံးခြင်း ဆိုတာ မိမိသောက်သုံးတဲ့ရေပမာဏထက် ဆုံးရှုံးမှုကပိုများနေတဲ့အခါ ဖြစ်လာတဲ့ အခြေအနေတစ်ခု ဖြစ်ပါတယ်။

ဒီလိုမမျှတမှုဟာ သွေးထဲက ဆား၊ သတ္တုဓာတ်နဲ့ သကြားပမာဏတွေကို ကမောက်ကမ ဖြစ်စေပါတယ်။ ဒါဆိုရင်ခန္ဓာကိုယ်ရဲ့ လုပ်ငန်းဆောင်တာတွေဟာ ထိခိုက်လာပြီး အလွန်အန္တရာယ်များစေပါတယ်။

ရေဓာတ်ဆုံးရှုံးခြင်းဟာ အလွန်အဖြစ်များပါတယ်။ အသက်အရွယ်မရွေးဖြစ်နိုင်ပါတယ်။ ကျွန်ုပ်တို့ နေ့စဉ် အသက်ရှူထုတ်တိုင်း ရေဓာတ်ဟာ ကျွန်ုပ်တို့ ခန္ဓာကိုယ် ကနေ ဆုံးရှုံးသွားပါတယ်။ ကျွန်ုပ်တို့ရဲ့နေ့စဉ် ချွေး၊ ဆီး၊ ဝမ်းတွေမှာလည်း ရေဓာတ်တွေပါသွားပါတယ်။

တကယ်လို့သာ ကျွန်ုပ်တို့ဟာ ဆုံးရှုံးသွားတဲ့ ရေဓာတ်ပမာဏကို လုံလောက်သော ရေ(သို့) အရည်များနဲ့ ပြန်လည် မဖြည့်တင်းနိုင်လျှင် ရေဓာတ်ချို့တဲ့ခြင်းကို ခံစားရပါလိမ့်မယ်။
Dehydration (ရေဓာတ်ဆုံးရှုံးခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ

ရေဓာတ်ဆုံးရှုံးခြင်းရဲ့ အဖြစ်အများဆုံး လက္ခဏာတွေကတော့
• ရေအလွန်အမင်းငတ်ခြင်း
• မူးဝေခြင်း (သို့) အထိုင်အထတွင် မိုက်ခနဲဖြစ်ခြင်း
• ရင်တုန်ခြင်း
• ဆီးနည်းလာခြင်း
• အာခေါင်ခြောက်ခြင်း
• ဆီးအရောင်ရင့်ခြင်း( အဝါရောင်ရင့်ရင့်)
• ကြွက်သားများအားနည်းခြင်း
• အရေပြားခြောက်သွေ့ခြင်း စတာတွေဖြစ်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

ရေဓာတ်ဆုံးရှုံးခြင်းဟာ အဖြစ်များသော်လည်း မကုသဘဲထားလျှင် အလွန်အန္တရာယ်ရှိပါတယ်။

အောက်ဖော်ပြပါအချက်အလက်တွေထဲက တစ်ခုခုရှိခဲ့ရင် သင့်ဆရာဝန်နဲ့ ဆက်သွယ်သင့်ပါတယ်။

• ဖျားခြင်း
• နှစ်ရက်ထက်ပို၍ ဝမ်းလျှောခြင်း
• ဆီးနည်းလာခြင်း
• ကယောင်ကတမ်းဖြစ်ခြင်း
• အားနည်းနေခြင်း
• အာရုံစူးစိုက်၍ မရခြင်း
• မူးမေ့ခြင်း
• ရင်ဘတ် (သို့) ဗိုက်နာခြင်း စတာတွေဖြစ်ပါတယ်။

Dehydration (ရေဓာတ်ဆုံးရှုံးခြင်း) ကိုဘာတွေကဖြစ်စေသလဲ

ရေဓာတ်ဆုံးရှုံးခြင်းဟာ များသောအားဖြင့် လုံလောက်တဲ့ အရည်ပမာဏကို မသောက်သုံးလို့ ဖြစ်ပါတယ်။ အခြားအချက်တွေ အနေနဲ့ကတော့ ရာသီဥတု၊ လှုပ်ရှားသွားလာမှုနဲ့ အစားအသောက် စတာတွေပေါ်လည်း မူတည်ပါတယ်။ ဒါ့အပြင် ကြာရှည်ဝမ်းလျှောခြင်း၊ အန်ခြင်းနဲ့ ဆီးချိုရောဂါ စတာတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။

 Dehydration (ရေဓာတ်ဆုံးရှုံးခြင်း) ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ

မွေးကင်းစ ကလေးတွေနဲ့ ကလေးငယ်တွေမှာ ရေဓာတ်ဆုံးရှုံးမှုပိုဖြစ်နိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့လေးတွေဟာ ကိုယ်အလေးချိန်နည်းတဲ့အတွက် ရေဓာတ်အနည်းငယ်မျှ ဆုံးရှုံးရုံနဲ့ ပိုသိသိသာသာ ခံစားရနိုင်ပါတယ်။
သက်ကြီးရွယ်အိုတွေဟာလည်း ရေဓာတ်ဆုံးရှုံးမှုဖြစ်ဖို့ ပိုအခွင့်အလမ်းများပါတယ်။

ဘာကြောင့်လဲဆိုတော့ သူတို့ဟာ ရေသောက်ဖို့ မေ့နေတတ်သလို ရေသောက်ဖို့ လိုနေတယ်ဆိုတာ
မသိကြလို့ပဲ ဖြစ်ပါတယ်။
ဆီးချိုရောဂါရှိသူ၊ ကျောက်ကပ်ရောဂါရှိသူနဲ့ အရက်စွဲသူများလို နာတာရှည်ရောဂါသည်များ သည်လည်း ရေဓာတ်ဆုံးရှုံးခြင်းကို ခံစားရလေ့ရှိပါတယ်။
အားကစားသမားများ အထူးသဖြင့် မာရသွန်ပြေးပွဲ၊ ရေကူး၊ မြင်းစီးပြိုင်ပွဲများနဲ့ ပြိုင်ပွဲပေါင်းစုံတွင် ဝင်ရောက်ယှဉ်ပြိုင်သူ များမှာ ချွေးမှတစ်ဆင့် ခန္ဓာကိုယ်မှ အရည်များ ဆုံးရှုံးသွားနိုင်ပါတယ်။
ဆောက်လုပ်ရေးဆိုက်ထဲမှ အလုပ်သမားများကဲ့သို့ လက်ရုံးအားကိုးရသူများဟာလည်း နေနဲ့ ပုံမှန်ထိတွေ့ပြီး ချွေးထွက်ခြင်းမှတစ်ဆင့် ရေဓာတ်ဆုံးရှုံးရလေ့ရှိပါတယ်။

ခန္ဓာကိုယ်မှ ရေဓာတ်ဆုံးရှုံးမှုကိုဖြည့်တင်းဖို့ရာ ရေ၊ သခွားမွှေး၊ ဖျော်ရည်စတဲ့ အရည်များများကို သောက်ပေးဖို့ လိုပါတယ်။ သို့သော် ကဖင်းဓာတ်ပါသော၊ အမြုပ်ထသော သောက်စရာများကိုတော့ ရှောင်ကြဉ်ပါ။ မွေးကင်းစနဲ့ ကလေးငယ်လေးတွေမှာ ရေဓာတ်ချို့တဲ့လာရင် ရေမတိုက်သင့်ပါဘူး။

ဘာကြောင့်လဲဆိုတော့ ခနွာကိုယ်ထဲမှာ နည်းပြီးသားဖြစ်နေတဲ့ ဓာတ်ဆားနဲ့ သတ္တုဓာတ်တွေကို အားပိုပျော့အောင် လုပ်သလို ဖြစ်နေပါလိမ့်မယ်။ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့အစည်းက ပိုတက်စီယမ်၊ ဆားနဲ့ သကြား ရောထားတဲ့ ရေဓာတ်အားဖြည့် ဓာတ်ဆားရည်ကို သောက်သုံးပြီး ကိုယ်တွင်းရေဓာတ်များ ပြန်လည်ရရှိဖို့ ထောက်ခံလမ်းညွန်ထားပါတယ်။

Source: hello sayarwon

ခရမ်းလွန်ရောင်ခြည်သတိပေးနှိုးဆော်ချက်
***Read: ခရမ်းလွန်ရောင်ခြည်သတိပေးနှိုးဆော်ချက်***
Read times Last modified on Friday, 30 March 2018 18:01
Rate this item
(0 votes)