What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Thursday, 06 February 2020 19:09

(၆-၂-၂၀၂၀ ရက်နေ့၊ ညနေ (၆း၄၅) နာရီ) 2019-nCoV acute respiratory disease ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့် ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း

၁။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည်

2019-nCoV လတ်တလောအသက်ရှု လမ်းကြောင်းဆိုင်ရာရောဂါ စောင့်ကြပ်ကြည့်ရှမှုနှင့် ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိရာ ယနေ့ (၆-၂-၂၀၂၀) ရက်နေ့၊ နံနက်အထိ သံသယလူနာ (၂) ဦးအပါအဝင် လူနာ (၁၀) ဦး တို့အား ဆေးရုံများတွင် ဆက်လက်၍စောင့်ကြပ်ကြည့်ရှု ကုသမှုပေးခဲ့ပါသည်။ 

 

၂။ အဆိုပါ စောင့်ကြပ်ကြည့်ရှုကုသမှုခံယူနေသော လူနာများအနက် - 

 

(၁) လွိုင်ကော် ပြည်သူ့ဆေးရုံမှ အသက်(၂)နှစ်(၂)လအရွယ် ကလေးငယ် (မ) တစ်ဦး၊  

(၂) ဝေဘာဂီအထူးကုဆေးရုံမှ အသက် (၁၅) နှစ်အရွယ် ကလေး (ကျား) တစ်ဦး၊

(၃) ကျိုင်းတုံပြည်သူ့ဆေးရုံကြီးမှ အသက် (၁) နှစ်၊ (၂) လ အရွယ်ရှိ ကလေးငယ် (မ) တစ်ဦးနှင့်

(၄) နေပြည်တော် ခုတင် (၁၀၀၀) ဆံ့ပြည်သူ့ဆေးရုံကြီးမှ အသက် (၂၉) နှစ်အရွယ် အမျိုးသားတစ်ဦး၊ စုစုပေါင်း လူနာ(၄)ဦးတို့၏ ဓာတ်ခွဲအဖြေများတွင် 2019 Novel Coronavirus ဗိုင်းရပ်ရောဂါပိုး မရှိပါကြောင်း (မရှိကြောင်း)ကို (၅-၂-၂၀၂၀)ရက်နေ့၊ ညပိုင်း၌ ရည်ညွှန်းဓာတ်ခွဲခန်းမှပြန်ကြားလာခဲ့ပါသည်။

 

(သတင်းထုတ်ပြန်ပြီး)

 

၃။ အဆိုပါလူနာ (၄)ဦး၏ ကျန်းမာရေးအခြေအနေမှာလည်း ကောင်းမွန်လျက်ရှိသဖြင့် သက်ဆိုင်ရာဆေးရုံများမှ (၆-၂-၂၀၂၀) ရက်နေ့၊ နေ့လယ်ပိုင်းတွင် ဆင်းခွင့်ပြုလိုက်ပြီး ဖြစ်ပါသည်။ 

 

၄။ ထို့အပြင် ကျိုင်းတုံပြည်သူ့ဆေးရုံကြီးတွင် စောင့်ကြပ်ကြည့်ရှုခဲ့သည့် လူနာနှင့် အနီးကပ် ထိတွေ့သူ (၄)ဦးအားလည်း ဆေးရုံတွင် ဆက်လက်ထားရှိရန် မလိုအပ်တော့သဖြင့် ဆေးရုံမှ (၆-၂-၂၀၂၀)ရက်နေ့၊ နေ့လယ်တွင် ဆင်းခွင့်ပြုလိုက်ပြီ ဖြစ်ပါသည်။ ဆေးရုံမှဆင်းခွင့်ပြုချိန်တွင် လူနာများအား ကျန်းမာရေးပညာပေးခြင်းနှင့် လိုအပ်ပါက သက်ဆိုင်ရာကျန်းမာရေးဌာနများနှင့် ပြန်လည် ဆက်သွယ်ရန် မှာကြားခဲ့ပါသည်။

 

၅။ ကျန်လူနာများ၏ ကျန်းမာရေးအခြေအနေမှာ (ယနေ့၊ ညနေ စစ်ဆေးချက်များအရ) ကောင်းမွန်လျက်ရှိပါသည်။

FB IMG 1580992390618

(Zawgyi)

-----------

2019-nCoV acute respiratory disease ေရာဂါေစာင့္ၾကပ္ၾကည့္ရႈမႈႏွင့္ ပတ္သက္၍ သတင္းထုတ္ျပန္ျခင္း

(၆-၂-၂၀၂၀ ရက္ေန႕၊ ညေန (၆း၄၅) နာရီ)

 

၁။ က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာနသည္ 2019-nCoV လတ္တေလာအသက္ရႈ လမ္းေၾကာင္းဆိုင္ရာေရာဂါ ေစာင့္ၾကပ္ၾကည့္ရွမႈႏွင့္ ကာကြယ္ထိန္းခ်ဳပ္ေရး လုပ္ငန္းမ်ားကို အရွိန္အဟုန္ျဖင့္ ေဆာင္႐ြက္လ်က္ရွိရာ ယေန႕ (၆-၂-၂၀၂၀) ရက္ေန႕၊ နံနက္အထိ သံသယလူနာ (၂) ဦးအပါအဝင္ လူနာ (၁၀) ဦး တို႔အား ေဆး႐ုံမ်ားတြင္ ဆက္လက္၍ေစာင့္ၾကပ္ၾကည့္ရႈ ကုသမႈေပးခဲ့ပါသည္။ 

 

၂။ အဆိုပါ ေစာင့္ၾကပ္ၾကည့္ရႈကုသမႈခံယူေနေသာ လူနာမ်ားအနက္ - 

 

(၁) လြိုင္ေကာ္ ျပည္သူ႕ေဆး႐ုံမွ အသက္(၂)ႏွစ္(၂)လအ႐ြယ္ ကေလးငယ္ (မ) တစ္ဦး၊  

(၂) ေဝဘာဂီအထူးကုေဆး႐ုံမွ အသက္ (၁၅) ႏွစ္အ႐ြယ္ ကေလး (က်ား) တစ္ဦး၊

(၃) က်ိဳင္းတုံျပည္သူ႕ေဆး႐ုံႀကီးမွ အသက္ (၁) ႏွစ္၊ (၂) လ အ႐ြယ္ရွိ ကေလးငယ္ (မ) တစ္ဦးႏွင့္

(၄) ေနျပည္ေတာ္ ခုတင္ (၁၀၀၀) ဆံ့ျပည္သူ႕ေဆး႐ုံႀကီးမွ အသက္ (၂၉) ႏွစ္အ႐ြယ္ အမ်ိဳးသားတစ္ဦး၊ စုစုေပါင္း လူနာ(၄)ဦးတို႔၏ ဓာတ္ခြဲအေျဖမ်ားတြင္ 2019 Novel Coronavirus ဗိုင္းရပ္ေရာဂါပိုး မရွိပါေၾကာင္း (မရွိေၾကာင္း)ကို (၅-၂-၂၀၂၀)ရက္ေန႕၊ ညပိုင္း၌ ရည္ၫႊန္းဓာတ္ခြဲခန္းမွျပန္ၾကားလာခဲ့ပါသည္။

 

(သတင္းထုတ္ျပန္ၿပီး)

 

၃။ အဆိုပါလူနာ (၄)ဦး၏ က်န္းမာေရးအေျခအေနမွာလည္း ေကာင္းမြန္လ်က္ရွိသျဖင့္ သက္ဆိုင္ရာေဆး႐ုံမ်ားမွ (၆-၂-၂၀၂၀) ရက္ေန႕၊ ေန႕လယ္ပိုင္းတြင္ ဆင္းခြင့္ျပဳလိုက္ၿပီး ျဖစ္ပါသည္။ 

 

၄။ ထို႔အျပင္ က်ိဳင္းတုံျပည္သူ႕ေဆး႐ုံႀကီးတြင္ ေစာင့္ၾကပ္ၾကည့္ရႈခဲ့သည့္ လူနာႏွင့္ အနီးကပ္ ထိေတြ႕သူ (၄)ဦးအားလည္း ေဆး႐ုံတြင္ ဆက္လက္ထားရွိရန္ မလိုအပ္ေတာ့သျဖင့္ ေဆး႐ုံမွ (၆-၂-၂၀၂၀)ရက္ေန႕၊ ေန႕လယ္တြင္ ဆင္းခြင့္ျပဳလိုက္ၿပီ ျဖစ္ပါသည္။ ေဆး႐ုံမွဆင္းခြင့္ျပဳခ်ိန္တြင္ လူနာမ်ားအား က်န္းမာေရးပညာေပးျခင္းႏွင့္ လိုအပ္ပါက သက္ဆိုင္ရာက်န္းမာေရးဌာနမ်ားႏွင့္ ျပန္လည္ ဆက္သြယ္ရန္ မွာၾကားခဲ့ပါသည္။

 

၅။ က်န္လူနာမ်ား၏ က်န္းမာေရးအေျခအေနမွာ (ယေန႕၊ ညေန စစ္ေဆးခ်က္မ်ားအရ) ေကာင္းမြန္လ်က္ရွိပါသည္။

Read times
Rate this item
(0 votes)