What's New



×

Warning

JUser: :_load: Unable to load user with ID: 62

ရောဂါကာကွယ်ကုသရေးအတွက် တစ်ကိုယ်ရေကာကွယ်ရေး (PPE) ဝတ်စုံများ

Published in Wuhan Virus

ဆေးရုံနှင့် တွဲဖက်ထားသည့် Zhejiang တက္ကသိုလ်ဆေးကျောင်းသည် ပြီးခဲ့သည့်ရက်ပေါင်း ၅၀ အတွင်း အတည်ပြုပြီးသော COVID-19 လူနာ ၁၀၄ ဦး ကိုကုသခဲ့စဉ် ကျွမ်းကျင်သူများသည် တကယ့်ကုသမှုအတွေ့အကြုံကို နေ့ရောညပါ ရေးသားပြုစုခဲ့ကြပြီး ဤလက်စွဲစာအုပ်ကို လျင်မြန်စွာ ထုတ်ဝေခဲ့သည်။

Published in Wuhan Virus

စင်ကာပူနိုင်ငံ အစိုးရအနေဖြင့် 2019 Novel Coronavirus (COVID-19) ရောဂါထိန်းချုပ် ရေး အစီအစဉ်သစ်များကို (၁၅-၃-၂၀၂၀) ရက်နေ့တွင် ထပ်မံထုတ်ပြန်ခဲ့ပါသည်။

Published in Wuhan Virus

(၁) ဓာတ်ခွဲနမူနာများရယူခြင်း

တိုင်းဒေသကြီး/ပြည်နယ်များရှိဆေးရုံအသီးသီးမှ စောင့်ကြည့်လူနာနှင့် သံသယလူနာအဖြစ် အဖြစ် သတ်မှတ်သော လူနာများ၏ နှာခေါင်းတို့ဖတ်နှင့် အာခေါင်တို့ဖတ် နမူနာများကို တာဝန်ကျ ကျွမ်းကျင်ကျန်းမာရေးဝန်ထမ်းမှ တစ်ကိုယ်ရည်သုံး ရောဂါကာကွယ်ရေးဝတ်စုံ (PPE) အပြည့်အစုံဖြင့် စံသတ်မှတ်ထားသော လုပ်ထုံးလုပ်နည်းများအတိုင်း စနစ်တကျ ရယူပါသည်။

 

ထို့နောက် ၎င်းဓာတ်ခွဲနမူနာများကို (Viral Transport Media (VTM)) ဖြင့် ထည့်ကာ စံလုပ်ထုံးလုပ်နည်းများအတိုင်း သေချာစွာ ထုတ်ပိုးပြီး (Laborarory Request Form) နှင့်တကွ အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) သို့ ပို့ဆောင်ပါသည်။ (ထိုသို့ပို့ဆောင်ရာတွင် တိုင်းဒေသကြီး/ ပြည်နယ်အလိုက် ခရီးအကွာအဝေးအရ ကြာချိန်ကွာခြားမှုရှိပါသည်။)

 

ဓာတ်ခွဲနမူနာများ ရယူခြင်း၊ ထုပ်ပိုးခြင်း၊ သယ်ယူပို့ဆောင်ခြင်းများကို စနစ်တကျဆောင်ရွက်နိုင်စေရန်အတွက် အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာ ဌာနမှ သက်ဆိုင်ရာ ကျန်းမာရေးဝန်ထမ်းများအား သင်တန်း များပို့ချပြီး လိုအပ်သော လုပ်ငန်းလမ်းညွှန်နှင့် စံလုပ်ထုံးလုပ်နည်းများကို ဖြန့်ဝေထားပါသည်။

 

(၂) ဓာတ်ခွဲနမူနာများကိုလက်ခံခြင်းနှင့် စာရင်းသွင်းခြင်း

ပထမဦးစွာ တိုင်းဒေသကြီး/ပြည်နယ်များရှိဆေးရုံအသီးသီးမှ အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာနသို့ ရောက်ရှိလာသော COVID-19 သံသယနှင့် စောင့်ကြည့်လူနာများ၏ ဓာတ်ခွဲနမူနာများ ကိုလက်ခံ၍ လူနာအမည်၊ နေရပ်လိပ်စာ၊ ရောဂါလက္ခဏာများ စသည့် case investigation တွင် ပါဝင်သည့် အချက်အလက်များကို စာရင်းသွင်းပါသည်။

 

(၃) ဓာတ်ခွဲနမူနာများကို ထုတ်ယူခြင်း/ ပြင်ဆင်ခြင်း

တိုင်းဒေသကြီး/ပြည်နယ်များရှိ ဆေးရုံများမှ ထုပ်ပိုး၍ ပေးပို့လာသော ဓာတ်ခွဲနမူနာများကို စနစ်တကျ အဆင့်ဆင့်ထုတ်ယူရပါသည်။ ပထမဦးစွာ ဓာတ်ခွဲနမူနာသယ်ယူပို့ဆောင်သည့် လက်ဆွဲအအေးသေတ္တာပုံး (Sample carrier (Cold Box)) ထဲမှ ဓာတ်ခွဲနမူနာကို မထုတ်ယူမီ ၎င်း Sample carrier ပုံးကို 0.5% Hypochlorite solution ဖြင့် စနစ်တကျ ဆေးကြောရပါသည်။ ထိုနောက် Sample carrier ပုံးထဲမှ ဓာတ်ခွဲနမူနာထည့်ထားသော ဘူးကို ထုတ်ယူ၍ ထပ်မံဆေးကြောရပါသည်။

 

ထို့နောက်အဆိုပါ ဓာတ်ခွဲနမူနာ ထည့်ထားသောဘူးကို Biosafety cabinet ပေါ်တွင် ထားရှိ၍ ခြောက်သွေ့အောင်သုတ်ရပါသည်။ ထိုသို့လုပ်ဆောင်မှုများသည် ဓာတ်ခွဲနမူနာတစ်ခုလျှင် ကြာမြင့်ချိန် (၁၀) မိနစ်ကျော်ခန့် ကြာမြင့်ပါသည်။ ထို့နောက် ဓာတ်ခွဲနမူနာထံမှ ribonucleic acid (RNA) ထုတ်ယူရန် အဆင်သင့်ဖြစ်ပြီဖြစ်ပါသည်။

ဓာတ်ခွဲနမူနာကို ပြင်ဆင်သူ အနေဖြင့် ပုံတွင်ပါရှိသည့်အတိုင်း တစ်ကိုယ်ရည်ရောဂါကာကွယ်ရေးဝတ်စုံ(personal protective equipment (PPE)) အပြည့်အစုံ ဝတ်ဆင်ရပါသည်။

 

(၄) ဓာတ်ခွဲနမူနာ မှ Ribonucleic Acid (RNA) ထုတ်ယူခြင်း

ဓာတ်ခွဲနမူနာများကို Centrifuge စက်တွင် လှည့်ခြင်းနှင့် Washing ပြုလုပ်ခြင်းတို့ကို အကြိမ် များစွာပြုလုပ်၍ ပိုးသေဖြစ်အောင်ပြုလုပ်ခြင်း (inactivation) ပြုလုပ်ရပါသည်။ ထို့နောက် Inactivated ပြုလုပ်ပြီးသော ဓာတ်ခွဲ နမူနာထံမှ RNA ထုတ်ယူပါသည်။ အဆိုပါအဆင့်တွင် ဓာတ်ခွဲနမူနာ (၁) ခု မှ (၁၀) ခု အတွက် ကြာမြင့်ချိန် (၁) နာရီခန့် ဖြစ်ပြီး ဓာတ်ခွဲနမူနာ (၁၀) ခု မှ (၄၀) ခန့် အတွက် ကြာမြင့်ချိန် (၃) နာရီမှ (၄)နာရီခန့်အထိ ဖြစ်ပါသည်။

 

(၅) Mastermix preparation

ထုတ်ယူပြီးသော ဓာတ်ခွဲနမူနာ၏ RNA နှင့် Primer & probe ၊ Nucleotide ၊ Polymerase စသည့် အင်ဇိုင်း (enzyme) များကို ရောစပ်၍ Polymerase Chain Reaction ဆောင်ရွက်ရန် အတွက် ပြင်ဆင်ခြင်း (Mastermix preparation) ကိုဆောင်ရွက်ရပါသည်။ ကြာမြင့်ချိန် (၃၀) မိနစ်ခန့် ဖြစ်ပါသည်။

 

(၆) COVID-19 ဗိုင်းရပ်စ်ပိုးရှိ/မရှိ Polymerase Chain Reaction (PCR) နည်းပညာဖြင့်စစ်ဆေးခြင်း

Polymerase Chain Reaction သည် ဓာတ်ခွဲနမူနာတွင် ပါဝင်သော Deoxyribonucleic acid (DNA) ကို အဆများစွာပွား၍ ဓာတ်ခွဲနမူနာ ၏ DNA နှင့် သက်ဆိုင်ရာဗိုင်းရပ်စ်ပိုး၏ DNA တို့ ကိုက်ညီမှု ရှိမရှိ စစ်ဆေးသော ဓာတ်ခွဲစမ်းသပ်စစ်ဆေးနည်းဖြစ်ပါသည်။ PCR စစ်ဆေးသည့် အဆင့် တွင် ဓာတ်ခွဲနမူနာ၏ RNA ကို DNA သို့ပြောင်းလဲခြင်း (Reverse Transcription)၊ ပြောင်းလဲပြီး သော DNA ကို double stranded မှ single stranded သို့ပြောင်းလဲခြင်း (Denaturing stage) ၊ single stranded DNA များကို primer ဖြင့်ပေါင်းခြင်း (Annealing stage) ၊ primer ပေါင်းပြီးသော single stranded DNA များကို Polymerase ကို အသုံးပြု၍ nucleotide များဖြင့်ပေါင်းစပ်ကာ Double Stranded DNA ဖြစ်အောင် ဆောင်ရွက်ခြင်း (Extending stage) စသည်တို့ကို (၄၅) ကြိမ်ထိ ပြုလုပ်ပါသည်။ DNA copies များ Billion copies အထိ တိုးပွားအောင် ဆောင်ရွက်နိုင်ပါ သည်။ သက်ဆိုင်ရာ PCR စက် အမျိုးအစားပေါ် မူတည်၍ (၃)နာရီခန့်အထိ ကြာမြင့်ပါသည်။

 

ထိုနောက် PCR နည်းပညာဖြင့် အဆများစွာပွားပြီးသော ဓာတ်ခွဲနမူနာ၏ DNA ကို COVID-19 ဗိုင်းရပ်စ်ပိုး၏ DNA နှင့်တူညီမှုရှိမရှိ တိုက်ဆိုင်စစ်ဆေးပါသည်။ သံသယလူနာ၏ ဓာတ်ခွဲနမူနာ DNA သည် COVID-19 ဗိုင်းရပ်စ်ပိုး၏ DNA နှင့်တူညီမှုရှိပါက COVID-19 ရောဂါပိုးရှိသည်ဟု သတ်မှတ်နိုင်ပါသည်။ ဓာတ်ခွဲစမ်းသပ်စစ်ဆေးရာတွင် positive control နှင့် negative control တို့ ကောင်းမွန်စွာ အဖြေမှန်ကန်မှသာ စစ်ဆေးချက်အဖြေကို အတည်ပြု သတ်မှတ်နိုင်ပါသည်။

 

(၇) ဓာတ်ခွဲအဖြေထုတ်ပေးခြင်း

ဓာတ်ခွဲစမ်းသပ်စစ်ဆေးမှု အဖြေများကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်သူ့ ကျန်းမာရေးဦးစီးဌာန နှင့် သက်ဆိုင်ရာဆေးရုံများသို့ Code Number ဖြင့် လုံခြုံရေးအဆင့် သတ်မှတ်၍ အချိန်နှင့် တစ်ပြေးညီ ပေးပို့အကြောင်းကြားလျက်ရှိပါသည်။

 

PCR နည်းပညာသည် COVID-19 ရောဂါပိုး ရှိ/မရှိ စမ်းသပ်စစ်ဆေးရာတွင် လက်ရှိ ကမ္ဘာတစ်ဝှမ်း အသုံးပြုလျှက်ရှိသော နည်းပညာဖြစ်ပါသည်။ PCR နည်းပညာဖြင့် COVID-19 ဗိုင်းရပ်စ်ရောဂါပိုး ရှိ/မရှိ စမ်းသပ်စစ်ဆေးမှု အဆင့်ဆင့်၏ စုစုပေါင်းကြာမြင့်ချိန်သည် (၅) နာရီ မှ (၈) နာရီ ခန့်အထိဖြစ်ပါသည်။ (တိုင်းဒေသကြီး/ ပြည်နယ်များမှ ပေးပို့သော ခရီးကြာချိန် မပါဝင်ဘဲ ဓာတ်ခွဲစစ်ဆေးမှုကြာချိန်ဖြစ်ပါသည်။)

 

ဓာတ်ခွဲစမ်းသပ်စစ်ဆေးမှုအဆင့်တိုင်းတွင် ဓာတ်ခွဲစမ်းသပ်စစ်ဆေးသော ဓာတ်ခွဲဝန်ထမ်း များအနေဖြင့် ရောဂါပိုး ကူးစက်ခံရမှုမရှိစေရန်အတွက် ကူးစက်ရောဂါ ကာကွယ်ရေးဝတ်စုံ (Personal Protective Equipment - PPE) အပြည့်အစုံကို ဝတ်ဆင်၍ ဓာတ်ခွဲခန်းလုံခြုံရေးအဆင့်အရ သတ်မှတ်ထားသော Enhanced BSL-2 Laboratory ထဲတွင် ကောင်းမွန်သော ဓာတ်ခွဲခန်းကျင့်စဉ် (Good Laboratory Practice) ဖြင့် ဆောင်ရွက်ရပါသည်။

 

အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာနအနေဖြင့် တိုင်းဒေသကြီး/ပြည်နယ် အသီးသီးမှ ပေးပို့လာသော သံသယ COVID-19 လူနာများ၏ ဓာတ်ခွဲနမူနာများကို လက်ခံ၍ COVID-19 ဗိုင်းရပ်စ်ရောဂါပိုး ရှိ/မရှိ ဓာတ်ခွဲစမ်းသပ်စစ်ဆေးခြင်းကို နေ့စဉ်နေ့တိုင်း ပိတ်ရက်မရှိ နေ့ရောညပါ တာဝန်ကျဝန်ထမ်းများမှ (၂၄/၇) တာဝန်ယူ ဆောင်ရွက်လျက်ရှိပါသည်။

Published in Wuhan Virus


မန္တလေးမြို့ရှိ COVID -19 ကိုရိုနာဗိုင်းရပ်စ် စောင့်ကြည့်လူနာ ၁ ဦး သေဆုံး 

Published in Wuhan Virus

ကိုရိုနာဗိုင်းရပ်စ် COVID-19 ရှိ/မရှိ ၁၄ ရက် စောင့်ကြည့်မှုပြုလုပ်ရန် တောင်ဥက္ကလာပမြို့နယ်၊ အမျိုးသမီးနှင့် ကလေး ဆေးရုံကြီးရှိ တည်ဆောက်ပြီး

Published in Wuhan Virus
Page 1 of 5