What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Tuesday, 11 February 2020 16:51

ဝူဟန်ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၁၀၀၀ ကျော်ရှိလာ

ဝူဟန်ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၁၀၀၀ ကျော်ရှိလာ Google

ဖေဖော်ဝါရီ ၁၀ ရက်နေ့ တစ်ရက်တည်းမှာတင် တရုတ်နိုင်ငံအတွင်း ဝူဟန်ဗိုင်းရပ်စ်ကြောင့် သေဆုံးသူဟာ စံချိန်တင် ၁၀၈ ဦးရှိခဲ့‌ပြီး စုစုပေါင်း သေဆုံးသူအရေအတွက်ဟာ ၁၀၁၆ ဦး ရှိလာပြီ ဖြစ်ပါတယ်။

ကူးစက်သူက မနေ့မှာ ၂၄၇၈ ဦး ထပ်တိုးလာကာ ၄၂၆၃၈ ဦးအထိ ရောက်လာပါတယ်။ ဟူဘေးပြည်နယ်က ကျန်းမာရေးကော်မရှင် ထိပ်တန်းအရာရှိ ၂ ဦးကိုလည်း တရုတ်အစိုးရက ရာထူးကနေ ထုတ်ပယ်လိုက်ပါတယ်။ ဗိုင်းရပ်စ်အဓိကပြန့်နှံ့ရာ ဝူဟန်မြို့ကို သမ္မတရှီကျင့်ဖျင် မနေ့က ပထမဆုံးအကြိမ် သွားရောက်ကြည့်ရှုခဲ့ပါတယ်။

 

ပြည်သူတွေအနေနဲ့ တတ်နိုင်သမျှ အိမ်ထဲမှာပဲနေဖို့ တရုတ်နဲ့ကပ်နေတဲ့ ဟောင်ကောင်မှာ အစိုးရက သတိပေးချက် ထုတ်ပြန်ထားပါတယ်။ ဟောင်ကောင်မှာ ကျောင်းတွေလည်း ပိတ်ထားပြီး၊ လူတွေဟာ များသောအားဖြင့် အိမ်ကနေသာ အလုပ်လုပ်နေကြပါတယ်။ တရုတ်နဲ့ကပ်နေတဲ့ နောက်ထပ်ကျွန်းတစ်ကျွန်းဖြစ်တဲ့ ထိုင်ဝမ်ကတော့ ဟောင်ကောင်နဲ့ မကာအိုတို့ကို ခရီးမသွားဖို့ ပြည်သူတွေကို သတိပေးထားပါတယ်။

 

Ambulance (လူနာတင်ယာဉ်ကို ဆက်သွယ်နိုင်သော လိပ်စာပေါင်း ၉၀ ကျော်ကို ကြည့်ရန် နှိပ်ပါ)

Image result for Ambulance myanmar

 

ဗီယက်နမ်နိုင်ငံမှာ ဗိုင်းရပ်ကူးစက်သူအရေအတွက်ဟာ ၁၅ ဦးအထိ မြင့်တက်လာပြီး ၃ လအရွယ်ကလေးငယ်တစ်ဦးလည်း အဘွားဖြစ်သူထံကနေ ကူးစက်ခဲ့ပါတယ်။ ထိုင်းမှာတော့ မနေ့က တရုတ်အမျိုးသမီးတစ်ဦး ကူးစက်တာကို တွေ့ခဲ့ရပြီး စုစုပေါင်း ကူးစက်သူအရေအတွက်ဟာ ၃၃ ဦးအထိ ရှိလာပြီ ဖြစ်ပါတယ်။ အဲဒီအထဲက ၁၀ ဦးဟာ နေပြန်ကောင်းသွားတဲ့အတွက် ဆေးရုံကနေ ဆင်းသွားပြီ ဖြစ်ပါတယ်။

 

ဖေဖော်ဝါရီလ ၁၃ ရက်နေ့ ဘန်ကောက်မှာ ကမ်းကပ်မယ့် အမေရိကန် ကမ္ဘာလှည့်သင်္ဘော MS Westerdam က ခရီးသည်တွေဆင်းခွင့် တောင်းခံမှုကို ထိုင်းနိုင်ငံက ငြင်းဆိုလိုက်ပြီး ဗိုင်းရပ်စ်ပြန့်နှံ့မယ့်အန္တရာယ် ရှိနိုင်တဲ့အတွက်ကြောင့်လို့ ပြောကြားခဲ့ပါတယ်။ သင်္ဘောကုမ္ပဏီကတော့ လိုက်ပါလာတဲ့ ခရီးသည်တွေမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်စရာ အကြောင်းမရှိဘူးလို့ ဆိုပါတယ်။

 

တရုတ်ဖက်ကနေ ဗိုင်းရပ်စ်တွေဝင်မလာရေး နယ်စပ်မှာ ပတ္တရောင်လှည့်ဖို့အတွက် လူရာချီစေလွှတ်ထားတယ်လို့ မြောက်ကိုရီးယားက မနေ့မှာ ထုတ်ပြန်ပါတယ်။ မြောက်ကိုရီးယားဟာ တရုတ်နဲ့ ကုန်းကြောင်း၊ လေကြောင်း အားလုံးကို ဖြတ်တောက်ထားတာပါ။ တောင်ကိုရီးယားကတော့ မြောက်ကိုရီးယားဖက်ကို ဝူဟန်ဗိုင်းရပ်စ် ရောက်နေပြီလို့ ဆိုပါတယ်။

M-Media

 

(Zawgyi)

-----------

ဝူဟန္ဗိုင္းရပ္စ္ေၾကာင့္ ေသဆုံးသူ ၁၀၀၀ ေက်ာ္ရွိလာ

 

ေဖေဖာ္ဝါရီ ၁၀ ရက္ေန႔ တစ္ရက္တည္းမွာတင္ တ႐ုတ္ႏိုင္ငံအတြင္း ဝူဟန္ဗိုင္းရပ္စ္ေၾကာင့္ ေသဆုံးသူဟာ စံခ်ိန္တင္ ၁၀၈ ဦးရွိခဲ့‌ၿပီး စုစုေပါင္း ေသဆုံးသူအေရအတြက္ဟာ ၁၀၁၆ ဦး ရွိလာၿပီ ျဖစ္ပါတယ္။ ကူးစက္သူက မေန႔မွာ ၂၄၇၈ ဦး ထပ္တိုးလာကာ ၄၂၆၃၈ ဦးအထိ ေရာက္လာပါတယ္။ ဟူေဘးျပည္နယ္က က်န္းမာေရးေကာ္မရွင္ ထိပ္တန္းအရာရွိ ၂ ဦးကိုလည္း တ႐ုတ္အစိုးရက ရာထူးကေန ထုတ္ပယ္လိုက္ပါတယ္။ ဗိုင္းရပ္စ္အဓိကျပန႔္ႏွံ႔ရာ ဝူဟန္ၿမိဳ႕ကို သမၼတရွီက်င့္ဖ်င္ မေန႔က ပထမဆုံးအႀကိမ္ သြားေရာက္ၾကည့္ရႈခဲ့ပါတယ္။

 

ျပည္သူေတြအေနနဲ႔ တတ္ႏိုင္သမွ် အိမ္ထဲမွာပဲေနဖို႔ တ႐ုတ္နဲ႔ကပ္ေနတဲ့ ေဟာင္ေကာင္မွာ အစိုးရက သတိေပးခ်က္ ထုတ္ျပန္ထားပါတယ္။ ေဟာင္ေကာင္မွာ ေက်ာင္းေတြလည္း ပိတ္ထားၿပီး၊ လူေတြဟာ မ်ားေသာအားျဖင့္ အိမ္ကေနသာ အလုပ္လုပ္ေနၾကပါတယ္။ တ႐ုတ္နဲ႔ကပ္ေနတဲ့ ေနာက္ထပ္ကြၽန္းတစ္ကြၽန္းျဖစ္တဲ့ ထိုင္ဝမ္ကေတာ့ ေဟာင္ေကာင္နဲ႔ မကာအိုတို႔ကို ခရီးမသြားဖို႔ ျပည္သူေတြကို သတိေပးထားပါတယ္။

 

Ambulance (လူနာတင္ယာဥ္ကို ဆက္သြယ္ႏိုင္ေသာ လိပ္စာေပါင္း ၉၀ ေက်ာ္ကို ၾကည့္ရန္ ႏွိပ္ပါ)

Image result for Ambulance myanmar

 

ဗီယက္နမ္ႏိုင္ငံမွာ ဗိုင္းရပ္ကူးစက္သူအေရအတြက္ဟာ ၁၅ ဦးအထိ ျမင့္တက္လာၿပီး ၃ လအ႐ြယ္ကေလးငယ္တစ္ဦးလည္း အဘြားျဖစ္သူထံကေန ကူးစက္ခဲ့ပါတယ္။ ထိုင္းမွာေတာ့ မေန႔က တ႐ုတ္အမ်ိဳးသမီးတစ္ဦး ကူးစက္တာကို ေတြ႕ခဲ့ရၿပီး စုစုေပါင္း ကူးစက္သူအေရအတြက္ဟာ ၃၃ ဦးအထိ ရွိလာၿပီ ျဖစ္ပါတယ္။ အဲဒီအထဲက ၁၀ ဦးဟာ ေနျပန္ေကာင္းသြားတဲ့အတြက္ ေဆး႐ုံကေန ဆင္းသြားၿပီ ျဖစ္ပါတယ္။

 

ေဖေဖာ္ဝါရီလ ၁၃ ရက္ေန႔ ဘန္ေကာက္မွာ ကမ္းကပ္မယ့္ အေမရိကန္ ကမာၻလွည့္သေဘၤာ MS Westerdam က ခရီးသည္ေတြဆင္းခြင့္ ေတာင္းခံမႈကို ထိုင္းႏိုင္ငံက ျငင္းဆိုလိုက္ၿပီး ဗိုင္းရပ္စ္ျပန႔္ႏွံ႔မယ့္အႏၲရာယ္ ရွိႏိုင္တဲ့အတြက္ေၾကာင့္လို႔ ေျပာၾကားခဲ့ပါတယ္။ သေဘၤာကုမၸဏီကေတာ့ လိုက္ပါလာတဲ့ ခရီးသည္ေတြမွာ ကို႐ိုနာဗိုင္းရပ္စ္ပိုး ကူးစက္စရာ အေၾကာင္းမရွိဘူးလို႔ ဆိုပါတယ္။

 

တ႐ုတ္ဖက္ကေန ဗိုင္းရပ္စ္ေတြဝင္မလာေရး နယ္စပ္မွာ ပတၱေရာင္လွည့္ဖို႔အတြက္ လူရာခ်ီေစလႊတ္ထားတယ္လို႔ ေျမာက္ကိုရီးယားက မေန႔မွာ ထုတ္ျပန္ပါတယ္။ ေျမာက္ကိုရီးယားဟာ တ႐ုတ္နဲ႔ ကုန္းေၾကာင္း၊ ေလေၾကာင္း အားလုံးကို ျဖတ္ေတာက္ထားတာပါ။ ေတာင္ကိုရီးယားကေတာ့ ေျမာက္ကိုရီးယားဖက္ကို ဝူဟန္ဗိုင္းရပ္စ္ ေရာက္ေနၿပီလို႔ ဆိုပါတယ္။

M-Media

Read times
Rate this item
(0 votes)