What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 19 February 2020 11:06

လိပ်ခေါင်းရောဂါ အကြောင်း

လိပ်ခေါင်းရောဂါက အသက်အရွယ်ကျား ၊မ မရွေးဖြစ်ပေါ်တတ်တဲ့ ရောဂါတစ်ခု ဖြစ်တဲ့အပြင် တစ်နေ့တာ ဖြတ်သန်းနေရာတဲ့ အလုပ် ၊ လူ့ပတ်ဝန်းကျင်မှာ အဆင်ပြေမှု ၊ ရှက် စရာကိစ္စတစ်ခုလို ခံစားစေနိုင်ပါတယ်။

လိပ်ခေါင်းရောဂါက အများအားဖြင့် လူလတ်ပိုင်း အသက်အရွယ်များ နဲ့ လူကြီးပိုင်းများတွင် အများဆုံးဖြစ်ပွားလေ့ ရှိပါတယ်။ ဒါအပြင် ကိုယ်ဝန်ဆောင်များလည်း ဖြစ်ပွားနိုင်ပါတယ်။ လိပ်ခေါင်းရောဂါက စအိုဝနားရှိ သွေးပြန်ကြောတွင် သွေးဖိအားများလာပြီး သွေးစုပုံလာသောကြောင့် ဖောင်းပွခြင်းမှ နာကျင်မှု ဝေဒနာကို ခံစားဖြစ်ပေါ်စေနိုင်ပါတယ်။

 

လိပ်ခေါင်းရောဂါ လက္ခဏာများ

ဝမ်းသွားလျှင် သွေးပါတာ၊ စအိုတွင် အူအပိုင်းအစပုံစံ ထွက်ပေါ်တာ ၊ ဝမ်းသွားလျှင် အရည်အကြိအချွဲများ ပါတာ၊ စအိုနားတစ်ဝှိုက် ယားယံတာ ၊ နာကျင်တာ ၊ ရောင်တာ၊ ဝမ်းချုပ်တာ၊ ဝမ်းသွားချိန် နာကျင်တာ စတဲ့လက္ခဏာများဖြစ်ပေါ်တတ်ပါတယ်။

 

လိပ်ခေါင်းရောဂါဖြစ်ပွားရတဲ့ အကြောင်းရင်း

အလေးအပင် အမြဲ မ တာ၊ အဝလွန်တာ ၊ အချိန်ကြာစွာ ထိုင်တာ ၊ မတ်တပ်ရပ်တာ၊ ဝမ်းချုပ်မှုမကြာခဏဖြစ်တာ၊ ချောင်းကြာကြာဆိုးတာ၊ ရေဓာတ်အလွန်လျော့နည်းတာ၊ မျိုးရိုးဗီဇရှိတာကြောင့် လိပ်ခေါင်းရောဂါကို ဖြစ်ပေါ်စေနိုင်ပါတယ်။

 

Ambulance (လူနာတင်ယာဉ်ကို ဆက်သွယ်နိုင်သော လိပ်စာပေါင်း ၉၀ ကျော်ကို ကြည့်ရန် နှိပ်ပါ)

Image result for Ambulance

 

လိပ်ခေါင်းဝေဒနာရှင်များ စားသုံးသင့်သောအစားအစာများ

ပဲအမျိုးမျိုး ၊ အသီးအနှံများ ၊ လတ်ဆတ်သော အရွက်စိမ်းများ၊ အမျှင်ဓာတ်ပါတဲ့ အစားအစာများ ၊ အခွံမာအစေ့အဆန်များ ၊ ဝမ်းပျော့စေတဲ့ ငှက်ပျောသီး ၊ သင်္ဘောသီးများ ၊ ရေများများသောက်ပေးတာ ၊ အနီရောင်အသားများကို စားသုံးပေးနိုင်ပါတယ်။

 

လိပ်ခေါင်းရောဂါ ကုသနည်း

ရေဇလုံထဲ ရေနွေး နဲ့ ဆား ၂ ဇွန်းထည့်ပြီး ၁၅ မိနစ်ခန့် စအိုကိုစိမ်တာ၊ ရေခဲကို ၁၀ မိနစ်ခန့်ကပ်ပေးတာ၊ ယားယံသက်သာဆေး - ခရင်မ် လိမ်းဆေးဝယ်လိမ်းတာ၊ အကိုက်အခဲပျောက်ဆေးသောက်ထားခြင်းဖြင့် လိပ်ခေါင်းရောဂါကို သက်သာစေနိုင်ပါတယ်။ ဒါအပြင် ရေနွေးအိတ်ကပ်တာ၊ လေ့ကျင့်ခန်းများပြုလုပ်ပေးတာ၊ အမျှင်ဓာတ်ပါဝင်တဲ့ အသီးအရွက်များ များများစားပေးတာ ၊ နီတဲ့အသားများစားတာ၊ Proctsedy Ointment လိမ်းဆေး ၊ Avenoc Ointment ယားယံ အရောင်ကျဆေးလိမ်းတာ၊ Hemmorex Ointment လိပ်ခေါင်းရောဂါ ဆေးများ ဝယ်လိမ်းခြင်းနည်းဖြင့် ကုသနိုင်သလို ဆရာဝန်နဲ့ ပြသပြီး ကုသမှုကိုခံယူပါ။

Written By Health Products Directory

 

(Zawgyi)

=====

လိပ္ေခါင္းေရာဂါ အေၾကာင္း

လိပ္ေခါင္းေရာဂါက အသက္အရြယ္က်ား ၊မ မေရြးျဖစ္ေပၚတတ္တဲ့ ေရာဂါတစ္ခု ျဖစ္တဲ့အျပင္ တစ္ေန႔တာ ျဖတ္သန္းေနရာတဲ့ အလုပ္ ၊ လူ႕ပတ္၀န္းက်င္မွာ အဆင္ေျပမႈ ၊ ရွက္ စရာကိစၥတစ္ခုလို ခံစားေစႏိုင္ပါတယ္။ လိပ္ေခါင္းေရာဂါက အမ်ားအားျဖင့္ လူလတ္ပိုင္း အသက္အရြယ္မ်ား နဲ႔ လူႀကီးပိုင္းမ်ားတြင္ အမ်ားဆံုးျဖစ္ပြားေလ့ ရွိပါတယ္။ ဒါအျပင္ ကိုယ္၀န္ေဆာင္မ်ားလည္း ျဖစ္ပြားႏိုင္ပါတယ္။ လိပ္ေခါင္းေရာဂါက စအို၀နားရွိ ေသြးျပန္ေၾကာတြင္ ေသြးဖိအားမ်ားလာၿပီး ေသြးစုပံုလာေသာေၾကာင့္ ေဖာင္းပြျခင္းမွ နာက်င္မႈ ေ၀ဒနာကို ခံစားျဖစ္ေပၚေစႏိုင္ပါတယ္။

 

လိပ္ေခါင္းေရာဂါ လကၡဏာမ်ား

၀မ္းသြားလွ်င္ ေသြးပါတာ၊ စအိုတြင္ အူအပိုင္းအစပံုစံ ထြက္ေပၚတာ ၊ ၀မ္းသြားလွ်င္ အရည္အႀကိအခၽြဲမ်ား ပါတာ၊ စအိုနားတစ္၀ႈိက္ ယားယံတာ ၊ နာက်င္တာ ၊ ေရာင္တာ၊ ၀မ္းခ်ဳပ္တာ၊ ၀မ္းသြားခ်ိန္ နာက်င္တာ စတဲ့လကၡဏာမ်ားျဖစ္ေပၚတတ္ပါတယ္။

 

လိပ္ေခါင္းေရာဂါျဖစ္ပြားရတဲ့ အေၾကာင္းရင္း

အေလးအပင္ အၿမဲ မ တာ၊ အ၀လြန္တာ ၊ အခ်ိန္ၾကာစြာ ထိုင္တာ ၊ မတ္တပ္ရပ္တာ၊ ၀မ္းခ်ဳပ္မႈမၾကာခဏျဖစ္တာ၊ ေခ်ာင္းၾကာၾကာဆိုးတာ၊ ေရဓာတ္အလြန္ေလ်ာ့နည္းတာ၊ မ်ိဳးရိုးဗီဇရွိတာေၾကာင့္ လိပ္ေခါင္းေရာဂါကို ျဖစ္ေပၚေစႏိုင္ပါတယ္။

 


Ambulance (လူနာတင္ယာဥ္ကို ဆက္သြယ္ႏိုင္ေသာ လိပ္စာေပါင္း ၉၀ ေက်ာ္ကို ၾကည့္ရန္ ႏွိပ္ပါ)

Image result for Ambulancec

 

လိပ္ေခါင္းေ၀ဒနာရွင္မ်ား စားသံုးသင့္ေသာအစားအစာမ်ား

ပဲအမ်ိဳးမ်ိဳး ၊ အသီးအႏွံမ်ား ၊ လတ္ဆတ္ေသာ အရြက္စိမ္းမ်ား၊ အမွ်င္ဓာတ္ပါတဲ့ အစားအစာမ်ား ၊ အခြံမာအေစ့အဆန္မ်ား ၊ ၀မ္းေပ်ာ့ေစတဲ့ ငွက္ေပ်ာသီး ၊ သေဘၤာသီးမ်ား ၊ ေရမ်ားမ်ားေသာက္ေပးတာ ၊ အနီေရာင္အသားမ်ားကို စားသံုးေပးႏိုင္ပါတယ္။

 

လိပ္ေခါင္းေရာဂါ ကုသနည္း

ေရဇလံုထဲ ေရေႏြး နဲ႔ ဆား ၂ ဇြန္းထည့္ၿပီး ၁၅ မိနစ္ခန္႔ စအိုကိုစိမ္တာ၊ ေရခဲကို ၁၀ မိနစ္ခန္႔ကပ္ေပးတာ၊ ယားယံသက္သာေဆး - ခရင္မ္ လိမ္းေဆး၀ယ္လိမ္းတာ၊ အကိုက္အခဲေပ်ာက္ေဆးေသာက္ထားျခင္းျဖင့္ လိပ္ေခါင္းေရာဂါကို သက္သာေစႏိုင္ပါတယ္။ ဒါအျပင္ ေရေႏြးအိတ္ကပ္တာ၊ ေလ့က်င့္ခန္းမ်ားျပဳလုပ္ေပးတာ၊ အမွ်င္ဓာတ္ပါ၀င္တဲ့ အသီးအရြက္မ်ား မ်ားမ်ားစားေပးတာ ၊ နီတဲ့အသားမ်ားစားတာ၊ Proctsedy Ointment လိမ္းေဆး ၊ Avenoc Ointment ယားယံ အေရာင္က်ေဆးလိမ္းတာ၊ Hemmorex Ointment လိပ္ေခါင္းေရာဂါ ေဆးမ်ား ၀ယ္လိမ္းျခင္းနည္းျဖင့္ ကုသႏိုင္သလို ဆရာ၀န္နဲ႔ ျပသၿပီး ကုသမႈကိုခံယူပါ။

Written By Health Products Directory

Read times
Rate this item
(1 Vote)