What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Tuesday, 12 December 2017 13:19

တီဘီရောဂါနှင့်ပတ်သက်၍ သိထားသင့်သော အချက်များ

တီဘီရောဂါနှင့်ပတ်သက်၍ သိထားသင့်သော အချက်များ google.com

ကူးစက်နိုင်သော တီဘီရောဂါသည် အများအားဖြင့် အဆုတ်ကို ထိခိုက်လေ့ရှိသော်လည်း ခန္ဓာကိုယ်၏ အခြားသော အစိတ်အပိုင်း များကိုလည်း ထိခိုက်စေနိုင်သည်။

တီဘီရောဂါသည် လေမှတစ်ဆင့် အလွယ်တကူ ကူးစက်နိုင် သည်။ ငုပ်လျှိုးနေသောတီဘီရောဂါနှင့် သက်ဝင်လှုပ်ရှားတီဘီ ရောဂါဟူ၍ နှစ်မျိုးရှိသည်။

လူထူထပ်သော နေရာများမှတစ်ဆင့် တီဘီရောဂါကူးစက်နိုင် သည်။ ကျန်းမာရေးနှင့်မညီသော နေထိုင်စားသောက်မှုပုံစံ၊ အာ ဟာရမပြည့်ဝခြင်းနှင့် ကိုယ်ခံအားနည်းခြင်းကြောင့်လည်း တီဘီ ရောဂါဖြစ်နိုင်သည်။

ရောဂါလက္ခဏာများတွင် သီတင်းသုံးပတ်ကျော်ကြာ ဆိုးဆိုး ရွားရွား ချောင်းဆိုးခြင်း၊ ရင်ဘတ်နာကျင်ခြင်း၊ ချောင်းဆိုးချိန်သွေး ပါခြင်း၊ အားနည်းခြင်း၊ ကိုယ်အလေးချိန်လျော့ကျခြင်း၊ အစာစား ချင်စိတ်နည်းခြင်း၊ အဆက်မပြတ်ချောင်းဆိုးခြင်း၊ အသက်ရှူရခက် ခြင်း၊ ချမ်းတုန်ဖျားခြင်း၊ ညအချိန်ချွေးထွက်ခြင်း၊ သလိပ်များခြင်း၊ အသက်ရှူချိန်နှင့် ချောင်းဆိုးချိန်နာကျင်ခြင်း အလွန်မောပန်းသလို ခံစားရခြင်း စသော လက္ခဏာများ ပါဝင်သည်။

တီဘီရောဂါကို ကာကွယ်ရေး ပထမဆုံးအဆင့်အနေဖြင့် လူ တစ်ဦးမှ နောက်တစ်ဦးသို့ မကူးစက်အောင် ကာကွယ်ရမည်ဖြစ် သည်။

တီဘီရောဂါပိုးရှိသည်ဟု စစ်ဆေးတွေ့ရှိသည်နှင့် ဆရာဝန် နှင့် ကုသသင့်သည်။

ရောဂါကုသခံနေစဉ် နေအိမ်ထဲ၌သာနေပြီး ပါးစပ်နှင့် နှာခေါင်းတို့ကို ဖုံးအုပ်ထားကာ လေဝင်လေထွက် ကောင်းသော အခန်းတွင် နေသင့်သည်။

တီဘီရောဂါ ကာကွယ်ဆေးထိုးခြင်းဖြင့်လည်း ယင်းရောဂါကို ကာကွယ်နိုင်သည်။ တီဘီရောဂါ သည်နှင့် တစ်ခန်းတည်း အချိန်အ ကြာကြီးမနေသင့်ပေ။

စောစောစီးစီး စစ်ဆေးတွေ့ရှိပြီး ကုသမှုခံယူ ခြင်းသည် တီဘီရောဂါ မပြန့်ပွားရေး အထိရောက်ဆုံး ကာကွယ်ရန် နည်းလမ်းဖြစ်သည်။

ချောင်းဆိုး၊ နှာချေပြီးနောက် လက်ကို သန့်ရှင်းအောင် ဆေး ကြောသင့်သည်။

တီဘီရောဂါကာကွယ်ဆေး BCG သည် ၈၀ ရာ ခိုင်နှုန်းအထိ ၁၅ နှစ်အတွင်း ကာကွယ်ပေးနိုင်သည်။

Source: 7day daily

Read times Last modified on Wednesday, 13 December 2017 10:10
Rate this item
(1 Vote)