What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 19 February 2020 12:45

ခြေထောက်ရောင်ရမ်းခြင်းမှ ဖြစ်ပေါ်နိုင်တဲ့ ရောဂါများ

ခြေထောက်ရောင်ရမ်းခြင်းကို လူအများစု ကြုံတွေ့ဖူးကြပြီး တစ်ခါတလေနာကျင်တာများ ဖြစ်ပေါ်တတ်ပါတယ်။

ခြေထောက်ရောင်ရမ်းခြင်းက ကြာရှည်စွာထိုင်တာ ၊ မတ်တပ်ရတာ ၊ ကိုယ်ဝန်ရှိချိန် ၊ပြင်းထန်သော ကိုယ်လက်လေ့ကျင့်ခန်းများပြုလုပ်ခြင်းဖြင့်လည်း ခြေထောက်ရောင်ရမ်းတတ်ပါတယ်။ ထိခိုကမှုမရှိဘဲ ခြေထောက်ရောင်ခြင်း နဲ့ ရင်ဆိုင်နေရင် စိုးရိမ်စရာမဟုတ်ပေမဲ့ ခန္ဓာကိုယ်အတွင်းပိုင်း ချို့ယွင်းချက်များ ဖြစ်ပေါ်နိုင်တဲ့အတွက် သတိထားဖို့လိုပါတယ်။

 

ကျောက်ကပ်ပျက်စီးခြင်း

ကျောက်ကပ်က ခန္ဓာကိုယ်အတွင်းရှိ အညစ်အကြေးများ စွန့်ထုတ်မှု လျော့နည်းလာပြီး စုပုံလာသောကြောင့် ခြေထောက်ရောင်ရမ်းခြင်းကိုဖြစ်ပေါ်စေနိုင်ပါတယ်။

 

အသည်းရောဂါ

အသည်းရောင် အသားဝါရောဂါဖြစ်ပြီး အသည်းခြောက်လာတဲ့အခါ အသည်းတွင်းရှိသွေးကြောဆင်းစီးမှု လျော့နည်းလာတာ ၊သွေးကြောကိုထိန်းပေးတဲ့ ပရိုတင်းတစ်မျိုး မထုတ်လုပ်နိုင်တဲ့အတွက် ခြေထောက်ရောင်ရမ်းခြင်းကို ဖြစ်ပေါ်စေနိုင်ပါတယ်။

 

နှလုံချို့ယွင်းခြင်း

နှလုံးကသွေးများကို ညစ်ထုတ်ပေးခြင်းလုပ်ငန်းကို ကောင်းမွန်စွာ အလုပ်မလုပ်ခြင်းဖြင့် ခန္ဓာကိုယ်အောက်ပိုင်း သွေးလည်ပတ်မှု လျော့နည်းလာခြင်းကြောင့် ခြေထောက်ရောင်ရမ်းခြင်းကို ဖြစ်ပေါ်စေနိုင်ပါတယ်။

 



 

သွေးခဲပိတ်ခြင်း

ကိုယ်ဝန်ရှိ ချိန် ၊ ကြာရှည်စွာထိုင်ပြီး အလုပ်လုပ်တာ ၊ အဝလွန်တာ ၊ နှလုံးအားနည်းတာ ၊ ကင်ဆာရောဂါရှိတာ စတဲ့လက္ခဏာ များကြောင့် ခြေထောက်ရောင်ရမ်းခြင်းကို ဖြစ်ပေါ်စေနိုင်ပါတယ်။

 

ပဋိဇီဝဆေးဝါးများ သောက်သုံးခြင်း

အကိုက်ခဲပျောက်ဆေး ၊ ဟော်မုန်းဆေး ၊ သန္ဓေသားဆေး စတဲ့ဆေးဝါးများကြောင့်လည်း ခြေထောက်ရောင်ရမ်းခြင်းကို ဖြစ်ပေါ်စေနိုင်ပါတယ်။

 

အရက်သောက်ခြင်း

အရက်အလွန်အကျွံသောက်ခြင်းက အသည်း၊ ကျောက်ကပ် ၊ နှလုံး နဲ့ အာရုံကြောဆိုင်ရာများကို ထိခိုက်နိုင်တဲ့အပြင် သွေးစီးဆင်းမှုနှုန်းကိုပါ ထိခိုက်ခြင်းကြောင့် ခြေထောက်ရောင်ရမ်းခြင်းကို ဖြစ်ပေါ်စေနိုင်ပါတယ်။

Written By Health Products Directory

 

(Zawgyi)

=====



 



 

အသည်းရောဂါ


 



 

Baby Clinics  (ကလေး အထူးကုဆေးခန်း ၄၀ ကျော်ကို ကြည့်ရန် နှိပ်ပါ)

Image result for Baby Clinics

 

သွေးခဲပိတ်ခြင်း


 



 

အရက်သောက်ခြင်း



Read times
Rate this item
(2 votes)