What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Tuesday, 07 June 2022 15:33

ဆီးချိုရောဂါ ရဲ့ ဆိုးကျိုးများ

ဆီးချိုရောဂါဟာ ခန္ဓကိုယ်တစ်ကိုယ်လုံးလိုလိုကို ထိခိုက်စေပါတယ်။ လူ့ခန္ဓကိုယ်မှာရှိတဲ့ ကလာပ်စည်း(ဆဲလ်) အားလုံး အစာအာဟာရချို့တဲ့သွားရပါတယ်။

သွေးထဲမှာ သကြားဓာတ်တွေလွန်ကဲနေတော့ ဒီသကြားဓာတ်လွန်ကဲတဲ့ ဒဏ်မခံနိုင်တဲ့ အင်္ဂါအစိတ်အပိုင်းတွေကို တိုက်ရိုက်ထိခိုက်စေပါတယ်။ ဆီးချိုရောဂါဟာ သွေးကြောကြီး၊ သွေးကြောငယ်၊ အာရုံကြောတို့ကို ထိခိုက်ပျက်စီးစေပြီး၊ ကူးစက်ရောဂါတွေကို ပိုမိုဖြစ်ပွားစေပါတယ်။

သွေးကြောကြီးတွေကို ထိခိုက်ရင် - နှလုံးရောဂါဖြစ်ပွားစေပါတယ်။၊

လည်ပင်းသွေးကြောတွေကို ထိခိုက်ရင် လေဖြတ်စေနိုင်ပါတယ်။

ဦးနှောက်မှာဆိုရင် လေဖြန်းတာတွေနှင့် ကာလတာရှည်လာရင် သူငယ်ပြန်ရောဂါတွေ ဖြစ်စေနိုင်ပါတယ်။

ခြေထောက်မှာဆိုရင် သွေးလျှောက်မှုထိခိုက်ပြီး၊ ခြေထောက်ပုပ်၊ ဖြတ်တောက်ရတာတွေ ဖြစ်စေနိုင်ပါတယ်၊

သွေးကြောငယ်လေးတွေကို ထိခိုက်ရင် - မျက်စိထဲမှာ သွေးယိုစီးတာနဲ့ အခြားထိခိုက်တာတွေကြောင့် မျက်စိကွယ်စေနိုင်ပါတယ်၊

ကျောက်ကပ်ထဲက သွေးကြောငယ်လေးတွေ ထိခိုက်တဲ့အခါ ကျောက်ကပ်က ခန္ဓာကိုယ်တွင်းမှာရှိတဲ့ အဆိပ်အတောက်တွေမစွန့်ပစ်ပေးနိုင်တာကြောင့် သွေးဆိပ်တက်ပြီး၊ အသက်ဆုံးပါးနိုင်ပါတယ်၊

အာရုံကြောတွေ ထိခိုက်ရင် - ခြေထောက်ထုံပြီး နာတာကျဉ်တာ မသိရတော့ အနာတွေ ပေါက်၊ နောက်ပြည်တည်ပြီး ပုပ်သွားတာမျိုးဖြစ်နိုင်ပါတယ်၊ - ပန်းသေ၊ ပန်းညှိုးဖြစ်နိုင်ပါတယ်၊

ဆီးအိမ်အာရုံကြောတွေ ထိခိုက်လို့ ဆီးမထိန်းနိုင်တာမျိုးဖြစ်နိုင်ပါတယ်၊

အဖြစ်များတဲ့ ကူးစက်ရောဂါတွေကတော့ - မှဲ့က္ခရု - အဆုတ်အအေးမိတာနဲ့ - အရေပြား အနာတွေပါပဲ၊

ဆီးချိုရောဂါဖြစ်နိုင်တဲ့သူတွေ - သက်ကြီးပိုင်း ဆီးချိုရောဂါဟာ အဖြစ်အများဆုံးဖြစ်ပြီး၊

ဆီးချိုရောဂါရဲ့ ၉၀% က ၉၅%လောက်က ဒီရောဂါမျိုးပါဘဲ၊ - အသက် ၄၀ ကျော်ရင်စတင်ဖြစ်ပွားနိုင်ပြီး၊ အသက် ၅၅ ကျော်တွေမှာ အဖြစ်အများဆုံးပါဘဲ၊

သက်ကြီးပိုင်း ဆီးချိုရောဂါသည်အများစုဟာ ၀ တတ်ကြပါတယ်၊ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ အစားအသောက် ပြောင်းလဲ စားသောက်တာကြောင့် ခုအချိန်မှာ ၀ တဲ့လူကြီးရော ကလေးပါတစ်ပုံကြီး ရှိလာနေပါတယ်၊

ဆီးချိုဖြစ်ပွားနှုန်းဟာ လူမျိုးနှင့် မျိုးနွယ်လိုက်ပြီး ကွဲပြားခြားနားပါတယ်။

Read times
Rate this item
(1 Vote)