လုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ချေးငွေ အမေရိကန် ဒေါ်လာသန်း ၅၀ အား ကမ္ဘာ့ဘဏ်က ယနေ့တွင် အတည်ပြုလိုက်သည်။
စီမံကိန်းသည် အဓိကအားဖြင့် သတ်မှတ်ထားသည့် ဆေးရုံများ၏ အထူးကြပ်မတ်စောင့်ရှောက်မှု ဌာနများအား အဆင့်မြှင့်တင်သွားမည် ဖြစ်ပြီး ကျန်းမာရေး ၀န်ထမ်းများအား စွမ်းဆောင်ရည် မြှင့်တင်ပေးရန်နှင့် ရပ်ရွာလူထုအား အသိပေးခြင်း လုပ်ငန်းများ အား တစ်နိုင်ငံလုံးတွင် တိုးမြှင့်ဆောင်ရွက်သွားနိုင်ရန် အဓိက ရည်ရွယ်ထားပါသည်။
စီမံကိန်းတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ဗဟိုအဆင့် ဆေးရုံ ရှစ်ရုံနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့် ဆေးရုံ ၄၃ ရုံ ပါ၀င်မည်ဖြစ်ပြီး လုပ်ငန်းများအား အပိုင်းလိုက် ဆောင်ရွက်သွားမည် ဖြစ်ရာ အရေးပေါ် အလိုအပ်ဆုံး ဖြစ်သည့် ဒေသများ - ဥပမာအားဖြင့် လူဦးရေ ထူထပ်သည့် ဒေသများ၊ ခရီးသွားလာသူများနှင့် ရွှေ့ပြောင်း လုပ်သား အများအပြားရှိသည့် ဒေသများတွင် ဦးစားပေး ဆောင်ရွက်သွားမည် ဖြစ်သည်။
The World Bank has approved a US$50 million credit for the Myanmar COVID-19 Emergency Response Project, as part of global emergency support operations through a dedicated fast-track COVID-19 facility. For more information: