What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Monday, 28 September 2020 16:54

မူးရစ်ဆေးဝါး ဆေးခြောက်သုံးစွဲသူများ ကိုဗစ် စက်ကွင်းမလွတ်နိုင်

ဆေးခြောက် သုံးစွဲသူများ ဟာ အဆုတ်တွင် လောင်ကျွမ်းမှု့ဖြစ်စဉ် ပိုမို များပြားသဖြင့် အကယ်၍ ကိုရိုရောဂါ ရှိပါက အတော်လေး ကုသဖို့ ခက်ခဲတယ် သိရပါတယ်။ကိုရိုနာ ဗိုင်းရစ်ဟာ လူတစ်ယောက်ရဲ့ ကိုယ်တွင်း ကလီစာ များ အပြင် အထူးသဖြင့် အဆုတ်တွင်တွယ်တတ်သော ရောဂါ ဖြစ်သောကြောင့် အကယ်၍ သင်ကသာ မူးယစ်ဆေးသမားဆိုအဆုတ်တွေက အကောင်း ပကတိ မရှိသဖြင့် ကျန်းမာရေး ဝန်ထမ်းများရောဂါ ကုသရာတွင် ပိုမို အားစိုက်ရသလို ပျောက်ကင်းစေဖို့ ခက်ခဲနိုင်ပါတယ်တဲ့။

 

အကယ်၍ သင်က ဆေးခြောက်သုံးစွဲသူဆိုပါတော့ ကိုယ်တွင်းမှာ ကိုယ်ခံအားမရှိပဲ ဗိုင်းရပ်ကို ပျံပွါးမှု့ ပိုမြန်စေမှာပါ။ကိုရိုနာ ရောဂါက နမိုးနီးယား ရောဂါနဲ့ ခပ်ဆင်ဆင်ပါပဲ ဖျားနေမယ် ၊ နှုန်းချိမယ် နမိုးနီးယားထက်ဆိုးတာက သင့်ကိုယ်တွင်းမှာ ကိုယ်ခံအားမရှိပါက ကိုယ်တွင်းရှိ Organ တွေကို ဝါးမြိုမှု့နှုန်းပိုမြန်ပါမယ်။

 

ထို့အပြင် ဆေးခြောက်သုံးဆွဲသူတွေဟာ ချောင်းခြောက်ဆိုးသဖြင့် ကိုရိုနာ ရောဂါရဲ့ ဖြစ်ပွါးမှု့ နှင့် ပုံစံတူပါတယ်တဲ့၊ အမေရိကန်မှာဘာကြောင့် အသေ အပျောက် များပြားရလဲဆိုတော့ကား ထိုဆေးခြောက်သုံးစွဲသူ များပြားလို့ ကိုရိုနာ ကူးစက်လွယ် ကုသရ ခက်ခဲသဖြင့် နောက်ဆုံးသေပွဲဝင်ကြရတယ်သိရပါတယ်။

 

American Lung Association ( အမေရိကန် အဆုတ် ရောဂါ ကုသမှု့ဆိုင်ရာ အဖွဲ့ချုပ် ) မှ Dr Albert Rizzo ပြောကြားချက်ကတော့ ဆေးခြောက်သမားတွေက အဆုတ်ကိုသွားတဲ့ လေပြွန် လမ်းကြောင်းတွေက ပျက်ယွင်းနေပြီးသားမို့ ရောဂါဝင်ရ ပိုမိုလွယ်ကူပါတယ်တဲ့။အမေရိကန်မှာ လူပေါင်း ၇,၃၂၁,၃၄၃ သန်း ကိုရိုနာ ဗိုင်းရစ်ရောဂါ ကူးစက်ခံထားရပြီး သေဆုံးသူ ၂၀၉၄၅၃ သိန်းခန့်ရှိပြီသိရပါတယ်။တကယ်တန်း နယူးရောဇ့်မြို့ ကြီးမှာရှိတဲ့လူငယ်တိုင်းဟာ ဆေးခြောက်ကို အရင်က သုံးစွဲမှု့များကြတယ် သိရပါတယ်။

 

2018 National Survey on Drug Use and Health ရဲ့ စစ်တမ်းအရ ၂၀၁၈ မှာဆိုလျှင် လူဦးရေ ၄၃ မီလီယံ ဆေးခြောက်သုံးစွဲပြီး အသက် ၁၂ နှစ်နှင့်အထက် ကလေးများပါ ဆေးခြောက်သုံးစွဲတယ်သိရပါတယ်။

Read times
Rate this item
(0 votes)