What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 18 August 2017 10:45

ကင်ဆာရောဂါ ကာကွယ်ရန် အချက် (၈) ချက်

ကင်ဆာရောဂါ ကာကွယ်ရန် အချက် (၈) ချက် google.com

ကင်ဆာရောဂါဆိုတာ အရမ်းကြောက်စရာကောင်းပါတယ်။ ပျောက်ကင်းအောင် ကုသဖို့လည်း မလွယ်ကူပါဘူး။

ထို့ကြောင့် ကင်ဆာရောဂါမဖြစ်စေဖို့ ကြိုတင်ကာကွယ်နိုင်မယ့် နည်းလမ်း (၈) မျိုး ဖော်ပြပေးလိုက်ပါတယ်။

၁. ရေနွေးကြမ်းများများသောက်ပါ။

ရေနွေးကြမ်းသည် အဆိပ်ပေါင်းများစွာကို ဖြေပေးပါသည်။ ဒါ့ကြောင့် ရင်သား၊ အူမကြီး၊ သားအိမ်နှင့် အဆုတ်ကင်ဆာတို့မှ ကာကွယ်ပေးနိုင်ပါတယ်။

၂. သင့်တော်တဲ့အလေးချိန်ရအောင်ယူပါ။

အစာနည်းနည်းကို ခဏခဏစားပါ။ အသီးအရွက်များများစားပေးပါ။

READ - ကင်ဆာရာဂါအတွက် ဆင်ခြင်သင့်တဲ့ အစားအစာများနှင့် ကာကွယ်နိုင်တဲ့ အစားအစာများ

၃. လေ့ကျင့်ခန်းပုံမှန်လုပ်ပါ။

အလုပ်မအားလပ်အောင် အလုပ်များနေသူဖြစ်ပါစေ နေ့စဉ်လေ့ကျင့်ခန်းလုပ်ဖို့ အချိန်ဖယ်ထားပါ။ လေ့ကျင့်ခန်း လုပ်ခြင်းက စိတ်ကို တက်ကြွလန်းဆန်းခြင်းကို ဖြစ်စေပါတယ်။

၎. ဖြစ်နိုင်ရင်ဆေးလိပ်ကိုရှောင်ပါ။

ဆေးလိပ်သောက်နေပြီးသားသူတွေအတွက်တော့ ခက်ခဲမယ်ထင်ရပါတယ်။ သို့ပေမယ့် အရမ်းကြီး မသောက်ဘဲ တတ်နိုင်သလောက်လျော့သောက်ပြီး ဖြတ်ကြည့်သင့်ပါတယ်။

၅. ကြက်သွန်ဖြူများများစားပါ။

ကြက်သွန်ဖြူကို ဟင်းချက်တဲ့နေရာမှာ၊ အသုပ်သုပ်တဲ့နေရာများပဲဖြစ်ဖြစ် ပိုပိုများများစားပေးပါ။ ဒါပေမယ့် စားသလောက် အနံ့ထွက်တာဖြစ်လို့ ခံတွင်းအနံ့မနံ့အောင်တော့ ဂရုစိုက်ပါ။

၆. အရက်သေစာများကို တတ်နိုင်သလောက်ရှောင်ပါ။

ဒီခေတ်ကြီးမှာ ဘီယာ၊ အရက်တွေ ရှောင်ဖို့ဆိုတာ လွယ်လှတဲ့ ကိစ္စမဟုတ်ပါဘူး။ ဒါပေမယ့် ကျန်းမာရေး အတွက်မို့လို့ တတ်နိုင်သလောက် ရှောင်ပါ။

၇. နေလောင်ဒဏ်မှ ကာကွယ်ပါ။

နေပူထဲသွားမယ်ဆိုရင် ထီး၊ ဦးထုပ်ဆောင်းပါ။ Suncream လိမ်းပါ။

၈. လိင်ဆက်ဆံရာမှတစ်ဆင့် ကူးစက်နိုင်သောရောဂါမွှားများထံမှ ကာကွယ်ပါ။

ကျန်းမာရေးနဲ့ အညီရှိတဲ့ လူနေမှုဘဝကိုလည်း ရဖို့အရေးကြီးပါတယ်။ လိင်ကနေ တစ်ဆင့် ကူးစက်နိုင်တဲ့ရောဂါတွေကလည်း များပြားလှတဲ့အတွက် ဒီကိစ္စကိုလည်း ဂရုပြုပေးပါ။ 

ဒီအချက်တွေကို လိုက်နာမယ်ဆိုရင်တော့ သင်ဟာ အလွန်ပင်ကြောက်စရာကောင်းတဲ့ ကင်ဆာရောဂါမှ ကာကွယ်နိုင်မှာ သေချာနေပါပြီ။

ကင်ဆာရောဂါကို ကာကွယ်နိုင်မည့် ဟင်းချက်နည်း ၇ နည်း

source: yoyarlay

Read times
Rate this item
(0 votes)