လူအများစုဟာ အဆုတ်ကင်ဆာဖြစ်ပြီဆိုလျှင် ရောဂါကျွမ်းမှသိတတ်ကြပါတယ်။
သို့သော်လည်း အဆုတ်ကင်ဆာဟာ အခြားကင်ဆာများနည်းတူ ရှေ့ပြေးလက္ခဏာရပ်တွေရှိပါတယ်။ ဒါကြောင့် အဆုတ်ကင်ဆာ၏ ရှေ့ပြေးလက္ခဏာရပ်များကို စုစည်းတင်ပြပေးလိုက် ပါတယ်။
၁။ အဆက်မပြတ်ချောင်းဆိုးခြင်း (သို့) မခံမရပ်နိုင်ချောင်းဆို့ခြင်း
၂။ သလိပ်တွင်းသွေးစသွေးနများပါခြင်း
၃။ ရင်ဘတ်အောင့်၍ အသက်ရှူရခက်ခဲခြင်း
၄။ ရယ်မောရာတွင် အလွန်အကျွံမောဟိုက်ခြင်း
၅။ အစားအသောက်စားချင်စိတ်မရှိ၍ ကိုယ်အလေးချိန်ကျဆင်းခြင်း
၆။ အသက်ရှူမဝခြင်း
၇။ ပင်ပန်းနွမ်းနယ်အားနည်းခြင်း
၈။ တုပ်ကွေးမှတစ်ဆင့်ဖြစ်ပွားသော ချောင်းဆိုးခြင်းနှင့် အဆုပ်ရောင်ရောဂါများ ဖြစ်ပွားပါက ပျောက်ကင်းမှုမရှိခြင်း
၉။ စကားပြောရာတွင် အသံဝင်ခြင်းမကြာခဏဖြစ်ခြင်း
အထက်ပါလက္ခဏာရပ်များခံစားရပြီဆိုပါက နီးစပ်ရာဆရာဝန် (သို့) အဆုတ်ကင်ဆာအထူးပြုဆရာဝန်များနှင့် အမြန်ဆုံးတိုင်ပင်ကာ ဆေးကုသမှုခံယူသင့်ပါတယ်။