What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Thursday, 16 November 2017 10:40

အရက်သောက်ခြင်းကြောင့် ကင်ဆာခုနစ်မျိုး ဖြစ်ပွားနိုင်

အရက်သောက်ခြင်းကြောင့် ကင်ဆာခုနစ်မျိုး ဖြစ်ပွားနိုင် google.com

အရက်သောက်ခြင်းကြောင့် ကင်ဆာရောဂါ ခုနစ်မျိုးထက်မနည်း ဖြစ်ပွားနိုင်ကြောင်း အမေရိကန်ထိပ်တန်း ဆရာဝန်များက သတိ ပေးသည်။

အရက်ကို အနည်းငယ် (သို့မဟုတ်) အတန်အသင့် သောက်လျှင်ပင် အစာပြွန်ကင်ဆာ၊ ခံတွင်းကင်ဆာ၊ အသည်းကင်ဆာ၊ အူမကြီးကင်ဆာနှင့် ရင်သားကင်ဆာရောဂါတို့ ဖြစ်ပွားနိုင်ကြောင်း ၎င်းတို့က သတိပေးသည်။

ယင်းကင်ဆာရောဂါများသည် ကင်ဆာရောဂါ ဖြစ်ပွားမှုများ၏ ၅ ရာခိုင်နှုန်းကျော်ကို ကိုယ်စားပြုသော ရောဂါအမျိုးအစားများဖြစ်ပြီး ကမ္ဘာတစ်ဝန်း ကင်ဆာကြောင့် သေဆုံးမှု၏ ၅ ရာခိုင်နှုန်းသည် ယင်းကင်ဆာ ရောဂါအမျိုးအစားများ ကြောင့်ဖြစ်သည်။

၂၀၁၃ က လေ့လာမှုတစ်ရပ်တွင် အမေရိကန်နိုင်ငံသား ၇၃ ရာခိုင်နှုန်းသည် အရက်သောက်ပြီး ၎င်းတို့အနက် ၁၃ ရာခိုင်နှုန်းခန့်သည် အလွန်အကျွံသောက်သုံးကြကြောင်း သိရသည်။

အမေရိကန်နိုင်ငံတွင် ၂၀၀၁ နှင့် ၂၀၀၂ ကြား အရက်သောက်သုံးမှု သိသိသာသာ ပိုများလာကြောင်း သိရသည်။

အမေရိကန် ရောဂါထိန်းချုပ်ကာကွယ်ရေးဌာန (CDC) ၏ သတ်မှတ်ချက်အရ အမျိုးသမီးများသည် တစ်နေ့လျှင် အရက်တစ် ပက် (သို့မဟုတ်) သီတင်းတစ်ပတ်တွင် အရက်ရှစ်ပက်ထက် ပို မသောက်သင့်ကြောင်း သိရသည်။

အမျိုးသားများအနေဖြင့် တစ် နေ့လျှင် အရက်နှစ်ပက်ထက် ပိုမသောက်သင့်ကြောင်း ပညာရှင်များက ညွှန်ကြားထားသည်။

သို့သော် အမေရိကန်နိုင်ငံသားများသည် ယင်းသတ်မှတ်ချက်ထက် များစွာပို၍ သောက်သုံးကြောင်း စစ်တမ်းများက ဖော်ပြသည်။

အမျိုးသမီးများ အရက်သောက်ခြင်းကြောင့် မဟော်မုန်းပမာ ဏမြင့်တက်လာပြီး ရင်သားကင်ဆာ ဖြစ်နိုင်သည့်အန္တရာယ် မြင့်မားလာကြောင်း ပညာရှင်များကပြောသည်။

အရက်အလွန်အကျွံသောက်သူများအနေဖြင့် လျှော့သောက် ခြင်းဖြင့် ကင်ဆာရောဂါဖြစ်ပွားနိုင်သည့် အန္တရာယ်များကို လျှော့ချ နိုင်ကြောင်း ပညာရှင်များကပြောသည်။

အရက်သောက်ခြင်းကြောင့် ဖြစ်ပွားမှုအများဆုံးရောဂါသည် အသည်းရောဂါဖြစ်ပြီး အသည်းထိခိုက် ပျက်စီးမှုများကတစ်ဆင့် အသည်းကင်ဆာဖြစ်နိုင်သည်။    

Source: 7day daily

Read times
Rate this item
(1 Vote)