What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Monday, 23 April 2018 17:17

အခုလို အပူဆုံးလတွင် အများဆုံးဖြစ်နိုင်သော အပူလျှပ်၍ လေဖြတ်ခြင်း

အခုလို အပူဆုံးလတွင် အများဆုံးဖြစ်နိုင်သော အပူလျှပ်၍ လေဖြတ်ခြင်း google.com

မြန်မာနိုင်ငံတွင် တန်ခူး၊ ကဆုန်၊ နယုန် (မတ်၊ ဧပြီ၊ မေ) သုံးလသည် အပူဆုံးလဖြစ်ပါတယ်။ နေပူထဲတွင်အလုပ်လုပ်ရသူများ အထူးသတိထားသင့်တဲ့ လဖြစ်ပါတယ်။ တခါတရံမိုးရွာတတ်ပေမဲ့လည်း အပူဆုံးအချိန်တွေများလှပါတယ်။

ဒီလိုပူလောင်တဲ့ ရာသီဥတုမှာ အဖြစ်များဆုံးရောဂါဆိုလျှင် အပူလျှပ်ခြင်းပါ။ ပြင်းထန်သော အပူဒဏ်နှင့် ထိတွေ့ပြီး အရေပြားမှတစ်ဆင့် ခန္ဓာကိုယ်သွေးကြောများ အတွင်းသို့ အပူဓာတ်လွန်ကဲစွာေ ရာက်သွား ပြီး ဖျားလာခြင်း၊ ထို့နောက် ဦးနှောက်သွေးကြောပေါက်ကာ သတိလစ်ခြင်း၊ ဦးနှောက်အတွင်းသွေးယိုစိမ့်မှု ကြောင့် လေဖြတ်ပြီး ခန္ဓာကိုယ်တစ်ခြမ်း(သို့) တစ်စိတ်တစ်ဒေသ မလှုပ်ရှားနိုင်တြော့ခင်း၊ စကားပီသအောင် မပြောနိုင်တော့ခြင်း၊ လုံးဝစကားမပြောနိုင်တော့ခြင်း စတဲ့ ဖြစ်ရပ်တွေဆက်တိုက်ဆိုသလို ဖြစ်ပွားနိုင်ပါတယ်။

ရုတ်တရက် လဲကျသွားပြီး စကားမပြောနိင်သူ၊ သတိလစ်သွားသူများကို လေဖြတ်သွားသည်ဟု ဆိုကြပါတယ်။ တကယ်တော့ လေဖြတ်ခြင်းမှာ ခြေ၊ လက်၊ ကိုယ်တစ်ခြမ်းသာ ဖြစ်လေ့ရှိတာပါ။ နွေရာသီမှာဆိုရင် အပူဒဏ်ခံ ရပြီး(Heat stroke) ခေါ် အပူဒဏ်ကြောင့် လေဖြတ်ခြင်းမှာ အဖျားကြီးပြီး သတိလစ်သွားခြင်းမျိုးဖြစ်ပါတယ်။ လေဖြတ်သူအများစုမှာ အဖျားမရှိကြပဲ အပူလျှပ်၍ လေဖြတ်ခြင်းမှာ အဖျားကြီးခြင်း၊ ကိုယ်အပူချိန်အလွန်တတ် ခြင်းမျိုးတွေ့ရပါတယ်။

အပူလျှပ်၍ လေဖြတ်ခြင်း (၂) မျိုးရှိပါတယ်။

(က) နေပူထဲမှ ပြန်လာပြီး အအေးထဲသို့ ဝင်ရောက်ခြင်း၊ ရေအေးသောက်ခြင်း၊ ရေချိုးခြင်းများ ပြုလုပ်မိခြင်း၊

(ခ) အအေးခန်းမအတွင်း နေထိုင်ရာ မှ ရုတ်တရက်ပူပြင်းသော နေရောင်အောက်သို့ ထွက်ခြင်း၊။(ဥပမာ- အဲကွန်းကားစီးပြီး ဆင်းလိုက်သောအခါ ပူပြင်းသော နေရောင်ခြည်နှင့် တိုက်ရိုက်ထိတွေ့ခြင်း)၊

အပူအအေး ဝိရောဓိဖြစ်ခြင်းဟုခေါ်သော ဆန့်ကျင်ဘက်ဖြစ်ခြင်းကြောင့် ခန္ဓာကိုယ်အတွင်း သွေးစီးကြောင်းများတွင် သွေးကြောများ ရုတ်ခြင်းပြောင်းလဲမှုဒဏ်ကို မခံနိုင်တော့ဘဲ သွေးကြောကြီးများ အက် ကွဲခြင်း၊ သွေးကြောငယ်များ ပြတ်ထွက်ခြင်း ဖြစ်နိုင်ပါတယ်။ အသက်ကြီးသူများပိုဖြစ်နိုင်ပြီး သူတို့ရဲ့ သွေးကြောများမှာ ဟောင်းနွမ်းပြီး မာဆတ်မှုကြောင့် ပူ၍ကျယ်ခြင်း၊ အေး၍ ကျုံခြင်းဒဏ်ကို မခံနိုင်တော့တာပါ။

အပူဒဏ်ကြောင့် သတိလစ်ခြင်း ၊ အပူလျှပ်၍ လေဖြတ်ခြင်း မဖြစ်စေရန် အောက်ပါ အချက်များကို ဂရုပြုဆောင်ရွက်ရန်လိုအပ်ပါတယ်။

(၁) နေပူပြင်းချိန်တွင် အပြင်မထွက်ပါနဲ့ မလွဲမရှောင်သာလိုထွက်ရမည်ဆိုပါက လုံခြုံသောအဆောင်း၊ အကာ၊ ထီး၊ ဦးထုပ်ဆာင်ထားကြပါ။

(၂) စောင့်ဆိုင်းရသော အလုပ်ဖြစ်လျှင် သစ်ပင်အရိပ်၊ အဆောက်အအုံ အရိပ်အောက်တွင် စောင့်ပါ။

(၃) ရေငတ်လျှင် ရိုးရိုးရေပဲသောက်ပါ။ ရေခဲရေမသောက်ပါနဲ့၊

(၄) အဲကွန်းကားစီးပြီး လိုရာရောက်၍ နေပူရှိန်ပြင်းနေသောနေရာတွင် ဆင်းရမည်ဆိုလျှင် မဆင်းမီက ကြိုတင်ပြီး ရေသောက်ထားပါ၊ အစာအိမ်အတွင်းရေရှိလျှင် သွေးကြောများက ရေကို စုပ်ယူထားသဖြင့် တော်ရုံ အပူဒဏ်ကို ခံနိုင်ပါတယ်။

(၅) နေပူထဲမှ ပြန်လာပြီးလျှင် ရေခဲရေ(လုံးဝ) မသောက်ပါနဲ့၊ ရေမချိုးပါနဲ့၊ မျက်နာမသစ်ပါနဲ့၊

(၆) ရေနွေးကြမ်းတွင် ဆားလှော်အနည်းငယ်ခတ်သောက်ခြင်းသည် ရှေးလူကြီးများ၏ အပူဒဏ် ကာကွယ်နည်းဖြစ်ပါတယ်။

Source: The mirror

Read: အရေးပေါ်လူနာတင်ယာဉ်ုဖြစ်တည်လာရခြင်း အကြောင်း

Related image

Read times
Rate this item
(0 votes)