What's New




Monday, 25 September 2023 16:44

ကမ္ဘောဒီးယားတွင် ၇ နှစ်အတွင်း ဇီကာကူးစက်မှု ပထမဆုံးဖြစ်ပွားကြောင်း ကြေညာ

ကမ္ဘောဒီးယားတွင် ၇ နှစ်အတွင်း ဇီကာကူးစက်မှု ပထမဆုံးဖြစ်ပွားကြောင်း ကြေညာ

To Get Instant Update
https://t.me/Guid4U

JOIN THE CHANNEL 

ကမ္ဘောဒီးယားနိုင်ငံတွင် ၂၀၁၆ ခုနှစ်နောက်ပိုင်း ဇီကာ Zika ဗိုင်းရပ်စ်ကူးစက်ခံရသူ ပထမဆုံးအကြိမ် ပြန်လည်တွေ့ရှိထားကြောင်း ကမ္ဘောဒီးယားနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန (MoH) က တနင်္ဂနွေနေ့ (စက်တင်ဘာ ၂၄)သတင်းထုတ်ပြန်သည်။

Kampong Thom ပြည်နယ်အလယ်ပိုင်းမှ အသက် (၇) နှစ်အရွယ် မိန်းကလေးတဦးကို Baray Santuk Referral Hospital တွင် ပြီးခဲ့သည့် တနင်္လာနေ့က  သွေးလွန်တုပ်ကွေးဟု သံသယရှိသဖြင့် ဆေးရုံတင်ခဲ့သည်။

ကြာသပတေးနေ့တွင် ဆေးစစ်ချက်ရလဒ်သည် သူမတွင် ဇီကာဗိုင်းရပ်စ် ကူးစက်ခံထားရကြောင်း အတည်ပြုခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

ဇီကာသည် ခြင်ကျား (Aedes)မျိုးစိတ်များမှ အဓိကကူးစက်သော ဗိုင်းရပ်အဖျားရောဂါ ဖြစ်သော်လည်း လိင်ပိုင်းဆိုင်ရာ ထိတွေ့မှု၊ သွေးသွင်းခြင်းနှင့် မွေးရာပါမိခင်မှ ကလေးသို့လည်း ကူးစက်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

Zika ၏ ရောဂါလက္ခဏာများတွင် 

• အဖျားတက်ခြင်း

• ခေါင်းကိုက်ခြင်း

• အဖုအပိန့်များထွက်ခြင်း

• မျက်လုံးနီခြင်းနှင့်

• အဆစ်အမြစ်ကိုက်ခဲခြင်းတို့ ပါဝင်သည်။

လူနာအများစုမှာ ခုနစ်ရက်အတွင်း ပြန်လည်သက်သာလာကြောင်း၊ သေဆုံးနှုန်း အလွန်နည်းကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

 

photo_2023-09-25_16-42-10.jpg

 

ဇီကာဗိုင်းရပ်စ် ကူးစက်ခံထားရသူ အများစု ခန့်မှန်းခြေ ၈၀% မှာ ဇီကာဗိုင်းရပ်စ် ရောဂါလက္ခဏာ မပြပါ။

 

သို့သော်  ဗိုင်းရပ်စ်က ကိုယ်ဝန်ဆောင်အမျိုးသမီးဆီ ကူးစက်လျှင် သားအိမ်ထဲမှာ ကလေးသေဆုံးသည်အထိ ဖြစ်နိုင်သည်ဟု ဖော်ပြထားသည်။

ဇီကာ ဗိုင်းရပ်စ်ရောဂါ ထိပြီး မွေးဖွားလာသော ကလေးများတွင် 

• မျက်စိချွတ်ယွင်းမှု

• အကြားအာရုံဆုံးရှုံးမှု

• ကြီးထွားမှု မူမမှန်ခြင်း

• ဦးခေါင်းသေးငယ်ခြင်း

• သန္ဓေသားဦးနှောက်ချို့ယွင်းခြင်း 

စသည်တို့ ဖြစ်နိုင်ပါသည်။

 

Source khmertimeskh 


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

Read times Last modified on Monday, 25 September 2023 16:46
Rate this item
(0 votes)