What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Monday, 05 March 2018 14:19

အကိုက်အခဲပျောက်ဆေးများကြောင့် နှလုံးရုတ်တရက် ရပ်နိုင်ခြေများ

အကိုက်အခဲပျောက်ဆေးများကြောင့် နှလုံးရုတ်တရက် ရပ်နိုင်ခြေများ google.com

ibuprofen နဲ့ diclofenac တို့လို လူသုံးများတဲ့အကိုက်အခဲ ပျောက်ဆေးတွေက

ရုတ်တရက် နှလုံးရပ်နိုင်ခြေများတယ်လို့ ဆက်နွှယ်မှု တွေ့ရှိရပြီးနောက် သည်ဆေးတွေရောင်းချမှုကို တင်းကျပ်ဖို့ ဒိန်းမတ်သုတေသီ တွေက တိုက်တွန်းနေပါတယ်။ သုတေသနရလဒ်ကို ဗုဒ္ဓဟူးနေ့ က European Heart Journal မှာ ဖော်ပြခဲ့တာပါ။

Ibuprofen က ရုတ်တရက် နှလုံးရပ်နိုင်ခြေ ၃၁ ရာခိုင်နှုန်း ပိုများစေနိုင်ပြီး dicl-ofenac က ၅၀ ရာခိုင်နှုန်းရှိတယ်လို့ သုတေသီတွေကပြောပါတယ်။သည်ဆေးတွေဟာ စတီးရွိုက်မပါတဲ့အရောင်ကျဆေး (NSAIDs) တွေအဖြစ် သိကြတဲ့ အကိုက်အခဲပျောက်ဆေးအုပ်စုမှာပါဝင်ပြီး ကမ္ဘာတစ်လွှားမှာအသုံးများ ဆုံးဆေးတွေ ဖြစ်ကြပါတယ်။
သုတေသနကိုဦးဆောင်ခဲ့တဲ့ ပါမောက္ခဂန်းနားဂစ်ဆလာဆန်ကတော့ NSAIDs တွေကိုထိန်းချုပ်မှုတွေ ပိုတင်းကျပ်ဖို့တိုက်တွန်းခဲ့ပါတယ်။ သည်ဆေးတွေကို ဆရာဝန်ဆေးညွှန်းမပါဘဲ၊ ဒါမှမဟုတ် အကြံပြုချက်၊ ကန့်သတ် ချက်တွေမပါဘဲ ဝယ်ယူခွင့်ပေးနေတာက လူနာတွေအနေနဲ့ သည်ဆေးတွေက ဘေးအန္တရာယ် ကင်းတယ်လို့ ထင်မြင်သွားစေနိုင်တယ်လို့ သူကပြောပါတယ်။
NSAID ဆေးတွေဟာ cardiac arr-est ရစေနိုင်လောက်တဲ့အထိ နှလုံးသွေးကြော စနစ်အပေါ်သက်ရောက်မှုအတော်များများရှိတယ်လို့ သူက ပြောပါတယ်။ သည်သက်ရောက်မှုတွေထဲမှာ သွေးကလာပ်စည်းတွေအပေါ် လွှမ်းမိုးခြင်းနဲ့ သွေးခဲပိတ်ဆို့မှုတွေ ဖြစ်ပေါ်စေခြင်း၊ သွေးကြောတွေကျုံ့စေခြင်း၊ အရည်ဓာတ် ထိန်းသိမ်းမှုကိုတိုးစေခြင်းနဲ့ သွေးဖိအားကိုမြင့်တက်စေခြင်းတို့ပါဝင်ပါတယ်။

Source: Kumudra

Read times
Rate this item
(1 Vote)