What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 26 January 2018 17:41

ေဆာင္းတြင္းအႏ ၱရာယ္

ေဆာင္းတြင္းအႏ ၱရာယ္ google.com

ေဆာင္းရာသီကုန္ခါနီး ဒီရက္ပိုင္းေတြမွာ အရမ္းေအးလာပါတယ္။ ေအးလာတာနဲ႕အမွ်လူတိုင္းနီးပါးေလာက္ ေနမေကာင္းျဖစ္ေနၾကပါတယ္။

ရိုးရိုးေနမေကာင္းျဖစ္တာဆိုရင္ ေသာက္ေဆး စားလို႕ရေပမဲ့ ေရာဂါႀကီးႀကီးမားမား မျဖစ္ေအာင္ႀကိဳတင္ကာကြယ္တဲ့အေနနဲ႔ ဘယ္လိုကာကြယ္ရမယ္ဆို တာသိထားသင့္ပါတယ္။

အဓိကျဖစ္တတ္တဲ့ ေရာဂါေတြကေတာ့…..

အသက္႐ွဴလမ္းေၾကာင္းဆုိင္ရာေရာဂါ၊ ေလျဖတ္ေရာဂါႏွင့္ အေရျပားေရာဂါမ်ား ျဖစ္ပြားတတ္ၿပီး ေရာဂါျပင္းထန္ပါက အသက္အႏၲရာယ္ စိုးရိမ္ရနိုင္ပါတယ္။

ေဆာင္းရာသီမွာ ျဖစ္တတ္တဲ့ေရာဂါသုံးမ်ဳိးရွိပါတယ္။ ဖုန္ေတြကုိ႐ွဴမိလုိ႔ျဖစ္တဲ့ အသက္႐ွဴလမ္း ေၾကာင္းေရာဂါ၊ ေရခ်ဳိးေခါင္းေလွ်ာ္မဆင္ျခင္လုိ႔ အေအးမိျခင္း၊ ေလျဖတ္ေရာဂါ၊ ဖုန္ေတြနဲ႔အေရ ျပားနဲ႔ထိလုိ႔ျဖစ္လာတဲ့ အေရျပားေရာဂါေတြအျဖစ္မ်ားၾကပါတယ္။

အသက္႐ွဴလမ္းေၾကာင္းဆုိင္ရာ ေရာဂါအမ်ဳိးမ်ဳိး

ေဆာင္းရာသီတြင္ အသက္႐ွဴလမ္းေၾကာင္းဆုိင္ရာ ေရာဂါမ်ားျဖစ္သည့္ နမုိးနီးယားအဆုတ္ေရာင္ေရာဂါ၊ အဆုတ္ခဲသည့္ေရာဂါ၊ အဆုတ္ျပည္တည္သည့္ ေရာဂါ၊ တီဘီေရာဂါ၊ ေလႁပြန္ေရာင္ရမ္းသည့္ ေရာဂါ၊ ပန္းနာရင္က်ပ္ေရာဂါ ထိပ္ကပ္နာေရာဂါမ်ား ျဖစ္ပြားေလ့ရွိပါတယ္။

ႏွာေစးေခ်ာင္းဆုိးရာကတစ္ဆင့္ အဆုတ္နဲ႔ ပတ္သက္သည့္ေရာဂါမ်ားျဖစ္လာႏုိင္

ေဆာင္းရာသီမွာ ႏွာေစးေခ်ာင္းဆုိးတာကေနၿပီး ေရာဂါျပင္းထန္လာရင္ နမုိးနီးယားအဆုတ္ေရာင္ ေရာဂါျဖစ္လာတတ္ပါတယ္။ ညဘက္အိပ္တဲ့အခါမွာလဲ ေရာဂါပုိးပါတ့ဲ ႏွာရည္ေတြက အဆုတ္ရဲ႕ေလ ႁပြန္မႀကီးကေနတစ္ဆင့္ အဆုတ္ထဲကုိ ေရာက္သြားၿပီးအဆုတ္ခဲတာတုိ႔၊ အဆုတ္ျပည္တည္တာတုိ႔ ျဖစ္ႏုိင္ပါတယ္။ ဒါေၾကာင့္ႏွာေစး၊ ေခ်ာင္းဆုိးတယ္ဆုိၿပီးေတာ့လဲ မေပါ့သင့္ပါဘူး။

ယခုကဲ့သုိ႔ ေအးသည့္အခ်ိန္ကာလတြင္ (Asthma) ပန္းနာရင္က်ပ္ေရာဂါျဖစ္ပြားသူမ်ားမွာ ေရာဂါပိုဆုိး လာႏုိင္သကဲ့သုိ႔ နာတာရွည္ေလႁပြန္ေရာင္ရမ္းသည့္ လူမ်ားမွာလည္း ေရာဂါပိုဆုိးလာႏုိင္ၿပီး၊ အဆုတ္ႏွင့္ပတ္သက္သည့္ ေရာဂါမ်ားမွႀကိဳတင္ကာကြယ္ႏုိင္ရန္ ေႏြးေထြးစြာေနျခင္း၊ ႏွာေစး ေခ်ာင္းဆုိးျဖစ္ပြားပါကလဲ မေပါ့ဆဘဲ တတ္ကၽြမ္းနားလည္တဲ့ ဆရာဝန္နဲ႔ေပ်ာက္ကင္းေအာင္ ကုသျခင္းတို႕ ျပဳလုပ္ရမွာ ပါ။

တီဘီေရာဂါလည္း ကူးစက္ႏုိင္

ေဆာင္းရာသီတြင္ ဖုန္ထူထပ္ေသာေၾကာင့္ တီဘီေရာဂါကူးစက္ျပန္႔ပြားမႈမ်ားလည္း ပုိမုိျဖစ္ပြားလာ ႏုိင္ပါတယ္။

“တီဘီေရာဂါကလဲ အဓိကဖုန္႐ွဴလုိ႔ျဖစ္တာပါ။ တီဘီပုိးေတြဖုန္ထဲမွာ ရွိေနတတ္ပါတယ္။

ဖုန္ထူထူႏွင့္ေနပူထဲကုိ သြားလာျခင္းက ထိပ္ကပ္နာျဖစ္ႏုိင္

ေဆာင္းရာသီတြင္ ဖုန္ထူထူႏွင့္ေနပူထဲကုိ သြားလာျခင္းသည္ ထိပ္ကပ္နာေရာဂါျဖစ္ပြားလာႏုိင္ေသာ ေၾကာင့္ ဖုံထူေသာလမ္းခရီးမ်ား သြားလာျခင္းကုိ တတ္ႏုိင္သမွ် ေရွာင္ၾကဥ္သင့္ၿပီး မေရွာင္ႏုိင္ပါက (Mask) ႏွာေခါင္းစည္းကုိ တပ္ၿပီးမွသာသြားသင့္ၿပီး၊ ေနပူထဲသုိ႔သြားသည့္သူမ်ားအေနျဖင့္လည္း ဦးထုပ္၊ ထီးစသည့္ အကာအရံမ်ားကုိ ျပဳလုပ္ကာသြားသင့္ပါတယ္။

“ထိပ္ကပ္နာဆုိတာက အဓိကဖုန္ေတြ႐ွဴၿပီး ေနပူထဲကုိ သြားလုိ႔ျဖစ္တာပါ။ နဂုိမူလႏွာေခါင္းအေျမႇးအခံ မေကာင္းတဲ့သူေတြဆုိရင္ ေရာဂါပုိးေတြက ႏွာေခါင္းထဲကုိဝင္လာၿပီး ႏွာေခါင္းအေျမႇးကုိတြယ္တာ။ အဲဒီကေန ပါးႏွစ္ဘက္မွာရွိတဲ့ ႏွာေခါင္းအေနာက္ကလုိဏ္ေခါင္းျဖစ္ေနတဲ့ အ႐ုိးရဲ႕အေျမႇးေတြကုိပါ တြယ္သြားၿပီး အေျမႇးေတြကျပဳတ္က်လာတဲ့အထိ ေရာဂါဆုိးႏုိင္တယ္။

ေသေသခ်ာခ်ာမကုရင္ ဦးေႏွာက္နဲ႔ အလြန္နီးတဲ့အတြက္ ဦးေႏွာက္ထဲကုိ ပုိးေရာက္ၿပီး အသက္ဆုံး႐ႈံးႏုိင္ပါတယ္။

ေလမျဖတ္ေအာင္ ေရခ်ဳိး၊ ေခါင္းေလွ်ာ္ဆင္ျခင္ပါ

ေဆာင္းတြင္း ေရခ်ဳိးရာတြင္ အပူအေအးမွ်တသည့္ နံနက္ ၁၀ နာရီ၊ ၁၁ နာရီဝန္းက်င္တြင္ ခ်ဳိးသင့္ၿပီး ထိုအခ်ိန္တြင္ လုပ္ငန္းခြင္သုိ႔ ထြက္ခြာသြားရသည့္သူမ်ားအေနျဖင့္ မခ်ဳိးျဖစ္ပါက နံနက္ေစာေစာ ခ်ဳိးသည္ထက္ ညဘက္ေရခ်ဳိးၿပီး ေႏြးေႏြးေထြးေထြးေနသည္က ပုိမုိအဆင္ေျပပါတယ္။

“အခ်ိန္အခါမဟုတ္ ေခါင္းေလွ်ာ္တာ ေရခ်ဳိးတာေတြက ေလျဖတ္ႏုိင္ပါတယ္။ ညဘက္ေခါင္းေလွ်ာ္ၿပီး ေရေျခာက္ေအာင္ မသုတ္ဘဲအိပ္ရင္းပါးတစ္ျခမ္းရြဲ႕ၿပီး ေလျဖတ္သြားတတ္ပါတယ္”

အေရျပားေရာဂါမ်ား ျဖစ္ပြားႏုိင္ၿပီး ေသခ်ာမကုပါက ေက်ာက္ကပ္ပ်က္စီးႏုိင္

ေဆာင္းရာသီတြင္ အေရျပားႏွင့္ဖုန္မ်ား ထိေတြ႕ေသာေၾကာင့္ အေရျပားယားယံျခင္းမ်ား ျဖစ္ေပၚလာ တတ္ၿပီး အေရျပားကုိကုတ္ဖဲ့ရာမွတစ္ဆင့္ ဝဲႏွင္းခူမ်ား၊ ျပည္တည္နာမ်ားျဖစ္ေပၚလာကာ ၎တုိ႔ကုိ စနစ္တက်ကုသျခင္းမရွိပါက ေရာဂါပိုးမ်ားမွာ ေက်ာက္ကပ္ထဲသုိ႔ ေရာက္ရွိၿပီး ေက်ာက္ကပ္ေရာင္ရမ္း ပ်က္စီးႏုိင္ပါတယ္။

 

Unicode

ဆောင်းရာသီကုန်ခါနီး ဒီရက်ပိုင်းတွေမှာ အရမ်းအေးလာပါတယ်။ အေးလာတာနဲ့အမျှလူတိုင်းနီးပါးလောက် နေမကောင်းဖြစ်နေကြပါတယ်။

ရိုးရိုးနေမကောင်းဖြစ်တာဆိုရင် သောက်ဆေး စားလို့ရပေမဲ့ ရောဂါကြီးကြီးမားမား မဖြစ်အောင်ကြိုတင်ကာကွယ်တဲ့အနေနဲ့ ဘယ်လိုကာကွယ်ရမယ်ဆို တာသိထားသင့်ပါတယ်။

အဓိကဖြစ်တတ်တဲ့ ရောဂါတွေကတော့…..

အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ၊ လေဖြတ်ရောဂါနှင့် အရေပြားရောဂါများ ဖြစ်ပွားတတ်ပြီး ရောဂါပြင်းထန်ပါက အသက်အန္တရာယ် စိုးရိမ်ရနိုင်ပါတယ်။

ဆောင်းရာသီမှာ ဖြစ်တတ်တဲ့ရောဂါသုံးမျိုးရှိပါတယ်။ ဖုန်တွေကိုရှူမိလို့ဖြစ်တဲ့ အသက်ရှူလမ်း ကြောင်းရောဂါ၊ ရေချိုးခေါင်းလျှော်မဆင်ခြင်လို့ အအေးမိခြင်း၊ လေဖြတ်ရောဂါ၊ ဖုန်တွေနဲ့အရေ ပြားနဲ့ထိလို့ဖြစ်လာတဲ့ အရေပြားရောဂါတွေအဖြစ်များကြပါတယ်။

အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါအမျိုးမျိုး

ဆောင်းရာသီတွင် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများဖြစ်သည့် နမိုးနီးယားအဆုတ်ရောင်ရောဂါ၊ အဆုတ်ခဲသည့်ရောဂါ၊ အဆုတ်ပြည်တည်သည့် ရောဂါ၊ တီဘီရောဂါ၊ လေပြွန်ရောင်ရမ်းသည့် ရောဂါ၊ ပန်းနာရင်ကျပ်ရောဂါ ထိပ်ကပ်နာရောဂါများ ဖြစ်ပွားလေ့ရှိပါတယ်။

နှာစေးချောင်းဆိုးရာကတစ်ဆင့် အဆုတ်နဲ့ ပတ်သက်သည့်ရောဂါများဖြစ်လာနိုင်

ဆောင်းရာသီမှာ နှာစေးချောင်းဆိုးတာကနေပြီး ရောဂါပြင်းထန်လာရင် နမိုးနီးယားအဆုတ်ရောင် ရောဂါဖြစ်လာတတ်ပါတယ်။ ညဘက်အိပ်တဲ့အခါမှာလဲ ရောဂါပိုးပါတဲ့ နှာရည်တွေက အဆုတ်ရဲ့လေ ပြွန်မကြီးကနေတစ်ဆင့် အဆုတ်ထဲကို ရောက်သွားပြီးအဆုတ်ခဲတာတို့၊ အဆုတ်ပြည်တည်တာတို့ ဖြစ်နိုင်ပါတယ်။ ဒါကြောင့်နှာစေး၊ ချောင်းဆိုးတယ်ဆိုပြီးတော့လဲ မပေါ့သင့်ပါဘူး။

ယခုကဲ့သို့ အေးသည့်အချိန်ကာလတွင် (Asthma) ပန်းနာရင်ကျပ်ရောဂါဖြစ်ပွားသူများမှာ ရောဂါပိုဆိုး လာနိုင်သကဲ့သို့ နာတာရှည်လေပြွန်ရောင်ရမ်းသည့် လူများမှာလည်း ရောဂါပိုဆိုးလာနိုင်ပြီး၊ အဆုတ်နှင့်ပတ်သက်သည့် ရောဂါများမှကြိုတင်ကာကွယ်နိုင်ရန် နွေးထွေးစွာနေခြင်း၊ နှာစေး ချောင်းဆိုးဖြစ်ပွားပါကလဲ မပေါ့ဆဘဲ တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်နဲ့ပျောက်ကင်းအောင် ကုသခြင်းတို့ ပြုလုပ်ရမှာ ပါ။

တီဘီရောဂါလည်း ကူးစက်နိုင်

ဆောင်းရာသီတွင် ဖုန်ထူထပ်သောကြောင့် တီဘီရောဂါကူးစက်ပြန့်ပွားမှုများလည်း ပိုမိုဖြစ်ပွားလာ နိုင်ပါတယ်။

“တီဘီရောဂါကလဲ အဓိကဖုန်ရှူလို့ဖြစ်တာပါ။ တီဘီပိုးတွေဖုန်ထဲမှာ ရှိနေတတ်ပါတယ်။

ဖုန်ထူထူနှင့်နေပူထဲကို သွားလာခြင်းက ထိပ်ကပ်နာဖြစ်နိုင်

ဆောင်းရာသီတွင် ဖုန်ထူထူနှင့်နေပူထဲကို သွားလာခြင်းသည် ထိပ်ကပ်နာရောဂါဖြစ်ပွားလာနိုင်သော ကြောင့် ဖုံထူသောလမ်းခရီးများ သွားလာခြင်းကို တတ်နိုင်သမျှ ရှောင်ကြဉ်သင့်ပြီး မရှောင်နိုင်ပါက (Mask) နှာခေါင်းစည်းကို တပ်ပြီးမှသာသွားသင့်ပြီး၊ နေပူထဲသို့သွားသည့်သူများအနေဖြင့်လည်း ဦးထုပ်၊ ထီးစသည့် အကာအရံများကို ပြုလုပ်ကာသွားသင့်ပါတယ်။

“ထိပ်ကပ်နာဆိုတာက အဓိကဖုန်တွေရှူပြီး နေပူထဲကို သွားလို့ဖြစ်တာပါ။ နဂိုမူလနှာခေါင်းအမြှေးအခံ မကောင်းတဲ့သူတွေဆိုရင် ရောဂါပိုးတွေက နှာခေါင်းထဲကိုဝင်လာပြီး နှာခေါင်းအမြှေးကိုတွယ်တာ။ အဲဒီကနေ ပါးနှစ်ဘက်မှာရှိတဲ့ နှာခေါင်းအနောက်ကလိုဏ်ခေါင်းဖြစ်နေတဲ့ အရိုးရဲ့အမြှေးတွေကိုပါ တွယ်သွားပြီး အမြှေးတွေကပြုတ်ကျလာတဲ့အထိ ရောဂါဆိုးနိုင်တယ်။

သေသေချာချာမကုရင် ဦးနှောက်နဲ့ အလွန်နီးတဲ့အတွက် ဦးနှောက်ထဲကို ပိုးရောက်ပြီး အသက်ဆုံးရှုံးနိုင်ပါတယ်။

လေမဖြတ်အောင် ရေချိုး၊ ခေါင်းလျှော်ဆင်ခြင်ပါ

ဆောင်းတွင်း ရေချိုးရာတွင် အပူအအေးမျှတသည့် နံနက် ၁၀ နာရီ၊ ၁၁ နာရီဝန်းကျင်တွင် ချိုးသင့်ပြီး ထိုအချိန်တွင် လုပ်ငန်းခွင်သို့ ထွက်ခွာသွားရသည့်သူများအနေဖြင့် မချိုးဖြစ်ပါက နံနက်စောစော ချိုးသည်ထက် ညဘက်ရေချိုးပြီး နွေးနွေးထွေးထွေးနေသည်က ပိုမိုအဆင်ပြေပါတယ်။

“အချိန်အခါမဟုတ် ခေါင်းလျှော်တာ ရေချိုးတာတွေက လေဖြတ်နိုင်ပါတယ်။ ညဘက်ခေါင်းလျှော်ပြီး ရေခြောက်အောင် မသုတ်ဘဲအိပ်ရင်းပါးတစ်ခြမ်းရွဲ့ပြီး လေဖြတ်သွားတတ်ပါတယ်”

အရေပြားရောဂါများ ဖြစ်ပွားနိုင်ပြီး သေချာမကုပါက ကျောက်ကပ်ပျက်စီးနိုင်

ဆောင်းရာသီတွင် အရေပြားနှင့်ဖုန်များ ထိတွေ့သောကြောင့် အရေပြားယားယံခြင်းများ ဖြစ်ပေါ်လာ တတ်ပြီး အရေပြားကိုကုတ်ဖဲ့ရာမှတစ်ဆင့် ဝဲနှင်းခူများ၊ ပြည်တည်နာများဖြစ်ပေါ်လာကာ ၎င်းတို့ကို စနစ်တကျကုသခြင်းမရှိပါက ရောဂါပိုးများမှာ ကျောက်ကပ်ထဲသို့ ရောက်ရှိပြီး ကျောက်ကပ်ရောင်ရမ်း ပျက်စီးနိုင်ပါတယ်။

Read times
Rate this item
(0 votes)