What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 07 March 2018 14:43

ကြောက်စရာကောင်းတဲ့ စမတ်ဖုန်းများ၏ ရေဒီရေးရှင်း(radiation) အန္တရာယ်

ကြောက်စရာကောင်းတဲ့ စမတ်ဖုန်းများ၏ ရေဒီရေးရှင်း(radiation) အန္တရာယ် google

ပြီးခဲ့တဲ့ မတ်လ (၁)ရက်နေ့က စမတ်ဖုန်းတွေရဲ့ ရေဒီယိုလှိုင်း ရောင်ခြည်သင့်ခြင်း အနည်းအများတွေကို Forbes မှာ ဖော်ပြတာ ဖတ်ရှုရပါတယ်။

လူနဲ့ စမတ်ဖုန်း အမြဲတတွဲတွဲ ဖြစ်နေကြတဲ့ အလေ့အထကြောင့် ဖုန်းမှ ထုတ်လွှတ်တဲ့ ရေဒီယိုလှိုင်းဒဏ်ကို ဖုန်းကိုင်သူအဖို့ အနည်းနဲ့အများ ခံရတာ ဓမ္မတာပါပဲ။ နားရွက်နားမှာကပ်ပြီး ဖုန်းပြောနေချိန်များမှာသာမက လက်ထဲမှာ ကိုင်ထားချိန်၊ အိတ်ထောင်ထဲ ထည့်ထားချိန်တို့မှာလည်း ရေဒီယိုလှိုင်းဒဏ်ကို ခံစားရပါတယ်။ ညဘက် အိပ်ရာထဲ ယူထားရင်လည်း တစ်ညလုံး ဒုက္ခပေးနေတာ သေချာပါတယ်။

လက်ရှိ ၂၀၁၈ ခုနှစ်မှာ ရေပန်းစားတဲ့ စမတ်ဖုန်းတွေထဲမှာ ရေဒီရေးရှင်း အများဆုံးက တရုတ်နိုင်ငံမှ Xiaomi က Google ရဲ့ Andriod One အဖြစ် ထုတ်လုပ်ထားတဲ့ Mi A1 ဖြစ်ပါတယ်။ စာရင်းမှာ ရေဒီရေးရှင်း ထိခိုက်မှု အများဆုံး ဖုန်း ၁၆ လုံးကို ဖော်ပြထားတာမှာ တရုတ်နိုင်ငံမှ ကုမ္ပဏီတွေဖြစ်တဲ့ Xiaomi, Huawei, OnePlus နဲ့ ZTE တို့မှ ထုတ်လုပ်တဲ့ ဖုန်းတွေက ၁၀ မျိုးအထိ ပါဝင်နေတာကို တွေ့ရပါတယ်။ အမေရိကန်နိုင်ငံမှ ကုမ္ပဏီတွေလည်း ပါဝင်တာ တွေ့ရတယ်။ အဲဒါကြောင့် ဘယ်စမတ်ဖုန်းကိုကိုင်ကိုင် ရေဒီရေးရှင်း အန္တရာယ်က မလွတ်နိုင်တာမို့ တစ်နေ့တာ ၂၄ နာရီမှာ စမတ်ဖုန်းကို ခန္ဓာကိုယ်နဲ့ နီးနီးကပ်ကပ် ထားတဲ့အချိန်တွေ တတ်နိုင်သရွေ့ လျှော့ချပြီး ဒဏ်ထိတာ သက်သာအောင် လုပ်ကြဖို့ပဲ ရှိပါတယ်။

Phone Radiation

အခုလို နီးနီးကပ်ကပ် ဖြစ်နေချိန်တွေ များတာနဲ့အမျှ ဆဲလ်တွေ ထိခိုက်ပျက်စီးမှု ဖြစ်ဖို့ပိုများလေပါပဲ။ ဒါကြောင့် စမတ်ဖုန်းကို မသုံးချိန်မှာ အနီးကပ်ပြီး ဆောင်ထားမဲ့အစား မလှမ်းမကမ်းမှာ ထားသင့်ပါတယ်။

အခုလို ဖုန်းမှ ရေဒီယိုလှိုင်း ထုတ်လွှင့်ခြင်း ရေဒီရေးရှင်း radiation အနည်းအများဟာ ဖုန်းအမျိုးအစားအပေါ်မှာ မူတည်ပါတယ်။ German Federal Office for Radiation Protection (Bundesamt für Strahlenschutz) က စမတ်ဖုန်းတွေကို ကျကျနန စမ်းသပ်စစ်ဆေးပြီး အချက်အလက် အပြည့်အစုံ ထုတ်ပြန်ပေးလေ့ရှိပါတယ်။

Read times Last modified on Wednesday, 07 March 2018 14:51
Rate this item
(2 votes)