သစ်သီးများတွင် ပါဝင်သော သကြားဓာတ်မှာ ဆီးချိုရောဂါရှင်များနှင့် ကိုယ်အလေးချိန် ပိုများနေသူများအတွက် မကောင်းသော ထိခိုက်မှုရှိသော်လည်းဆီးချိုရောဂါရှင်များအတွက် ခန္ဓာကိုယ်ကို အကျိုးရှိစေရုံသာမက အင်ဆူလင်ထုတ်လုပ်မှုကို ထိန်းချုပ်နိုင်မည့် အချို့သောသစ်သီးများကိုမူ စားသုံးရန် ဆရာဝန်များက လမ်းညွှန်ထားသည်။
ဆီးချိုရှိသူများအနေဖြင့် အစာမစားခြင်း၊ အလွန်အကျွံကိုယ်အလေးချိန်ချခြင်း၊ အလွန်အကျွံစားသုံးခြင်း မပြုလုပ်ပါနှင့်။ တစ်နေကုန် အားအင်ပြည့်၀ မျှတအောင် သင့်တင့်သောအစားအစာ၊ သင့်တင့်သော ပမာဏကိုအချိန်မှန်စားပါ။
ဆီးချို သွေးချို သမားများအနေနဲ့ကော် မိသားစုများအနေနဲ့ပါ သိထားသင့်တဲ့ ဆီးချို၊သွေးချို တက်ခြင်းနှင့်ကျခြင်း ရဲ့ လက္ခဏာတွေကို ဖော်ပြပေးလိုက်ပါတယ်။
ဆီးချိုရောဂါ (Diabetesmellitus) ဆိုတာ ကိုယ်ခန္ဓာထဲက သကြားအချိုဓါတ် (Glucose) ထိန်းညှိမှုဆိုင်ရာ ပြဿနာတစ်ရပ်ပဲ ဖြစ်ပါတယ်။ ဂလူးကို့စ် အချိုဓါတ်ဟာ ကြွက်သားတွေ၊ အာရုံကြောတွေ၊ ခန္ဓာကိုယ် တစ်ရှူးတွေ အတွက် အဓိက အင်အားတစ်ရပ် ဖြစ်ပါတယ်။
ဆီးချိုရောဂါဟာ ခန္ဓကိုယ်တစ်ကိုယ်လုံးလိုလိုကို ထိခိုက်စေပါတယ်။ လူ့ခန္ဓကိုယ်မှာရှိတဲ့ ကလာပ်စည်း(ဆဲလ်) အားလုံး အစာအာဟာရချို့တဲ့သွားရပါတယ်။
ဆီးချိုရောဂါသည် မျိုးရိုးဗီဇကြောင့်သာမဟုတ်ပဲ နေထိုင်မှုပုံစံ၊ နှင့် ပတ်ဝန်းကျင်အခြေအနေများ ကြောင့်လည်း ဖြစ်နိုင်ပါသည်။