What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 26 August 2022 11:26

ဆီးချိုရောဂါရှိသူများ ကော်ဖီသောက်မယ်ဆိုရင် အန္တရာယ်ရှိနိုင်လား

ဆီးချိုရောဂါရှိသူများ ကော်ဖီသောက်မယ်ဆိုရင် အန္တရာယ်ရှိနိုင်လား Wonderful Engineering

ပြီးပြည့်စုံတဲ့ ကော်ဖီတစ်ခွက်မပါဘဲ သင့်တစ်နေ့တာကို စတင်ဖို့ အခက်အခဲရှိပါသလား။

ကော်ဖီတစ်ခွက်မပါဘဲ မူးဝေခြင်း နှင့် ထုံထိုင်းခြင်းဖြစ်နေပြီးတော့ သင်က ဆီးချိုရောဂါရှိတဲ့သူဖြစ်နေဆိုရင် ကော်ဖီတစ်ခွက် သင့်အတွက် တူညီမှာ မဟုတ်ပါဘူး။

 

သကြားပါဝင်မှုနှုန်းကို ထိန်းထားနိုင်စေရန် လိုက်နာရမည့် ကန့်သတ်ချက်များရှိပါတယ်။ ကော်ဖီတစ်ခွက်က အရာအားလုံးကို ပြုပြင်ပေးနိုင်တယ်ဆိုတာ ငြင်းလို့မရပါဘူး။ ကော်ဖီတစ်ခွက်က ကိုယ်အလေးချိန်ကို ထိန်းညှိပေးနိုင်တယ်၊ စိတ်ဖိစီးမှုကို လျှော့ချပေးနိုင်တယ်၊ ပင်ပန်းနွမ်းနယ်မှုနဲ့ ကင်ဆာဖြစ်နိုင်ခြေတွေကိုတောင် ငြင်းနိုင်ပေမယ့် ဆီးချိုသမားတွေအတွက် စိတ်ချရပါ့မလား။

 

ဆီးချိုရောဂါနဲ့ ပတ်သက်လာရင် ခန္ဓာကိုယ်က အင်ဆူလင်ထုတ်လုပ်မှုကို လျော့ပါးစေပြီး အမျိုးအစား ၁ ဆီးချိုရောဂါ ဖြစ်စေတဲ့ အင်ဆူလင်ကို ထိရောက်စွာ အသုံးမပြုနိုင်တာကြောင့် ဆီးချိုအမျိုးအစား ၂ ကို ဖြစ်စေပါတယ်။ အင်ဆူလင်ကို အခြေခံအားဖြင့် ပန်ကရိယမှထုတ်လွှတ်သော ဟော်မုန်းတစ်မျိုးဖြစ်ပြီး သကြားဓာတ်ကို စွမ်းအင်အဖြစ်သို့ ထိရောက်စွာပြောင်းလဲပေးသည့် ဆဲလ်များဆီသို့ လည်ပတ်ရန် ကူညီပေးပါတယ်။

 

ခန္ဓာကိုယ်က အင်ဆူလင်ကို လုံလောက်အောင် မထုတ်နိုင်တဲ့အခါ ဒါမှမဟုတ် မှန်ကန်စွာ အသုံးမပြုနိုင်တဲ့အခါ အစားအသောက်ကနေ စုပ်ယူတဲ့ သကြားဓာတ်ဟာ သွေးထဲမှာ စုပုံလာပြီး ပင်ပန်းနွမ်းနယ်ခြင်း၊ အလွန်အကျွံ ဆီးသွားခြင်းနဲ့ ရေငတ်ခြင်းတို့ကို ဖြစ်စေပါတယ်။ ဒါတင်မကသေးပါဘူး၊ ရေရှည်မှာ ဆီးချိုရောဂါဟာ နှလုံးရောဂါ၊ အမြင်အာရုံဆုံးရှုံးမှု၊ ကျောက်ကပ်ရောဂါ စတာတွေ ဖြစ်နိုင်ခြေကို တိုးလာစေနိုင်ပါတယ်။

viber1.jpg

လေ့လာမှုတွေအရ ကော်ဖီမှာ ဦးနှောက်လုပ်ဆောင်ချက်ကို ပိုမိုကောင်းမွန်စေပြီ၊ ရောင်ရမ်းမှုကို လျှော့ချပေးခြင်း ၊ အိုမင်းရင့်ရော်မှုကို ဖြစ်စေတဲ့ ဖရီးရယ်ဒီကယ်တွေကို ချေဖျက်ပေးနိုင်တဲ့ antioxidants အမျိုးအစားများစွာ ပါရှိပါတယ်။ တကယ်လို့ သင်က ဆီးချိုရောဂါရှိတဲ့သူဖြစ်နေတယ်ဆိုရင် ကော်ဖီနှင့် အခြားကဖိန်းဓာတ်အခြေခံအချိုရည်များကို မျှတအောင်သောက်ပါက သွေးပေါင်ချိန်ကို မြင့်တက်စေပြီး အင်ဆူလင်အာရုံခံနိုင်စွမ်းကို ထိခိုက်စေနိုင်တာကတော့ အသေအချာပါပဲ။

 

ဆီးချိုသမားများအပေါ် ကော်ဖီ၏အကျိုးသက်ရောက်မှုနှင့် ပတ်သက်၍ လေ့လာမှုများစွာရှိပါတယ်။ လေ့လာမှုတစ်ခုအရ ကော်ဖီကို တစ်ကြိမ်တစ်ခါသောက်ခြင်းက အင်ဆူလင်ကို ခုခံနိုင်စွမ်းရှိစေပြီး သကြားမပါတဲ့ ကော်ဖီကို နို့မထည့်ဘဲ သောက်တာက သကြားဓာတ်ပမာဏကို သဘာဝအတိုင်း စီမံခန့်ခွဲရာမှာ အထောက်အကူဖြစ်စေတယ်လို့ လေ့လာမှုတစ်ခုက ဖော်ပြပါတယ်။

 

အချို့သောလေ့လာမှုများအရ ကဖိန်းဓာတ်သည် အင်ဆူလင်အာရုံခံနိုင်စွမ်းကို တိုးတက်စေပြီး သကြားပမာဏကို လျှော့ချနိုင်သည်ဟု ယုံကြည်ကြပါတယ်။ FDA ၏လမ်းညွှန်ချက်အရ ဆီးချိုရောဂါရှိသူများသည် အကျိုးကျေးဇူးများရရှိရန်နှင့် သကြားပမာဏကို သဘာဝအတိုင်းစီမံခန့်ခွဲရန် ကော်ဖီကို အလယ်အလတ်စားသုံးရန် လိုအပ်ပါတယ်။

 

ကဖင်းဓာတ်က အမျိုးအစား ၂ ဆီးချိုရောဂါကို ကာကွယ်ပေးနိုင်ပေမယ့် ဆီးချိုရှိပြီးသားလူတွေ မှာတော့ ဆီးချိုထိန်းရခက်စေပါတယ်။ ထိန်းရခက်တယ်ဆိုပေမယ့် လူတိုင်းတော့ မဟုတ်ပါဘူး။ ခုမှ စသောက်တဲ့သူတွေက ထိန်းရခက်ပေမယ့် ဟိုးအရင်တည်းက သောက်လာတဲ့ ကော်ဖီချိုးတွေအတွက်တော့ သိပ်ပြောင်းလဲမှု မရှိပါဘူး။ နောက်ပြီး ကော်ဖီသောက်ပြီး လန်းနေရင် ညအိပ်မပျော်ပါဘူး။ အိပ်ရေးပျက်တဲ့အခါ အင်ဆူလင်က သကြားဓာတ်ကို မထိန်းနိုင်တော့ပါဘူး။ ဒါတွေကတော့ ကဖင်းရဲ့ အကျိုးသက်ရောက်မှုတွေပေါ့။

 

Aung Win (Myanmar Health Products Guide)

Ref: IndiaTime .com

viber.jpg

Read times
Rate this item
(0 votes)