What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Thursday, 01 September 2022 14:39

ဆီးချို၊ သွေးချို တက်ခြင်း နှင့် ကျခြင်း၏ လက္ခဏာများ

ဆီးချို၊ သွေးချို တက်ခြင်း နှင့် ကျခြင်း၏ လက္ခဏာများ diabetes.co.uk

ဆီးချို သွေးချို သမားများအနေနဲ့ကော် မိသားစုများအနေနဲ့ပါ သိထားသင့်တဲ့ ဆီးချို၊သွေးချို တက်ခြင်းနှင့်ကျခြင်း ရဲ့ လက္ခဏာတွေကို ဖော်ပြပေးလိုက်ပါတယ်။

 

ဆီးချို ၊ သွေးချို တက်ခြင်း၏ လက္ခဏာများ

ဆီးချို၊ သွေးချို တက်ခြင်းကို သွေးတွင်းသကြားဓာတ်မြင့်မားခြင်း (သို့) Hyperglycemia လို့ခေါ်ပါတယ်။ ဆီးချိုရောဂါရှိသူက အစားအလွန်အကျွံစားပြီးနောက် သွေးတွင်းသကြားဓာတ်ကို ထိန်းညှိရန် အင်ဆူလင်းနည်းပါးလွန်းတဲ့အခါ ဖြစ်တက်ပါတယ်။ တစ်ခါတရံ စိတ်ဖိစီးများတာကလည်း ဆီးချိုတက်ခြင်းကို ဖြစ်စေနိုင်ပါတယ်။ ဆီးချို သွေးချို တက်ခြင်းရဲ့ လက္ခဏာများကတော့

 

မကြားခဏ ဆီးသွားချင်

အိပ်ငိုက်လာခြင်း

ပျို့ခြင်း ၊ အော့အန်ခြင်း

အလွန်အမင်း ဆာလောင်ခြင်း (သို့) ရေငတ်ခြင်း

အမြင်အာရုံဝေဝါးခြင်း

စတဲ့လက္ခဏာတွေကတော့ ဆီးချိုသွေးချို တက်ခြင်းရဲ့ ထင်းရှားတဲ့ လက္ခဏာများဘဲ ဖြစ်ပါတယ်။

BI1.jpg

ဆီးချို ၊ သွေးချို ကျခြင်း

ဆီးချိုရောဂါသည် အစားအစာ လုံလောက်စွာမစားခြင်း သို့မဟုတ် ခန္ဓာကိုယ်အတွင်း အင်ဆူလင် အလွန်အကျွံ စားသုံးမိသောအခါ ဆီးချို ၊ သွေးချို ကျတက်ပါတယ်။ ဒါကိုတော့ သွေးတွင်းသကြားဓာတ်နည်းခြင်း (သို့) Hypoglycemia လို့ခေါ်ပါတယ်။ လေ့ကျင့်ခန်းအလွန်အကျွံလုပ်ခြင်းကလည်း သွေးတွင်းသကြားဓာတ်ကို ကျဆင်းစေပါတယ်။

 

နှလုံးခုန်မြန်ခြင်း

ချွေးထွက်ခြင်း

စိတ်ရိမ်းပူပင်စိတ်ဖြစ်ပေါ်ခြင်း

ခေါင်းမူးခြင်း

အလွန်အမင်းဆာလောင်ခြင်း

အားနည်းခြင်းနှင့်ပင်ပန်းနွမ်းနယ်ခြင်း

ယားယံခြင်း

ခြေလက်တုန်ခြင်း

စတဲ့ လက္ခဏာတွေကတော့ ဆီးချိုသွေးချို ကျခြင်းရဲ့ ထင်းရှားတဲ့ လက္ခဏာများဘဲ ဖြစ်ပါတယ်။

 

ဆီးချို သွေးချို ရှိတဲ့လူတစ်ယောက်အနေဖြင့် သွေးတွင်းသကြားဓာတ် မြင့်မားခြင်း သို့မဟုတ် နည်းပါးခြင်းတို့ကို ကြုံတွေ့ရနိုင်တာမို့ အထက်ဖော်ပြပါ လက္ခဏာများတွေကို ဆီးချိုသမားများ နားလည်ရန် အရေးကြီးပါတယ်။

 

Ref; Diabetes.co.uk

Aung Win (Myanmar Health Products Guide)

BI.jpg

Read times Last modified on Thursday, 01 September 2022 15:24
Rate this item
(0 votes)