What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Tuesday, 04 April 2017 14:41

နားကိုက်ခြင်းအတွက် သက်သာစေမယ့် နည်းလမ်းများ

နားကိုက်ခြင်းအတွက် သက်သာစေမယ့် နည်းလမ်းများ Google.com

နားကိုက်ခြင်း (earache) ဟာ နားကို ပိုးဝင်ခြင်းကြောင့် ဖြစ်ရပြီး အလယ်နား (middle ear) မှာ လေတွေနဲ့ပြည့်နေပါတယ်။

ဘက်တီးရီးယားပိုးဝင်တာဖြစ်လို့ နားနာကျင်မှု ဖြစ်ရပါတယ်။ နားထဲမှာ ပုစဉ်း အော်သံလို၊ ၀ီစီမှုတ်သံလို ကြားရပြီး မခံမရပ်နိုင်အောင် ဖြစ်ရပါတယ်။

ဖြစ်ရသော အကြောင်းရင်းများ

နားပြွန်ပိတ်ဆို့ခြင်း၊ နားစည်ထိခိုက်မှုဖြစ်ခြင်း၊ နားဖာချေး ပိတ်ဆို့ခြင်း တို့ပဲ ဖြစ်ပါတယ်။

သက်သာစေမယ့် နည်းလမ်းများ

၁. ပင်စိမ်းရွက် သတ္တုရည် နှစ်စက်ခန့် နားထဲသို့ ခတ်ပေးပါ။

၂. ရေကျက်ကျက်ဆူထဲသို့ ကြက်သွန်ဖြူကို ပြုတ်ပါ။ ချေပြီးရင် ဆားအနည်းငယ်နဲ့ နှယ်ပါ။ ရလာတဲ့ အဖတ်တွေကို ပုဝါပါးပါးလေးနဲ့ ထုပ်ပြီး နားပေါ်မှာ အုံပေးရင် နားကိုက်ခြင်း သက်သာနိုင်ပါတယ်။

၃. နားရောင်ရမ်းမှု ဖြစ်တယ်ဆိုရင် မုန်ညင်းဆီ နှစ်စက်၊ သုံးစက်လောက် ခတ်ပေးရင် ရောင်ရမ်းမှု သက်သာစေပါတယ်။

၎. ရေနွေးဆူဆူတစ်ခွက်ထဲကို ယူကလစ်ဆီ လက်ဖက်စားဇွန်း တစ် ဇွန်းနဲ့ vicks တစ်ဇွန်းထည့်ပါ။ ခေါင်းကို တဘက်နဲ့ပေါင်းပါ။ ခုနက ရေနွေးငွေ့ကို ရှုပေးပါ။ နားထဲက ဖိအားနဲ့ နားထဲမှာ အရည်တစ်ခုခု ပိတ်နေရင် ပြန်လည်ကျဆင်းစေပါတယ်။

၅. စားသုံးပေးသင့်တဲ့ အသီးများ ထဲမှာ လီမွန်၊ လိမ္မော်၊ စတော်ဘယ်ရီ၊ ဂရိတ်ဖရုနဲ့ သံပရာသီးတွေ ပါဝင် ပါတယ်။

၆. ရောင်ရမ်းခြင်းကို ဂျင်းရည်တစ်စက်နှစ်စက်ခတ်ပေးခြင်းက သက်သာစေနိုင်ပါတယ်။

အခုဖော်ပြထားတဲ့ နည်းလမ်းတွေဟာ နားကိုက်ခြင်းအတွက် လွယ်ကူပြီး ထိရောက်တဲ့အပြင် ဘေးထွက် ဆိုးကျိုးလည်း နည်းပါးတဲ့အတွက် ဖော်ပြပေးလိုက်ရပါတယ်။

Source: healthy and knowledge

Read times
Rate this item
(1 Vote)