What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 10 April 2019 15:54

သင်္ကြန်မှာ ရိပ်သာသွားလိုသူများ ဆောင့်ထားသင့်တဲ့ ဆေးသေတ္တာ

လူအများစုဟာ ရိပ်သာသွားတဲ့အခါ

နာမကျန်းမှု အသေးအမွှားဖြစ်တဲ့အခါ ဆေးကုသနိုင်ဖို့ ဆေးတွေကို ဆောင်သွားသင့်တယ်ဆိုတာ သိကြပေမယ့် ဘယ်လို ဆေးတွေကို ဆောင်ရမယ်ဆိုတာ အသေးစိတ် မသိကြတာ များပါတယ်။ ဒါကြောင့် ရုတ်တရက် ကျန်းမာရေး မကောင်းတာမျိုး ဖြစ်လာခဲ့ရင် သင်ကိုယ်တိုင် ဆောင်ယူလာတဲ့ ဆေးသေတ္တာက သင့်ကို ကျန်းမာအောင် ကုသပေးမှာပါ။

 

ဝမ်းချုပ်ခြင်းအတွက် ကုသဆေးများ

ရိပ်သာသွားတဲ့အခါ စားနေကျ မဟုတ်တဲ့ အစားအသောက်တွေ စားတာကြောင့် ယာယီ ဝမ်းချုပ်စေနိုင်ပါတယ်။ ဝမ်းပျော့ဆေးကို အချိန်တို သုံးနိုင်ပါတယ်။ ဝမ်းပျော့ဆေးတွေက ဝမ်းချူဘူး ၊ သောက်ရတဲ့ ဆေးပြား ၊ ဆေးရည်ပုံစံတွေနဲ့ လာတတ်ပါတယ်။ အကောင်းဆုံးကတော့ ဝမ်းမချုပ်အောင် အမျှင်ဓာတ်ပါဝင်မှု များတဲ့ အစားအစာနဲ့ အရည်တို့ကို စားသောက်ပြီး ကာကွယ်သင့်ပါတယ်။

 

ဝမ်းလျှောခြင်းအတွက် ကုသဆေးများ

ဝမ်းလျှောနေရင် ဓာတ်ဆားရည် သောက်ပြီး ရေဓာတ်ပြည့်ဝအောင်နေဖို့ အရေးကြီးပါတယ်။ ဒါကြောင့် ဓာတ်ဆားထုပ်တွေကို ဆောင်ထားသင့်ပါတယ်။ အရေးပေါ် ကုသမှုအနေနဲ့ ဝမ်းလျှောနေရင် ပဋိဇီဝပိုးသတ်ဆေး Ciprofloxacin ၅၀၀ မီလီဂရမ်ကို မှီဝဲဖို့ ဆရာဝန်တွေက ညွှန်ကြားတတ်ပါတယ်။ ဒါပေမဲ့ ဒါက ဆရာဝန်ညွှန်ကြားမှသာ သောက်ရတဲ့ ဆေးဖြစ်တာကြောင့် ရိပ်သာ မထွက်ခင်မှာ ဆရာဝန်နဲ့ တိုင်ပင် ဆွေးနွေးသင့်ပါတယ်။ ယာယီ ဝမ်းလျှောတာအတွက် Loperamide (ဥပမာ- Imodium) ကို သုံးနိုင်ပါတယ်။

 

Read More : သင်္ကြန်မှာ Sun Cream လိမ်းပြီး Glow ဖြစ်နေဖို့ မိတ်ကပ် ဘယ်လိုလိမ်းခြယ်ကြမလဲ ?

 

ကိုက်ခဲနာကျင်ခြင်း အတွက် ကုသဆေးများ

ခေါင်းကိုက်တာ၊ ကြွက်သားနာကျင်တာ၊ သွားကိုက်တာနဲ့ ရာသီလာစဉ် နာကျင်တာတွေအတွက် အကိုက်အခဲ ပျောက်ဆေးတွေကို ဆောင်ထားသင့်ပါတယ်။ ပါရာစီတမော၊ အက်စ်ပရင်၊ အိုင်ဗျူပရိုဖန်စတဲ့ အကိုက်အခဲပျောက်ဆေးတွေကို ဆေးသေတ္တာထဲ ထည့်ထားပါ။ အက်စ်ပရင်ကို အသက် ၁၆ နှစ်အောက် ငယ်တဲ့ ကလေးတွေကို ဆရာဝန်ရဲ့ညွှန် ကြားချက်မပါဘဲ မတိုက်သင့်ပါ။

 

ရင်ပူခြင်းနှင့် အစာအိမ် အက်စစ်ထွက်ခြင်း အတွက် ကုသဆေးများ

သင်ဟာ အစာအိမ်အက်စစ်တွေ အထက်ကို ဆန်တက်မှုကြောင့် ရင်ပူတာနဲ့ ပူစပ်ပူလောင်ဖြစ်တဲ့ ဝေဒနာတွေကို ခံစားရရင် အက်စစ်ဆန့်ကျင် ဆေးပြား (Antacid) ကို မှီဝဲနိုင်ဖို့ ဆေးသေတ္တာထဲ ထည့်သင့်ပါတယ်။

 

အန်ခြင်းအတွက် ကုသဆေးများ

ဝမ်းလျှောတာလိုပဲ အန်တဲ့အခါမှာ ဆုံးရှုံးသွားတဲ့ အရည်ဓာတ်ကို ပြန်လည် ဖြည့်တင်းဖို့ အရေးကြီးပါတယ်။ ဆားနဲ့ သကြားပါဝင်တဲ့ အရည်ကို နည်းနည်းနဲ့ မကြာခဏ သောက်ပေးသင့်ပါတယ်။

 

 

Ref : ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်)

Read times Last modified on Wednesday, 10 April 2019 16:30
Rate this item
(0 votes)