What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 28 December 2018 16:19

သက်သက်လွတ်စားခြင်းနှင့် ဆီးချိုသွေးချိုရောဂါ

ဆီးချိုသွေးချို ရောဂါ ရှိသူတွေ အနေနဲ့ သက်သတ်လွတ် အစာတွေကိုပဲ စားလိုက်ရင် ဆီးချို သွေးချို ရောဂါတော့ ပျောက်သွားမှာ မဟုတ်ပါဘူး။

ဒါပေမဲ့ သက်သတ်လွတ် မစားသူတွေနဲ့ ယှဉ်ရင်တော့ ကိုယ်အလေးချိန်ကို ပိုပြီး ထိန်းနိုင်တာ၊ ဆီးချိုသွေးချို ရောဂါနဲ့ ဆက်စပ်နေတဲ့ နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေရဲ့ ဖြစ်နှုန်း လျော့ကျသွားတာနဲ့ ခန္ဓာကိုယ်ကနေ အင်ဆူလင် တုံ့ပြန်နိုင်စွမ်းအား ကောင်းတာ စတဲ့ အကျိုးကျေးဇူးတွေကို ရရှိစေပါတယ်။ သက်သတ်လွတ် အစားအစာ အမျိုးအစားကို အောက်ပါအတိုင်း ခွဲခြားထားပါတယ်။

 

အပင်ထွက် အစာကိုသာ စားသော သက်သတ်လွတ် စားခြင်း / နို့နဲ့ နို့ထွက်ပစ္စည်း၊ ဥအမျိုးမျိုး၊ အနီရောင် အသား၊ ငါးနဲ့ ဝက်သား၊ ကြက်သား စတာတွေကို မစားပါဘူး။

နို့နှင့် နို့ထွက်ပစ္စည်း၊ အပင်ထွက်အစာ တို့ကို စားသော သက်သတ်လွတ်စားခြင်း / ဥအမျိုးမျိုး၊ အနီရောင် အသား၊ ငါး၊ ဝက်သားနဲ့ ကြက်သား စတာတွေကို မစားပါဘူး။

 

ဥအမျိုးမျိုး၊ နို့နှင့် နို့ထွက်ပစ္စည်း၊ အပင်ထွက် အစာတို့ကိုစားသော သက်သတ်လွတ်စားခြင်း / အနီရောင်အသား၊ ငါးနဲ့ ဝက်သား၊ ကြက်သား စတာတွေကို မစားပါဘူး။ သင်ရွေးချယ်တဲ့ သက်သတ်လွတ် အစာအပေါ် မူတည်ပြီး ရရှိမယ့် အကျိုး ကျေးဇူးတွေကတော့ မတူနိုင်ပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် သက်သတ်လွတ် စားတာကြောင့် အောက်ပါ အကျိုးကျေးဇူးတွေကိုတော့ ရရှိစေနိုင်ပါတယ်။

 

ကျန်းမာရေးနှင့် ညီညွတ်သော ကိုယ်အလေးချိန်ကို ထိန်းနိုင်ခြင်း

သက်သတ်လွတ် အစာက သက်သတ်လွတ် မဟုတ်တဲ့ အစာနဲ့ ယှဉ်ရင် ကယ်လိုရီ ပါဝင်မှု ပိုမို လျော့နည်းပါတယ်။ ဒါကြောင့် ကိုယ်အလေးချိန်ကို ထိန်းနိုင်တာ ဖြစ်ပါတယ်။ ကျန်းမာရေးနဲ့အညီ ထိန်းထားနိုင်တဲ့ ကိုယ်အလေးချိန်ဟာ သွေးတွင်း သကြားဓာတ်ကို ထိန်းနိုင်စွမ်း ရှိပါတယ်။

 

သွေးတွင်း သကြားဓာတ်ကို ထိန်းနိုင်ခြင်း

ဟင်းသီးဟင်းရွက်၊ သစ်သီး၊ အခွံချွတ်မထားတဲ့ ကောက်နှံစာနဲ့ အခွံမာသီးတို့ကို စားတာကြောင့် သွေးတွင်း သကြားဓာတ်ကို ထိန်းနိုင်ပါတယ်။ ဒါကြောင့် ဆေးကုသမှုနဲ့ ထိန်းချုပ်ရာမှာ အကူအညီပေးနိုင်ပြီး ဆီးချိုသွေးချို ရောဂါကြောင့် ဖြစ်တတ်တဲ့ နောက်ဆက်တွဲ ရောဂါ အန္တရာယ်တွေကို လျော့ကျစေပါတယ်။

 

နှလုံးသွေးကြောရောဂါ အန္တရာယ်ကို လျော့ကျစေခြင်း

သက်သတ်လွတ် အစာကို စနစ်တကျ လိုက်နာရင် သွေးတွင်း မကောင်းတဲ့ ကိုလက်စထရော ကင်းပြီး ပြည့်ဝဆီ နည်းကာ ပျော်ဝင်တဲ့ အမျှင်ဓာတ် များနေနိုင်ပါတယ်။ အဆီနည်းတဲ့ သက်သတ်လွတ် အစာကြောင့် နှလုံးသွေးကြောဆိုင်ရာ ရောဂါတွေရဲ့ ဖြစ်နှုန်းကို လျော့ကျစေပါတယ်။ သင့်မှာ ဆီးချိုသွေးချို ရောဂါ ရှိနေရင် သင့်အနေနဲ့ သက်သတ်လွတ် စားသင့်သလား ဆိုတာကို သင့်ကို ကုသနေတဲ့ ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ကိုယ်အလေးချိန်ကို ထိန်းနိုင်စေဖို့ လိုအပ်တဲ့ အာဟာရဓာတ်တွေနဲ့ မှန်ကန်တဲ့ ကယ်လိုရီ ရရှိစေဖို့ ဆရာဝန်က အကြံဉာဏ် ပေးပါလိမ့်မယ်။

Source:ဇွန် (Ref;mayoclinic)(yatanarpon)

 

Read: ဆေးဝါး တစ်လက်ကဲ့သို့ အသုံးဝင်သော ကြက်သွန်ဖြူ

ဆေးဝါး တစ်လက်ကဲ့သို့ အသုံးဝင်သော ကြက်သွန်ဖြူ

Read times Last modified on Wednesday, 27 February 2019 15:10
Rate this item
(0 votes)