What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 25 May 2018 14:14

ကြက်သွန်နီစားပေးရင် မှတ်ဥာဏ်ကောင်းစေနိုင်

ကြက်သွန်နီစားပေးရင် မှတ်ဥာဏ်ကောင်းစေနိုင် Google

ကြက်သွန်နီနွှာရင် မျက်စိစပ်တာတော့လူတိုင်သိကြပါတယ်။

ဒါပေမယ့် သူ့ အနေနဲ့ ကျန်းမာရေးကို အဖက်ဖက်က အကျိုးပြုနေတဲ့ ကောင်းကွက်တစ်ခုရှိပါတယ်။

ဆံပင်ကျွတ်တဲ့သူတွေတောင် ကြက်သွန်နီနဲ့ ပွတ်ပေးရင်သိသိသာသာပြန်ပေါက်လာစေပါတယ်။

ဒါနဲ့ ကြက်သွန်နီစားပေးရင် မှတ်ဥာဏ်ကောင်းစေတယ် ဆိုတာရောသိကြပြီးပြီလား။

Hokkaido Tokai လို့ခေါ်တဲ့ ဂျပန်တက္ကသိုလ်တစ်ခုက မှတ်ဥာဏ်အားနည်းသူတွေ အလွှာပါတဲ့ ဟင်းသီးဟင်းရွက် စားပေးခြင်းဖြင့် မှတ်ဥာဏ်ကို အားဖြည့်ပေးတယ်လို့ ရှာဖွေတွေ့ရှိခဲ့ပါတယ်။

အထူးသဖြင့် ဦးနှောက်အမြှေးပါးရောင်ရောဂါရှင်တွေအတွက် ဒီရှာဖွေတွေ့ ရှိမှုက အင်မတန် အရေးပါကြောင်းတွေ့ရပါတယ်။

ကြက်သွန်နီထဲပါဝင်တဲ့ Antioxidant ပစ္စည်းဟာ ဦးနှောက်ထဲမှာရှိတဲ့ ရောဂါပိုးတွေကိုလည်း ချေဖျက်တိုက်ခိုက်ပေးပါတယ်။

ကြက်သွန်ဖြူ၊ ကြက်သွန်နီ အပါအ၀င် ကြက်သွန်အနွယ်ဝင်တွေ အားလုံးမှာ ဆာလဖာ ဒြပ်ပေါင်းပါဝင်ပါတယ်။

ဆာလဖာ ပါဝင်တဲ့ ဒြပ်ပေါင်းတွေဟာ အသက်ကြီးပိုင်းမှတ်ဥာဏ်ချွတ်ယွင်းမှုရောဂါတွေကို သက်သာလျော့နည်းစေပါတယ်။

အကျက်လွန်တဲ့ ကြက်သွန်နီ တစ်နည်းအားဖြင့် မီးပြင်းပြင်းနဲ့ ချက်ထားတဲ့ ကြက်သွန်နီတွေကတော့ ကြက်သွန်နီအစိမ်းထက်ရောဂါကို ပိုမိုထိရောက်မှုမရှိနိုင်ပါဘူး။

ဒါကြောင့် မီးနည်းနည်းနဲ့ ချက်ပြုတ်စားသုံးခြင်းက ပိုသင့်တော်ပါတယ်။

ကြက်သွန်နီမှာ ပါဝင်တဲ့ Quercetin လို့ခေါ်တဲ့ရောင်ခြယ်ပစ္စည်းက ပန်းသီး ၊ လက်ဖက်ရည်မှာပါတဲ့ Quercetin တွေထက် ပါဝင်နှုန်းပိုများတယ်လို့သိရပါတယ်။

ဒီ့အပြင် ကြက်သွန်နီတွေက အအေးမိတာ၊ နှာစေးချောင်းဆိုးရောဂါ အပြင် နှလုံးရောဂါတွေပါပျောက်ကင်းစေတယ်လို့သိရပါတယ်။

Source:”shangyimm”

Read: သွေးအတွင်းပါရှိသော အဆီဓာတ် (၅) မျိုး

သွေးအတွင်းပါရှိသော အဆီဓာတ် (၅) မျိုး

Read times Last modified on Friday, 25 May 2018 14:58
Rate this item
(1 Vote)