What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Thursday, 03 January 2019 13:34

သစ်စေ့များစားခြင်းက ရင်သားကင်ဆာရောဂါကြောင့် သေဆုံးနိုင်ခြေကို ၄၀ ရာခိုင်နှုန်း လျှော့ချပေးနိုင်

သစ်စေ့များ စားခြင်းက ရင်သားကင်ဆာကြောင့် သက်ကြီးပိုင်း၌ သေဆုံးနိုင်ခြေကို ၄၀ ရာခိုင်နှုန်းထိ လျှော့ချ ပေးနိုင်ကြောင်း ကြေညာခဲ့တယ်။

သစ်စေ့၊ ဂျုံနှင့် ဟင်းသီးဟင်းရွက်များတွင် ဖိုင်တိုအီစထရိုဂျင်ဟု ခေါ်သော အထူး ဓာတ်ပေါင်းအမျိုးမျိုး ပါဝင်ပြီး ယင်း၌ အရေးအကြီးဆုံး ဓာတ်မှာ လစ်ဂနန်ဖြစ်သည်ဟု ဆိုသည်။

 

အဆိုပါ ဓာတ်ပေါင်းများသည် ကင်ဆာဆဲလ်များကို သတ်ပစ်ပြီး သွေးကြောအသစ်များ ဖွဲ့စည်း ဖြစ်ပေါ်မှုကို ရပ်တန့်စေခြင်းအားဖြင့် တစ်ဆင့်ခံ အကျိတ်များ ဖြစ်ပေါ်မှုကို တားဆီးပေးနိုင်သည်ဟု ဆိုပါတယ်။

 

သစ်စေ့များတွင် လစ်ဂနန်ဓာတ် ကြွယ်ဝပြီး ၎င်းဓာတ်ကို အူထဲတွင် အန်တာရိုလက်တုန်းဓာတ်အဖြစ် ပြောင်းနိုင်ပါတယ်။ ယင်းဓာတ်က ရင်သားကင်ဆာ ဖြစ်ပွားမှုမှ ကာကွယ်ပေးနိုင်သည့် အာနိသင်ရှိကြောင်း သိရှိခဲ့ရတယ်။

 

ခန္ဓာကိုယ်အတွင်းတွင် အဆိုပါဓာတ်များက အမျိုးသမီးဟော်မုန်းဖြစ်သော အီစထရိုဂျင်ကို တွယ်ကပ်သောကြောင့် ကင်ဆာရောဂါမှ ကာကွယ်ပေးနိုင်ခြင်း ဖြစ်နိုင်သည်ဟု ဆိုသည်။ ဂျာမနီနိုင်ငံမှ သိပ္ပံပညာရှင်များသည် သွေးဆုံးခါနီး အသက်အရွယ်ရှိ ရင်သားကင်ဆာ ရောဂါရှိသော အမျိုးသမီးပေါင်း ၁၀၀၀ ကျော်ကို သုံးနှစ်ကြာ လေ့လာခဲ့ခြင်း ဖြစ်ပါတယ်။
Source:(yatanarpon)

 

Read: ဓမ္မတာ များလွန်းခြင်း (Menorrhagia)

ဓမ္မတာ များလွန်းခြင်း (Menorrhagia)

 

Read times Last modified on Wednesday, 27 February 2019 15:06
Rate this item
(0 votes)