What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Tuesday, 31 December 2019 14:15

ရေထက်ပိုပြီးတော့ကို ရေဓာတ်ဖြည့်တင်းပေးနိုင်တဲ့ သဘာဝဖျော်ရည်များ

ရေဆိုတာဟာ ကယ်လိုရီတွေလုံးဝမပါသလို အလကားသောက်သုံးနိုင်တဲ့ သဘာဝရဲ့ လက်ဆောင်တစ်ခုဖြစ်ပါတယ်။

ဒါ့အပြင် ရေအသက်တစ်မနက် ဆိုတဲ့ စကားအတိုင်း လူသားတွေ အသက်ရှည်ရှည်နေနိုင်ဖို့အတွက် လိုအပ်တဲ့ရေဓာတ်ကိုဖြည့်တင်းနိုင်ရန် ရေကိုမဖြစ်မနေ သောက်ကိုသောက်သုံးပေးရပါတယ်။ ကိုယ်တွင်းအဆိပ်အတောက်တွေကို ဖယ်ရှားပေးတယ်၊ အသားအရေလှစေတယ်၊ ကိုယ်အလေးချိန်ကျစေတယ် စတဲ့ ကောင်းကျိုးတွေကို ရေနည်းတူ ဖြည့်ဆည်းပေးနိုင်တဲ့ တခြားသဘာဝဖျော်ရည်တွေကလည်း ရှိသေးလို့ ပိုပြီးအရသာရှိရှိ သောက်သုံးချင်တယ်ဆိုရင်တော့ ဒီဆောင်းပါးလေးကို အဆုံးထိဖတ်ကြည့်ပေးလိုက်ပါ။

ရှားစောင်းလက်ပတ်ရည်

Image result for ရှားစောင်းလက်ပတ်ရည်"

ရှေးခေတ်အီဂျစ်လူမျိုးတွေ တန်ဖိုးထားကြတဲ့ ရှားစောင်းလက်ပတ်ပင်ဟာ Antioxidants တွေ အမြောက်အမြားပါဝင်နေပါတယ်။ အရည်အဖြစ်လုပ်ပြီး သောက်သုံးမယ်ဆိုပါက အူတွင်းကိုသန့်စင်ပေးပြီး ဆဲလ်တွေဖွံ့ဖြိုးမှုကို လှုံ့ဆော်ပေးကာ အနာကျက်မြန်စေပါတယ်။

သကြားမုန်လာဖျော်ရည်

Image result for သကြားမုန်လာဖျော်ရည်"

သဘာဝရဲ့သကြားလုံးလို့ တချို့ကတင်စားကြတဲ့ သကြားမုန်လာဟာ သကြားပါဝင်တယ်ဆိုပေမယ့် လူကိုဘေးမဖြစ်စေတဲ့ သဘာဝသကြားဖြစ်ပါတယ်။ ပိုတက်ဆီယမ်၊ ဗီတာမင်ဘီ၊ Carotenoids ၊ မဂ္ဂနီဆီယမ်၊ သံဓာတ်တို့ကို များစွာထောက်ပံ့ပေးနိုင်ပါတယ်။

အုန်းရည်

Image result for အုန်းရည်"

ကမ်းခြေသွားရင် အမြဲသောက်သုံးလေ့ရှိတဲ့ အုန်းရည်ဟာ သောက်လိုက်ရင် ရင်ကိုအေးသွားစေပြီး အရသာလည်း အင်မတန်ရှိပါတယ်။ သကြားတွေ၊ ဆေးသကြားတွေထည့်ထားတဲ့ အုန်းရည်ဖျော်ရည်ဘူးတွေထက် အုန်းရည်စစ်စစ်က ဆိုဒီယမ်ပါဝင်မှုနည်းပါးကာ ပိုတက်ဆီယမ်ကြွယ်ဝလို့ ပုံမှန်ရေက မဖြည့်တင်းနိုင်တဲ့ နည်းလမ်းတွေနဲ့ ရေဓာတ်ဖြည့်တင်းပေးမှာဖြစ်ပါတယ်။

သစ်သီးစိမ်ရည်

Image result for သစ္သီးစိမ္ရည္"

သစ်သီးစိမ်ရည်လို့ ဆိုလိုက်တာနဲ့ ဘယ်အသီးပဲစိမ်ရမယ်လို့ ဆိုလိုတာမဟုတ်ဘူးဆိုတာကို သေချာသိစေချင်ပါတယ်။ ကိုယ်ကြိုက်တဲ့အသီးအနှံကို ရေထဲသေချာစိမ်ပြီး အရသာရှိရှိသောက်သုံးခြင်းက ကျန်းမာရေးအတွက်လည်း ပိုအကျိုးရှိစေကာ အရသာလည်းပိုကောင်းမှာသေချာပါတယ်။

နွားနို့

Image result for နွားနို့"

နွားနို့ကိုသောက်သုံးပေးခြင်းက ရေသောက်တာထက်ကို ပိုပြီးတော့ မြန်မြန်ဆန်ဆန် ရေဓာတ်ဖြည့်တင်းပေးနိုင်ပါတယ်။ သဘာဝသကြားဓာတ်နဲ့ ပရိုတင်းက ရေဓာတ်ကို ခန္ဓာကိုယ်မှ ထိန်းသိမ်းထားနိုင်ရန် ကူညီပေးပါတယ်။

 

Lifestyle_Myanmar 

{Unicode}

======

ေရထက္ပိုၿပီးေတာ့ကို ေရဓာတ္ျဖည့္တင္းေပးႏိုင္တဲ့ သဘာဝေဖ်ာ္ရည္မ်ား

ေရဆိုတာဟာ ကယ္လိုရီေတြလုံးဝမပါသလို အလကားေသာက္သုံးႏိုင္တဲ့ သဘာဝရဲ႕ လက္ေဆာင္တစ္ခုျဖစ္ပါတယ္။ ဒါ့အျပင္ ေရအသက္တစ္မနက္ ဆိုတဲ့ စကားအတိုင္း လူသားေတြ အသက္ရွည္ရွည္ေနႏိုင္ဖို႔အတြက္ လိုအပ္တဲ့ေရဓာတ္ကိုျဖည့္တင္းႏိုင္ရန္ ေရကိုမျဖစ္မေန ေသာက္ကိုေသာက္သုံးေပးရပါတယ္။ ကိုယ္တြင္းအဆိပ္အေတာက္ေတြကို ဖယ္ရွားေပးတယ္၊ အသားအေရလွေစတယ္၊ ကိုယ္အေလးခ်ိန္က်ေစတယ္ စတဲ့ ေကာင္းက်ိဳးေတြကို ေရနည္းတူ ျဖည့္ဆည္းေပးႏိုင္တဲ့ တျခားသဘာဝေဖ်ာ္ရည္ေတြကလည္း ရွိေသးလို႔ ပိုၿပီးအရသာရွိရွိ ေသာက္သုံးခ်င္တယ္ဆိုရင္ေတာ့ ဒီေဆာင္းပါးေလးကို အဆုံးထိဖတ္ၾကည့္ေပးလိုက္ပါ။

ရွားေစာင္းလက္ပတ္ရည္

Image result for ရှားစောင်းလက်ပတ်ရည်"

ေရွးေခတ္အီဂ်စ္လူမ်ိဳးေတြ တန္ဖိုးထားၾကတဲ့ ရွားေစာင္းလက္ပတ္ပင္ဟာ Antioxidants ေတြ အေျမာက္အျမားပါဝင္ေနပါတယ္။ အရည္အျဖစ္လုပ္ၿပီး ေသာက္သုံးမယ္ဆိုပါက အူတြင္းကိုသန႔္စင္ေပးၿပီး ဆဲလ္ေတြဖြံ႕ၿဖိဳးမႈကို လႈံ႕ေဆာ္ေပးကာ အနာက်က္ျမန္ေစပါတယ္။

သၾကားမုန္လာေဖ်ာ္ရည္

Image result for သကြားမုန်လာဖျော်ရည်"

သဘာဝရဲ႕သၾကားလုံးလို႔ တခ်ိဳ႕ကတင္စားၾကတဲ့ သၾကားမုန္လာဟာ သၾကားပါဝင္တယ္ဆိုေပမယ့္ လူကိုေဘးမျဖစ္ေစတဲ့ သဘာဝသၾကားျဖစ္ပါတယ္။ ပိုတက္ဆီယမ္၊ ဗီတာမင္ဘီ၊ Carotenoids ၊ မဂၢနီဆီယမ္၊ သံဓာတ္တို႔ကို မ်ားစြာေထာက္ပံ့ေပးႏိုင္ပါတယ္။

အုန္းရည္

Image result for အုန်းရည်"

ကမ္းေျခသြားရင္ အၿမဲေသာက္သုံးေလ့ရွိတဲ့ အုန္းရည္ဟာ ေသာက္လိုက္ရင္ ရင္ကိုေအးသြားေစၿပီး အရသာလည္း အင္မတန္ရွိပါတယ္။ သၾကားေတြ၊ ေဆးသၾကားေတြထည့္ထားတဲ့ အုန္းရည္ေဖ်ာ္ရည္ဘူးေတြထက္ အုန္းရည္စစ္စစ္က ဆိုဒီယမ္ပါဝင္မႈနည္းပါးကာ ပိုတက္ဆီယမ္ႂကြယ္ဝလို႔ ပုံမွန္ေရက မျဖည့္တင္းႏိုင္တဲ့ နည္းလမ္းေတြနဲ႔ ေရဓာတ္ျဖည့္တင္းေပးမွာျဖစ္ပါတယ္။

သစ္သီးစိမ္ရည္

Image result for သစ္သီးစိမ္ရည္"

သစ္သီးစိမ္ရည္လို႔ ဆိုလိုက္တာနဲ႔ ဘယ္အသီးပဲစိမ္ရမယ္လို႔ ဆိုလိုတာမဟုတ္ဘူးဆိုတာကို ေသခ်ာသိေစခ်င္ပါတယ္။ ကိုယ္ႀကိဳက္တဲ့အသီးအႏွံကို ေရထဲေသခ်ာစိမ္ၿပီး အရသာရွိရွိေသာက္သုံးျခင္းက က်န္းမာေရးအတြက္လည္း ပိုအက်ိဳးရွိေစကာ အရသာလည္းပိုေကာင္းမွာေသခ်ာပါတယ္။

ႏြားႏို႔

Image result for နွားနို့"

ႏြားႏို႔ကိုေသာက္သုံးေပးျခင္းက ေရေသာက္တာထက္ကို ပိုၿပီးေတာ့ ျမန္ျမန္ဆန္ဆန္ ေရဓာတ္ျဖည့္တင္းေပးႏိုင္ပါတယ္။ သဘာဝသၾကားဓာတ္နဲ႔ ပ႐ိုတင္းက ေရဓာတ္ကို ခႏၶာကိုယ္မွ ထိန္းသိမ္းထားႏိုင္ရန္ ကူညီေပးပါတယ္။

Lifestyle_Myanmar

Read times Last modified on Tuesday, 31 December 2019 14:25
Rate this item
(1 Vote)