What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Monday, 21 January 2019 11:57

ယုံကြည်စိတ်ချရသော လက်မောင်းတွင်းထည့် သားဆက်ခြားပစ္စည်း လေဒီယာ Implanex II ကို မြန်မာနိုင်ငံတစ်ဝန်းတွင် ဝယ်ယူရရှိနိုင်ပြီ

သားဆက်ခြား ပစ္စည်းများနှင့် ဝန်ဆောင်မှုများကို ကူညီထောက်ပံ့ပေးလျက်ရှိသော ကမ္ဘာ့အကြီးမားဆုံး အဖွဲ့အစည်းများအတွင်း တစ်ခုအပါအဝင်ဖြစ်သည့် DKT International ၏ ထုတ်ကုန်များအား လွှမ်းခြုံထားသော လေဒီယာ အမှတ်တံဆိပ်မှ မြန်မာနိုင်ငံရှိ အမျိုးသမီးများအတွက် အကျိုးကျေးဇူးများ ရရှိနိုင်မည့် စွမ်းဆောင်ရည်မြင့် လက်မောင်းတွင်းထည့် သားဆက်ခြားပစ္စည်း လေဒီယာ Implanex II ကို ယနေ့ စတင် မိတ်ဆက်လိုက်ပြီ ဖြစ်ပါသည်။

မြန်မာနိုင်ငံ အားကစားနှင့် ကျန်းမာရေးဝန်ကြီးဌာန၏ ထောက်ခံချက် ရရှိထားသော လေဒီယာ Implanex II သည် ဈေးနှုန်း အသက်သာဆုံး လက်မောင်းတွင်းထည့် သားဆက်ခြားပစ္စည်းဖြစ်ပြီး နိုင်ငံတစ်ဝန်းရှိ ဆေးရုံနှင့် ဆေးပေးခန်း များတွင် အလွယ်တကူ ဝယ်ယူရရှိနိုင်ပြီ ဖြစ်သည်။

 

သားဆက်ခြား သောက်ဆေး၊ ထိုးဆေးများမှာ မိသားစု စီမံကိန်းအတွက် မြန်မာနိုင်ငံရှိ အမျိုးသမီးများ ပုံမှန် ရွေးချယ်လေ့ရှိသော သားဆက်ခြား ထုတ်ကုန်ပစ္စည်းများ ဖြစ်ပါသည်။ နောက်ဆုံးပေါ် သားဆက်ခြားနည်းလမ်း များအကြောင်း ပိုမိုသိရှိနားလည်လာကြသည်နှင့်အညီ မကြာသေးမီ နှစ်များအတွင်း လက်မောင်းအတွင်း ထည့်သွင်းအသုံးပြုရသော သားဆက်ခြားပစ္စည်းများ အသုံးပြုမှုမှာလည်း ပိုမိုမြင့်တက်လာခဲ့သည်။ မိသားစု စီမံကိန်းအတွက် အများစု ရွေးချယ်အသုံးပြုလာကြသော လက်မောင်းတွင်းထည့် သားဆက်ခြားပစ္စည်း၏ အကျိုးကျေးဇူးများမှာ ရေရှည်အသုံးပြုနိုင်ခြင်း၊ ဘေးထွက်ဆိုးကျိုးနည်းပါးခြင်း၊ သားဆက်ခြားပစ္စည်း ထည့်သွင်းရာတွင်နှင့် ပြန်လည်ထုတ်ယူရာတွင် လွယ်ကူရိုးရှင်းစွာ လုပ်ဆောင်နိုင်ခြင်း၊ သားသမီး ပြန်လည်ရယူလိုပါက အချိန်မရွေး ပြန်လည်ထုတ်ယူနိုင်ခြင်း၊ ထုတ်ယူပြီးသည်နှင့် လျင်မြန်စွာ ကလေးပြန်လည် ရရှိနိုင်ခြင်း စသည်တို့ ဖြစ်ပါသည်။

 

လက်မောင်းတွင်းထည့် သားဆက်ခြားပစ္စည်းများ၏ ကုန်ကျစရိတ် ကြီးမြင့်မှုကြောင့်ကျေးလက်ဒေသများရှိ အမျိုးသမီးများထက် မြို့ပြဒေသများရှိ အမျိုးသမီးများ ပိုမိုအသုံးပြုနေကြကြောင်း DKT International မှ လေ့လာတွေ့ရှိခဲ့ပါသည်။ အဆိုပါ ခြားနားချက်ကို ဖြည့်ဆည်းပေးနိုင်ရန်နှင့် မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ အမျိုးသမီး အားလုံး၏ မိသားစု စီမံကိန်းကို ကူညီထောက်ပံ့ပေးနိုင်ရန် DKT International မှ ငွေကျပ် ၁၈,၀၀၀ ဝန်းကျင်သာ ကျသင့်မည့် လေးနှစ်အထိ သန္ဓေတားပေးနိုင်သော လက်မောင်းတွင်းထည့် သားဆက်ခြားပစ္စည်း လေဒီယာ Implanex II ကို မိတ်ဆက်ခဲ့ခြင်းဖြစ်ပြီး ဈေးကွက်အတွင်း ရောင်းချနေသည့် အခြား လက်မောင်းတွင်းထည့် သားဆက်ခြားပစ္စည်းများထက် ကုန်ကျစရိတ် ငါးဆ သက်သာစွာ ထည့်သွင်းအသုံးပြုနိုင်ပြီ ဖြစ်သည်။ ယခု စတင်မိတ်ဆက်လိုက်သည့် ထုတ်ကုန်သစ်သည် မြန်မာနိုင်ငံရှိ အခြား ဟော်မုန်းအသုံးချ သားဆက်ခြား နည်းလမ်းများထက် ကုန်ကျစရိတ် အသက်သာဆုံးသော နည်းလမ်းတစ်ခု ဖြစ်ပါသည်။

 

DKT International (Myanmar) ၏ Head of Training ဖြစ်သူ ဒေါက်တာ ဖြိုးသီဟ က “လေဒီယာ Implanex II ဟာ မြန်မာနိုင်ငံမှာရှိတဲ့ သားဆက်ခြားနည်းလမ်းအမျိုးမျိုးနဲ့ ပတ်သက်တဲ့ အတွေးအမြင် အယူအဆတွေကို ပြောင်းလဲပေးသွားနိုင်မှာပါ။ ဒီ လွယ်ကူရိုးရှင်းတဲ့ သားဆက်ခြားနည်းလမ်းဟာ ၉၉ ရာခိုင်နှုန်း ထိရောက်မှု ရှိပြီး ဈေးနှုန်း သက်သက်သာသာနဲ့ ရရှိနိုင်တာကြောင့် ရှေရှည်သားဆက်ခြားပေးနိုင်တော့မယ့် အခွင့်အလမ်း တစ်ခုကို လူတန်းစားအသီးသီးမှာရှိတဲ့ အမျိုးသမီးတွေ အားလုံးအတွက် ပေးအပ်နိုင်ခဲ့ပြီဖြစ်ပါတယ်။ သားဆက်ခြားပစ္စည်း ထည့်ရာမှာလည်း အရမ်းကို လွယ်ကူမြန်ဆန်ပြီး လုံခြုံစိတ်ချရပါတယ်။ ပြီးတော့ အမာရွတ် မကျန်ခဲ့နိုင်တဲ့အတွက် အမျိုးသမီးတွေ စိတ်ချလက်ချ အသုံးပြုနိုင်ပါတယ်။ မြန်မာနိုင်ငံမှာ လေဒီယာ Implanex II မိတ်ဆက်လိုက်တာကြောင့် အမျိုးသမီးတွေအနေနဲ့ မိသားစုစီမံကိန်းရဲ့ အကျိုးကျေးဇူးတွေကို ခံစားနိုင်မယ့် အခွင့်အလမ်းတွေ ပိုပြီး ရရှိလာကြဖို့ မျှော်လင့်ပါတယ်” ဟု ပြောသည်။

 

အမျိုးသမီး အများစုမှာ အခြားသော ဟော်မုန်းအသုံးချ သားဆက်ခြားနည်းလမ်းများနှင့် နှိုင်းယှဉ်ပါက လေဒီယာ Implanex II နှင့် ပိုမို သင့်တော်မှုရှိကြောင်းတွေ့ရသည်။ သို့ရာတွင် လက်မောင်းတွင်းထည့် သားဆက်ခြား ပစ္စည်းများမှာ လူတိုင်းနှင့် သင့်တော်မှုရှိနိုင်မည် မဟုတ်သောကြောင့် အသုံးပြုရန် စိတ်ပါဝင်စားသူများအနေဖြင့် မထည့်သွင်းမီ ကျွမ်းကျင်သူများ၏ ညွှန်ကြားချက်အတိုင်း အခြေခံ ကျန်းမာရေးစစ်ဆေးမှု ပြုလုပ်သင့်ပါသည်။ ကျွမ်းကျင်သူမှ ရာသီစက်ဝန်းနှင့် ယခင်အသုံးပြုခဲ့သည့် သားဆက်ခြားနည်းလမ်းအပေါ် မူတည်၍ လက်မောင်း အတွင်း သားဆက်ခြားပစ္စည်း ထည့်သွင်းနိုင်မည့် အကောင်းဆုံးအချိန်ကို ညွှန်ကြားပေးမည် ဖြစ်ပါသည်။ ကိုယ်ဝန်ရှိ၊ မရှိ စမ်းသပ်မှုပြုလုပ်ရန်လည်း လိုအပ်ပါသည်။

 

လေဒီယာ Implanex II ကို မြန်မာနိုင်ငံ တစ်ဝန်းရှိ ဆေးရုံနှင့် ဆေးပေးခန်းများတွင် ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၁၈ ရက်နေ့မှ မတ်လ အထိ အထူးလျှော့ဈေး ငွေကျပ် ၁၅,၀၀၀ ဖြင့် ရောင်းချပေးသွားမည် ဖြစ်ပါသည်။ ၁၅ မိနစ်ခန့် ကြာမြင့်မည့် လက်မောင်းအတွင်း သားဆက်ခြားပစ္စည်း ထည့်သွင်းခြင်း ဆောင်ရွက်ပုံအဆင့်ဆင့်ကို ခွင့်ပြုချက်ရရှိထားသော ကျန်းမာရေး ဆေးရုံ၊ ဆေးခန်းတစ်ခုတွင် ပြုလုပ်ရမည်ဖြစ်ပါသည်။ သားဆက်ခြား ပစ္စည်းကို လက်မောင်းအတွင်းဘက်ရှိ အရေပြားအောက်တွင် ထည့်သွင်းရမည်ဖြစ်ပြီး ထုံဆေး အသုံးပြု၍ ဆောင်ရွက်ပေးသွားမည် ဖြစ်သည်။ လက်မောင်းတွင်းထည့် သားဆက်ခြားပစ္စည်း ထည့်သွင်းပြီးပါက အခြား သားဆက်ခြားနည်းလမ်းများ အသုံးပြုရန် မလိုအပ်တော့ပါ။

 

Wyndham Grand Yangon Hotel တွင် ယနေ့ ကျင်းပပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ အခမ်းအနား အပြီးတွင် လေဒီယာမြန်မာမှ ဆရာဝန်ပေါင်း ၂၀၀ ကျော်အား လေဒီယာ Implanex II အကြောင်း အသေးစိတ် အချက်အလက်များ၊ လေဒီယာ Implanex II ထည့်သွင်းပုံအဆင့်ဆင့်နှင့် သရုပ်ဖော်ပြသခြင်း အပါအဝင် လူနာနှင့် ဆွေးနွေးရာတွင် သိရှိသင့်သည့် အချက်များကို အလုပ်ရုံဆွေးနွေးပွဲတစ်ခု ပြုလုပ်ပြီး အသိပညာပေး မျှဝေခဲ့သည်။

 

နိုင်ငံတော်အစိုးရအနေဖြင့် မိခင်နှင့် ရင်သွေးငယ်များ သေဆုံးမှု၊ ရောဂါဖြစ်ပွားမှု၊ မသန်မစွမ်းနှင့် ပုံမှန် ဖွံ့ဖြိုးမှု မရှိသော ကလေးငယ်များ မွေးဖွားမှုတို့မှ ကာကွယ်နိုင်ပြီး မလိုလားအပ်သော အသက်ဆုံးရှုံးမှုများကို ကယ်တင်နိုင်ရန် မိသားစု စီမံကိန်း ရေးဆွဲခြင်းသည် အဓိက အခန်းကဏ္ဍမှ ပါဝင်နေသည်ဟု ရှုမြင်သုံးသပ်ထား ပါသည်။ အဆိုပါ ရှုမြင်သုံးသပ်ချက်အရ မိသားစုစီမံကိန်းဆိုင်ရာ သတင်းအချက်အလက်များ၊ ထုတ်ကုန်ပစ္စည်း များနှင့် ဝန်ဆောင်မှုများ ရယူအသုံးပြုနိုင်ရေးသည် အမျိုးသမီးတိုင်းနှင့် လူ့အဖွဲ့အစည်း တစ်ရပ်လုံးအတွက် ၎င်းတို့၏ အနာဂတ်ကို အပြည့်အဝ ပုံဖော်နိုင်ရန် အခြေခံ ရပိုင်ခွင့်တစ်ခုဖြစ်ပါသည်။ နေရာဒေသမရွေး၊ လူတန်းစားမရွေး အဆင့်မီ သားဆက်ခြားဝန်ဆောင်မှုများ ရယူနိုင်ခြင်းဖြင့် အမျိုးသမီးငယ်များနှင့် အိမ်ထောင်သည် အမျိုးသမီးများ၏ ဘဝ ပိုမို တိုးတက်ကောင်းမွန်လာစေရေး ရည်ရွယ်ကာ Family Planning 2020 စီမံကိန်းကို ရေးဆွဲခဲ့ပြီး လာမည့် ၂၀၂၀ ခုနှစ်တွင် မြန်မာနိုင်ငံ၏ သားဆက်ခြားခြင်းဆိုင်ရာ ပျံနှံ့မှုနှုန်း (CPR) ကို ၄၁ ရာခိုင်နှုန်းမှ ၆၀ ရာခိုင်နှုန်းအထိ မြှင့်တင်သွားရန် အလေးပေး ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

 

Read: ဗိုက်မှောက်အိပ်စေခြင်းက ကလေးငယ်များကို သေဆုံးစေနိုင်

ဗိုက်မှောက်အိပ်စေခြင်းက ကလေးငယ်များကို သေဆုံးစေနိုင်

Read times
Rate this item
(0 votes)