What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Monday, 28 January 2019 10:17

လေ့ကျင့်ခန်း ပြုလုပ်ပြီး အချိုရည်သောက်သုံးပါက ကျောက်ကပ် ပျက်စီးစေနိုင်

ပူလောင်သော လေ့ကျင့်ခန်းအစီအစဉ်တစ်ခုပြီးနောက် အေးမြသော အအေးတစ်ဘူးသောက်ခြင်းကြောင့် ပြန်လည်လန်း ဆန်းသွားသလိုခံစားရနိုင်သော်လည်း ယင်းလုပ်ရပ်က ခန္ဓာကိုယ်ရေ ဓာတ်ခန်းခြောက်မှုကို ပိုဆိုးစေကာကျောက်ကပ်လုပ်ဆောင်ချက် ကို အနှောင့်အယှက်ဖြစ်စေကြောင်း လေ့လာမှုအသစ်တစ်ရပ်အရ သိရပါတယ်။

သကြားဓာတ်ပါဝင်မှု မြင့်မားသောကဖိန်းဓာတ်ဖြည့်ထား သည့်အချိုရည်များသည် ကမ္ဘာတစ်ဝန်းများစွာ လူကြိုက်များနေကာ ယင်းတို့ကို မိတ်ဆက်စရာပင်မလိုပေ။ ယင်းအချိုရည်များကြောင့် အဝလွန်ခြင်းနှင့် ဆီးချိုရောဂါနှစ်မျိုးဖြစ်နိုင်ခြေရှိခြင်းကို လူအများလက်ခံထားသည်မှာ ကြာပြီဖြစ်ကာ လတ်တလော လေ့လာမှုတစ်ခုက ယင်းအချိုရည်များ၏ ကျန်းမာရေးအန္တရာယ်များ စာရင်းတွင် နောက်ထပ်တစ်ခုထည့်သွင်းလိုက်ပါတယ်။

 

နယူးယောက်မြို့ဘာဖလိုတက္ကသိုလ်မှ သုတေသီများက ကိုယ် ကာယအားစိုက်ရစဉ်နှင့် ယင်းသို့ပြုလုပ်ပြီးနောက်သောက်သုံး ချိန်တွင် အချိုရည်များက ကျောက်ကပ်ကျန်းမာရေးအပေါ်ထိခိုက် မှုကိုလေ့လာခဲ့တာပါ။

 

ပူလောင်သော ပတ်ဝန်းကျင်တွင် လေ့ကျင့်ခန်းလုပ်ပါက ကျောက်ကပ်ကို ဖြတ်၍သွေးစီးဆင်းမှုလျော့ကျသွားသည်။ ယင်း က သွေးပေါင်ထိန်းညှိရန်နှင့် ရေဓာတ်ထိန်းသိမ်းရန် အထောက်အ ကူပြုပြီးသာမန်တုံ့ပြန်မှုတစ်ခုဖြစ်ကာ အန္တရာယ်ဖြစ်စေခြင်းမရှိ ပေ။

 

သို့သော် ကျောက်ကပ်ကို ဖြတ်၍ သွေးစီးဆင်းမှုသိသိသာသာ လျော့သွားပါက တစ်သျှူးများသို့ပေးပို့မည့် အောက်ဆီဂျင်လျော့ကျ ခြင်းကြောင့် ကျောက်ကပ်ကိုပြင်းထန်စွာ ထိခိုက်စေနိုင်ကြောင်း သိရပါတယ်။

 

အပူထဲတွင် လေ့ကျင့်ခန်းလုပ်နေရင်း (သို့မဟုတ်) လုပ်ပြီး နောက်အအေးသောက်ခြင်းကရေဓာတ်ပြန်ပြည့်စေခြင်းမရှိသော ကြောင့် ယင်းသို့မသောက်သုံးသင့်ဟု သုတေသီများကပြောသည်။ လေ့ကျင့်ခန်းလုပ်နေစဉ် (သို့မဟုတ်) လုပ်ပြီးနောက်အအေးသောက် ပါက ရေဓာတ်ခန်းခြောက်မှု ပိုဆိုးလာနိုင်ပြီးကျောက်ကပ်ကို ထိခိုက်စေကြောင်း သုတေသီများကပြောသည်။

Source:7Daydaily

 

 

 

Read times Last modified on Wednesday, 27 February 2019 14:39
Rate this item
(1 Vote)