What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Thursday, 21 March 2019 17:03

အသည်းကင်ဆာ ရောဂါ ဖြစ်ပွားမှုကို ဘီပိုး ကာကွယ်ဆေး ထိုးခြင်းဖြင့် ကာကွယ်နိုင်

ဘီပိုး ကာကွယ်ဆေး ထိုးထားခြင်းသည် အသည်းကင်ဆာ ရောဂါကို ၈၀ ရာခိုင်နှုန်းခန့် ကာကွယ်ထားနိုင်သည်ဟု ဘီပိုး ကာကွယ်ဆေး စက်ရုံမှ တာဝန်ရှိသူ ဒေါ်ခင်ခင်ထွေးက ပြောရပါတယ်။

“အသည်းကင်ဆာအပြင် အသည်းနဲ့ ပတ်သက်တဲ့ ရောဂါ အမျိုးမျိုးကိုလဲ ကာကွယ်ပြီးသား ဖြစ်နေပါတယ်။ အသည်းရောင် အသားဝါ(ဘီ) ကာကွယ်ဆေးက မွေးကင်းစ အရွယ်ကနေ အသက်အရွယ်မရွေး ဖြစ်ပွားနိုင်လို့ အရွယ်တိုင်း ထိုးသင့်ပါတယ်” ဟု ယင်းက ထပ်မံပြောကြားခဲ့ပါတယ်။

Read More : အရေးပြားပေါ်တွင် မြင်တွေ့နိုင်သည့် ဆေးဓာတ်မတည့် အလာဂျီ လက္ခဏာ

 

ဘီပိုးကြောင့် မြန်မာနိုင်ငံတွင် နှစ်စဉ်နှစ်တိုင်း အသက် ဆုံးရှုံးရမှုများ ရှိသောကြောင့် စက်ရုံ အလုပ်ရုံ ဝန်ထမ်းများ၊ ကျောင်းသား ကျောင်းသူများကို ဘီပိုး ကာကွယ်ဆေး ထိုးရန် စည်းရုံးမှုများ ပြုလုပ်သွားမည်ဟု သိရပါတယ်။ “ဘီပိုးက ကာကွယ်ဆေး ထိုးထားမှ တော်ကာကျမယ် ။ ကုသဖို့က သိပ်မလွယ်ဘူး ။ နှစ်စဉ် မြန်မာနိုင်ငံရဲ့ လူဦးရေ ရာခိုင်နှုန်း ၂၀ ဘီပိုး ကူးစက်ခံနေရတယ်” ဟု အသည်းရောဂါကု ဆရာဝန် ဦးကျော်စိန်က ပြောပါတယ်။

 

ဘီပိုး ကာကွယ်ဆေး စက်ရုံ အနေဖြင့် ပြည်သူများ အဆင်ပြေစွာ ကာကွယ်ဆေး ထိုးနိုင်ရန်အတွက် အိမ်တိုင်ရာရောက် စနစ်ဖြင့် ကာကွယ်ဆေး ထိုးပေးခြင်း၊ ဈေးနှုန်း ချိုသာစွာ ဆောင်ရွက်ပေးခြင်း စသည်တို့ကို ပြုလုပ်နေကြောင်း သိရပါတယ်။ “ကာကွယ်ဆေးက ဈေးနှုန်း သက်သာမယ် ဆိုရင်တော့ ထိုးသင့်တယ်။ ကျန်းမာရေးက အရေးကြီးတယ်။ စားဝတ်နေရေးနဲ့ ကျန်းမာရေးအတွက်ဆို ပိုက်ဆံကုန်ရတာ တန်တယ်လို့ ပြောရမှာပဲ” ဟု ပုဇွန်တောင်မြို့နယ် နေသူ တစ်ဦးက ပြောပါတယ်။

Source: KMZ (yatanarpon)

Read times
Rate this item
(1 Vote)