What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Tuesday, 02 January 2018 14:30

ချောင်းဆိုးစေတဲ့ ဖြစ်နိုင်ခြေ အများဆုံးသော အကြောင်းရင်းများ

ချောင်းဆိုးစေတဲ့ ဖြစ်နိုင်ခြေ အများဆုံးသော အကြောင်းရင်းများ google.com

၁. ဗိုင်းရပ်စ်ပိုးကြောင့် ချောင်းဆိုးခြင်း

အအေးမိခြင်းနှင့်တွဲဖက်တွေ့ရတတ်ပြီး ချောင်းဆိုးတဲ့အခါ ချွဲ၊ သလိပ် ပါတတ်ပါတယ်။ အဖျားကျ သွားတာတောင် ချောင်းဆိုးမပျောက်ဘဲ ကျန်ရှိနေတတ်ပါတယ်။

90 ရာခိုင်နှုန်း လောက်သော ချောင်းဆိုးခြင်းတွေဟာ ဘက်တီးရီးယားပိုးကြောင့် ဖြစ်တာ မဟုတ်တဲ့ အတွက် ပဋိဇီဝဆေးတွေက အထောက်အကူ မပြုနိုင်ပါဘူး။

ချွဲ၊ သလိပ် ကြေစေဖို့အတွက် အလွယ်တကူ ၀ယ်ယူရရှိနိုင်သော ဆရာဝန်ညွှန်ကြားချက် မလိုတဲ့ ချောင်းဆိုး ပျောက်ဆေးရည်တွေကို သောက်သုံးနိုင်ပါတယ်။

ရေနွေးပူပူကို သောက်ပါက လည်ချောင်း နာ၊ လည်ချောင်းယားခြင်းကို သက်သာစေပါတယ်။ 

၂. ပန်းနာ ရင်ကြပ် ရှိခြင်းကြောင့် ချောင်းဆိုးခြင်း

နာတာရှည်ချောင်းခြောက်ဆိုးခြင်းဖြစ်ပြီး ညဘက်မှာ ပိုဆိုးတတ်ပါတယ်။ တခါတလေမှာ အသက်ရှူကြပ် တာ၊ အသက်ရှူသံ တရွှီရွှီမြည်တာတွေဖြစ်တတ်ပါတယ်။ ညဘက်မှာ ချောင်းဆိုးခြင်းဟာ ပန်းနာရင်ကြပ်ရောဂါ ရှိနေပြီဖြစ်ကြောင်း ပထမဆုံးသိရှိနိုင်တဲ့ ရောဂါ လက္ခဏာဖြစ်ပြီး အသက်အရွယ် မရွေးဖြစ်နိုင်ပါတယ်။ ရောဂါနုစဉ်မှာထိရောက်စွာ ကုသမှု မခံယူပါက အခြေအနေပိုဆိုးလာနိုင်ပါတယ်။

၃. ရင်ပူ ရင်ဆာ ဖြစ်ခြင်း (စားချဥ့်ပြန်ခြင်း) ကြောင့် ချောင်းဆိုးခြင်း

အစာအိမ်မှ အက်ဆစ်တွေ  အစာရေမြိုပြွန်သို့တက်လာခြင်းကြောင့် လည်ချောင်းရောင်ရမ်း မှုဖြစ်ကာ ချောင်းဆိုးခြင်းဖြစ်စေပါတယ်။ ညဥ့်နက်မှ အစာအများကြီး စားခြင်းကြောင့် အဖြစ်များ တတ်ပါတယ်။ ခေါင်းအုံး မြင့်မြင့်ခုပြီးအိပ်ခြင်းဖြင့် အက်ဆစ်များ ပြန်တက်လာခြင်း ကို သက်သာစေနိုင်ပါတယ်။

. အဆုတ်ပိုးဝင်ခြင်း

အအေးမိဗိုင်းရပ်စ်ပိုးကြောင့် အဆုတ်လေပြွန်ရောင်ရမ်းလာကာ ချောင်းဆိုးရခြင်းဖြစ်ပါတယ်။ ချောင်းဆိုး တဲ့အခါ စိမ်းဖန့်ဖန့်အရောင် ချွဲ၊ သလိပ်တွေထွက်လာတတ်ပြီး အအေးမိပြီးနောက် အဖျားပါ ၀င်လာနိုင်ပါတယ်။ အဖျားကျစေဖို့ ပါရာစီတမောနှင့် အရည်များများသောက်ခြင်းဖြင့် ကုသလို့နိုင်ပါတယ်။

. ကြက်ညှာချောင်းဆိုးရောဂါ 

ချောင်းသံနက်နက်နဲ့ဆိုးတဲ့ ချောင်းဆိုးရောဂါဖြစ်ပါတယ်။ ကြက်ညှာချောင်းဆိုးရောဂါရှိသူ တစ်ယောက် ချောင်းဆိုးတဲ့အခါ အခြားတစ်ယောက်ဆီသို့  ကူးစက်ပျံ့နှံ့လွယ်ပြီး ကလေးတွေမှာ အဖြစ်များတတ်ပါတယ်။

အရွယ်ရောက်ပြီးသူတွေ၊ အရွယ်ခပ်ကြီးကြီး ကလေးတွေမှာဖြစ်ရင်တော့  ပြင်းထန်မှု သိပ်မရှိပေမယ့်  ကလေးငယ်တွေမှာတော့ ရောဂါပြင်းထန်တတ်တာကြောင့် အထူးဂရုပြု စောင့်ရှောက်ပေးဖို့ လိုအပ်ပါတယ်။ လည်ချောင်းနာသက်သာစေဖို့  ရေနဲ့ အရည်များများ သောက်ပေးသင့်ပါတယ်။

၆. မှီဝဲတဲ့ဆေးဝါးကြောင့် ချောင်းဆိုးခြင်း

ချောင်းခြောက်ဆိုးခြင်းဖြစ်ပြီး ညဘက်မှာပိုဆိုးတတ်ပါတယ်။ ACE  inhibitor ပါဝင်တဲ့ သွေးကျဆေး တွေကြောင့် လူနာ 20 ရာခိုင်နှုန်းလောက်မှာ နာတာရှည်ချောင်းဆိုးခြင်း ဖြစ်တတ် ပါတယ်။ ဆေးသောက်ပြီးတာနဲ့ ချောင်းဆိုးလာတယ်ဆိုပါ က ဆရာဝန်နဲ့ပြသင့်ပါတယ်။ ဆရာဝန်နဲ့တိုင်ပင်မှသာ ဆရာဝန်က ဆေးပြောင်း သောက်သင့်၊ မသင့် ညွှန်ကြားပေးမှာ ဖြစ်ပါတယ်။ 

၇. တီဘီရောဂါကြောင့်ချောင်းဆိုးခြင်း

မကြာခဏမောပန်းနွမ်းနယ်ခြင်း၊ ကိုယ်အလေးချိန်ကျသွားခြင်း၊ ညဘက်မှာချွေးထွက်ခြင်း၊ ချောင်းဆိုး လျှင်သွေးပါခြင်းနဲ့ အတူနေ့စဉ်ရက်ဆက်ချောင်းဆိုးနေပါက တီဘီရောဂါကြောင့် ချောင်းဆိုးခြင်းဖြစ်နိုင်ပါတယ်။

တီဘီဆေး 6 လ စနစ်တကျသောက်ပါက တီဘီရောဂါ ပျောက်ကင်းစေနိုင်တဲ့ အတွက် ရောဂါဖြစ်စကတည်းက ကုသမှုခံယူဖို့လိုအပ်ပါတယ်။ 

၈. ဆေးလိပ်သောက်ခြင်းကြောင့်ချောင်းဆိုးခြင်း

ဆေးလိပ်သောက်နေသူတစ်ယောက်ဟာ မကြာခဏချောင်းဆိုးလာပြီ၊ ချောင်းဆိုးလျှင် သွေးပါလာပြီ ဆိုပါက  ကျန်းမာရေးစစ်ဆေးမှု  ချက်ချင်းခံယူဖို့လိုအပ်လာပါပြီ။

အသက်ရှူလမ်းကြောင်းမှာ ရောင်ရမ်း ပျက်စီးမှုဖြစ်ခြင်းကြောင့် ချောင်းဆိုးလာရခြင်း ဖြစ်နိုင်ပါတယ်။ 

နှစ်ရှည် လများစွာ ဆေးလိပ်သောက်သူတစ်ဦးမှာ နာတာရှည်အဆုတ်လေပြွန်ရောင်ရမ်းနာ (chronic obstructive pulmonary disease) နဲ့ အခြားအဆုတ်နဲ့သက်ဆိုင်တဲ့ရောဂါတွေ ခံစားရနိုင်ပါတယ်။

၉. အဆုတ်ကင်ဆာဖြစ်ခြင်းကြောင့် ချောင်းဆိုးခြင်း

တစ်ရက်ထက်တစ်ရက်ချောင်းဆိုးတာ ပိုဆိုးရွားလာပြီး သုံးပတ်ကျော်ကြာချောင်းဆိုးနေ မယ်၊ ချောင်းဆိုးလျှင်သွေးပါမယ်၊ အသက်မရှူနိုင်အောင်ဖြစ်မယ်၊ ပင်ပန်းနွမ်းနယ်နေမယ်၊ ကိုယ်အလေးချိန်ကျမယ်၊ ရင်ဘတ်အောင့်မယ်ဆိုပါက အဆုတ်ကင်ဆာဖြစ်နေပြီလား ဆိုတာကို စစ်ဆေးသင့်နေပါပြီ။ 

အဆုတ်ကင်ဆာရဲ့ 90 ရာခိုင်နှုန်းလောက်ဟာ ဆေးလိပ်သောက်ခြင်းကြောင့်ဖြစ် ပါတယ်။ 

ကင်ဆာရောဂါအဆင့်အပေါ်မူတည်ပြီး ခွဲစိတ်ကုသခြင်း၊ ဓာတုဆေးသွင်းကုသခြင်း၊ ဓာတ်ကင်ခြင်း စသည်ဖြင့် လိုအပ်သလိုကုသမှုခံယူရမှာဖြစ်ပါတယ်။ 

၁၀. နှလုံးစွမ်းဆောင်ရည်ကျခြင်းကြောင့် ချောင်းဆိုးခြင်း

နှလုံးစွမ်းဆောင်ရည်ကျဆင်းတဲ့အခါ  အဆုတ်ထဲမှာ အရည်တွေ စုဆောင်းလာပြီး ချောင်းဆိုးခြင်းကို ဖြစ်စေပါတယ်။  

နှလုံးစွမ်းဆောင်ရည်ကျဆင်းနေပါက ချောင်းဆိုးခြင်း၊ အသက်ရှူသံ တရွှီရွှီ မြည်ခြင်း၊  နုံးခွေခြင်း၊ အသက်မရှူနိုင်ဖြစ်ခြင်း၊ ခန္ဓာကိုယ်အတွင်း ရေဓာတ်များပြား နေခြင်းကြောင့် ဖေါ သွပ်သွပ်ဖြစ်ခြင်း ခြေထောက်ရောင်ခြင်း စတဲ့ရောဂါလက္ခဏာတွေ ခံစားရနိုင်ပါတယ်။

နှလုံးစွမ်းဆောင်ရည် ကျနေပြီလို့  မိမိကိုယ်ကိုသံသယရှိပါက ဆရာဝန်နဲ့ချက်ချင်းပြဖို့ လိုပါတယ်။

Source: drmyanmar.com

Read times Last modified on Tuesday, 02 January 2018 15:49
Rate this item
(1 Vote)