What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Thursday, 25 May 2017 10:56

ကိုယ်ဝန်ဆောင်များ မွေးဖွားရလွယ်ကူစေရန် လိုက်နာသင့်သော အချက်များ

ကိုယ်ဝန်ဆောင်များ မွေးဖွားရလွယ်ကူစေရန် လိုက်နာသင့်သော အချက်များ Google.com

၁. ပုံမှန်အသက်ရှူလေ့ကျင့်ပါ။

အသက်ပုံမှန်ရှူတဲ့ လေ့ကျင့်မှုဟာ မွေးဖွားရလွယ်ကူစေနိုင်ပါတယ်။ အဆာပြေစာကို နည်းနည်းနှင့် သက်သောင့်သက်သာ စားသောက်တာကြောင့် ကိုယ်ဝန်ဆောင်သည် တစ်ယောက်အတွက် စွမ်းအင်တွေ ပြည့်ဝစေနိုင်ပြီး အဆီများလွန်းတဲ့အစာ၊ ပူစပ်တဲံ အစာနှင့် အစာခြေဖို့ ခက်ခဲတဲ့ အစားအစာတွေကို ရှောင်ပါ။

အဆီများတဲ့ အစားအစာတွေကြောင့် ကလေးမွေးဖွားချိန်မှာ သတိလစ်တာမျိုး ဖြစ်စေနိုင်ပါတယ်။ မွေးဖွားဖို့ အချိန်နီးလာပြီဆိုတာနဲ့ ရေသန့်နဲ့ အသီးဖျော်ရည်ကိုသာ သောက်ပါ။

၂. Fit ဖြစ်အောင် နေပါ။

ကိုယ်ဝန်ဆောင်သည်တွေအနေဖြင့် လမ်းလျှောက်လေ့ကျင့်ခန်း၊ ရေကူးလေ့ကျင့်ခန်းနှင့် ကိုယ်ဝန်ဆောင်တွေ ပြုလုပ်ရတဲ့ လေ့ကျင့်ခန်းတွေကို ပုံမှန်ပြုလုပ်ပေးပါ။

သားဦး ကိုယ်ဝန်ဆောင်တွေအနေဖြင့် ကလေးမွေးဖွားချိန် နီးလာလေလေ၊ စိုးရိမ်စိတ်တွေက များလေလေဖြစ်ပါတယ်။

ပေါ့ပါးမှုအရှိဆုံး အ၀တ်အစားကို ၀တ်ဆင်ကာ မွေးဖွားဖို့ အချိန်နီးလာပြီဆိုရင် အတွင်းခံတွေကို မ၀တ်ပါနဲ့။ ပုံမှန်လမ်းလျှောက်ချိန်နဲ့ ရေချိုးချိန်တွေမှာ ခါးနေရာကို အထူးသတိထားပါ။

၃. ခင်ပွန်းသည်၏ အကူအညီကို ယူပါ။

ကိုယ်ဝန်ဆောင်များဟာ နေမှု၊ ထိုင်မှု နည်းလမ်းများကို ကျွမ်းကျင်သူတွေဆီကနေ အမှန်ကန်ဆုံးသိထားဖို့ လိုပါတယ်။ နားလည်တဲ့ ဆရာဝန်တွေ ညွှန်ကြားတဲ့ နည်းလမ်းများကို သင့်ခင်ပွန်းကိုလည်း နားထောင်ပါစေ။

နေထိုင်မှု ပုံစံမှန်ကန်တာကြောင့် ကလေးမွေးဖွားချိန်မှာ ၃၀ ရာခိုင် နှုန်း လောက်ထိ နာကျင်မှုကို သက်သာစေနိုင်ပါတယ်။

၎. ရေချိုးပါ။

ကြွက်သားတွေ သက်သောင့်သက်သာဖြစ်တာကြောင့် သင့်ခန္ဓာကိုယ်မှ နာကျင်မှုကို သက်သာစေနိုင်ပါတယ်။ ရေနွေးနဲ့ ရေစိမ်ချိုးတာထက် ရေနွေးနွေးကို နောက်ကျော်ကနေ လောင်းချိုးတာက သင့်ကို ပိုပြီး အကျိုးသက်ရောက်မှု ရှိစေပါတ။

ကလေးမွေးဖွားခါနီးရေချိုးတာကြောင့် ကလေးမွေးဖွားချိန်မှာ နာကျင်မှု သက်သာစေနိုင်တယ်လို့ ဆိုပါတယ်။

၅. အလေ့အကျင့်ကောင်းများ၏ အကျိုးဆက်ကို နားလည်ပါ။

ကိုယ်ဝန်ဆောင်ချိန်မှာ သင်ပြုလုပ်နေထိုင်ခဲ့တဲ့ အပြုအမှုတွေကြောင့် မွေးဖွားချိန်မှာ သင့်ကို အကောင်းဆုံး အကျိုးပြုပါလိမ့်မယ်။ ကိုယ်ဝန်ဆောင်ချိန်အတွင်းမှာ အသက်ရှူလေ့ကျင့်ခန်း ပြုလုပ်တာ၊ တရားထိုင်တာတွေနဲ့ ယောဂလေ့ကျင့်ခန်းပြုလုပ်တာ၊ အာဟာရ ပြည့်ဝစွာ စားသောက်တာ၊ ရေအလုံအလောက်သောက်တာ ကလေးမွေးဖွားချိန်မှာ လွယ်ကူစေပါတယ်။

၆. ရေစိမ်ပါ။

ရေထဲမှာ အချိန်အနည်းငယ် စိမ်နေတာဟာ ကလေးအနေအထား မမှန်မှုကို မှန်ကန်သွားစေဖို့ အကူအညီပေးပြီး ကလေးမွေးဖွားရလည်း လွယ်ကူစေပါတယ်။

၇. နှိပ်နယ်မှုကို ခံယူပါ။

ကိုယ်ဝန်ဆောင်ချိန်မှာ အမျိုးသားရဲ့ ညင်သာစွာ နှိပ်နယ်ပေးမှုကို ခံယူတာကြောင့် ကိုယ်ဝန်ဆောင်ချိန်ဖြစ်တတ်တဲ့ စိတ်လှုပ်ရှားမှုနဲ့ ကလေးမွေးဖွားချိန် နာကျင်မှုကို သက်သာစေနိုင်ပါတယ်။

၈. လဲမကျပါစေနှင့်။

ကိုယ်ဝန်ဆောင်ချိန်မှာ ထိုင်တာ၊ ထတာ နဲ့ သွားတာ၊ လာတာ သတိရှိဖို့ လိုပါတယ်။

ဘေးမှာ အဖော်တစ်ယောက် မရှိဘူးဆိုရင် ကိုယ့်ကိုကိုယ် အထူးသတိထားဖို့လိုပါတယ်။

ရုတ်တရက်လှုပ်ရှားမှုကြောင့် မူးမိုက်ကာ ပစ်လဲသွားတတ်ပြီး သတိမေ့နေတတ်ပါတယ်။ အနားမှာ အကူအညီမရှိဘဲ လဲနေချိန်ဆို သင့်အတွက် အန္တရာယ်ရှိနိုင်တာကြောင့် သတိထားဖို့ လိုပါတယ်။

Source: health care

Read times
Rate this item
(1 Vote)