What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Thursday, 07 March 2019 14:10

လူနာများအတွက် ရဟတ်ယာဉ်ဝယ်ယူရန် ကျန်းမာရေးဝန်ကြီးကို ဒေါ်အောင်ဆန်းစုကြည်တိုက်တွန်း

အရေးပေါ်လူနာများ အတွက် ရဟတ်ယာဉ်ဝယ်ယူရန် ကျန်းမာရေးဝန်ကြီး ဒေါက်တာ မြင့်ထွေးကို နိုင်ငံတော်၏အတိုင် ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစု ကြည်က တိုက်တွန်းခဲ့ပါတယ်။ 

နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သည် ယမန်နေ့တွင် ခန္တီးမြို့ပြည် သူ့ဆေးရုံသို့ သွားရောက်စဉ် လူ နာတစ်ဦးကို ကြည့်ရှုမေးမြန်းပြီး နောက် လမ်းပန်းဆက်သွယ်ရေး အခက်အခဲကို သိပြီး ကျန်းမာရေး ၀န်ကြီးကို ယင်းသို့တိုက်တွန်း ခြင်းဖြစ်ပါတယ်။

 

‘‘ဆရာတို့ ကျန်းမာရေးဝန် ကြီးဌာနက လှူမယ့်သူတွေလည်း များတယ်မဟုတ်လား။ ဟို...ဟယ် လီကော်ပတာတစ်ခုဝယ်ပါ လား’’ ဟု ဒေါ်အောင်ဆန်းစုကြည် က ပြောသည်။ ကျန်းမာရေးဝန်ကြီးကဘတ် ဂျက်မရှိသေးကြောင်း၊ အလှူခံ နေကြောင်းနှင့် ရဟတ်ယာဉ်အ ကြီးမဟုတ်ဘဲ အသေးသာလိုအပ် ကြောင်း ပြန်လည်ဖြေကြားခဲ့ပါတယ်။

 

နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်သည် လမ်းပန်းဆက်သွယ် ရေးကို နံပါတ် (၁) အဖြစ် ဦးစား ပေးရမည်ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက် တာမြင့်နိုင်အား လမ်းညွှန်သည်။ ဒေါ်အောင်ဆန်းစုကြည် သည် အဆိုပါဆေးရုံသို့ တက် ရောက်နေသည့် နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဦးစီးဥက္ကဋ္ဌ ဦးကေဆိုင်းကို သတင်းမေးမြန်း ကြည့်ရှုခဲ့သည်ဟု ခန္တီးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စား လှယ် ဦးအောင်သန်းစိန်က ပြောပါတယ်။

 

စစ်ကိုင်းတိုင်းဒေသကြီးအ ထက်ပိုင်း ခရီးစဉ်ကို ဒေါ်အောင် ဆန်းစုကြည်က ယမန်နေ့တွင် စတင်ရာ ခန္တီးမြို့၌ လူထုတွေ့ဆုံ ပွဲပြုလုပ်ပြီး နာဂကိုယ်ပိုင်အုပ် ချုပ်ခွင့်ရဒေသဖြစ်သည့် လဟယ် မြို့သို့ သွားရောက်ခဲ့ပါတယ်။ ယင်း သည် ဒေါ်အောင်ဆန်းစုကြည်အ တွက် နာဂဒေသသို့ ပထမဆုံး သွားရောက်ခြင်းဖြစ်ပါတယ်။ ‘‘နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်က နာဂဒေသကို ရှားရှား ပါးပါးလာတာဖြစ်တယ်။ ဒေသခံ တွေကလည်း လူထုတွေ့ဆုံပွဲမ လုပ်တဲ့အပေါ်မှာ နည်းနည်းပါး ပါး အားမလို အားမရဖြစ်ပေမယ့် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဒီအသက်အရွယ်နဲ့ ပင်ပင်ပန်းပန်း လာပေးတဲ့အတွက် အသိအမှတ် ပြုတဲ့အကြောင်း၊ အားလုံးကနေ ၀မ်းမြောက်ဝမ်းသာဖြစ်တဲ့အ ကြောင်းပဲ ကျွန်တော် ပြောချင်ပါ တယ်’’ဟု လဟယ်မြို့နယ် မဲဆန္ဒ နယ်အမှတ် (၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦး ကယ်ကပြောပါတယ်။

 

နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်သည် လဟယ်မြို့တွင်အုပ် ချုပ်ရေးဦးစီးအဖွဲ့ဝင်များ၊ ရပ်မိ ရပ်ဖများ၊ လွှတ်တော်ကိုယ်စား လှယ်များ၊ ဌာနဆိုင်ရာ ၀န်ထမ်း များနှင့် တစ်နာရီခန့်တွေ့ဆုံပြီး လမ်းပန်းဆက်သွယ်ရေး၊ ပညာ ရေး၊ ကျန်းမာရေးကဏ္ဍများ မြှင့်တင်ဆောင်ရွက်ရန် လမ်းညွှန် သည်။ ယင်းခရီးစဉ်အပြီးတွင် ဒေါ် အောင်ဆန်းစုကြည်သည် ဟုမ္မ လင်းမြို့သို့ သွားရောက်ကာ လူ ထုတွေ့ဆုံပွဲ ပြုလုပ်ခဲ့ပါတယ်။

 

တွေ့ဆုံပွဲ၌ အစိုးရနှင့် ပြည်သူ ဆက်ဆံရေးတွင် ယဉ်ကျေးမှုရှိရန်နှင့် ပြည်သူလူထုက ဗဟိုအစိုးရကိုသာ အထင်မကြီးဘဲ တိုင်းဒေ သကြီးအစိုးရကိုလည်း ယုံကြည် ရန် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါတယ်။

 

Source:7daydaily

Health Products Dorectory

 

Read More :  သွေးလည်ပတ်မှု ကောင်းမွန်းအောင် နေထိုင်ခြင်း

သွေးလည်ပတ်မှု ကောင်းမွန်းအောင် နေထိုင်ခြင်း

Read times
Rate this item
(0 votes)