What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Tuesday, 01 October 2019 18:11

ရေဓာတ်ခမ်းခြောက်မှုကြောင့် ဖြစ်ပေါ်တတ်တဲ့ လက္ခဏာများ

ကျွန်မတို့ခန္ဓာကိုယ်ရဲ့ ဖွဲ့စည်းတည်ဆောက်မှုမှာ ရေဓာတ်က ၆၀ရာခိုင်နှုန်း ပါဝင်ပါတယ်။

ဒါကြောင့် ကျန်းမာသန်စွမ်းမှုအတွက် ရေဓာတ်က အရေးတကြီး လိုအပ်ပါတယ်။ ရေဓာတ်ခန်းခြောက်တဲ့အခါ ကျန်းမာရေး ထိခိုက်မှုတွေ ဖြစ်လာရောလေ။ သင့်ခန္ဓာကိုယ်မှာ ရေဓာတ်ခန်းခြောက်နေပြီ ရေဓာတ်ဖြည့်ဖို့ လိုလာပြီဆိုရင် ဒီလို အမှတ်လက္ခဏာတွေ ပြလာပါလိမ့်မယ်။

 

မောပန်းလာမယ်

အိမ်မှာဖြစ်ဖြစ်၊ အလုပ်မှာဖြစ်ဖြစ် ပင်ပန်းနေပေမဲ့ ညဘက် ကောင်းကောင်းအိပ်စက်နားနေပြီးသော်ငြား အားမရှိသလို ပင်ပန်းနွမ်းနယ်နေသေးတယ်ဆိုရင် သင့်ကိုယ်မှာ ရေဓာတ်ခန်းခြောက်နေလို့ပါပဲ။

 

ကာလကြာရှည်ဝမ်းချုပ်လာမယ်

ဗိုက်တင်းဖောင်းပြီး အသက်ရှူရတာ မကောင်းဖြစ်လာမယ်။ ဒီလိုဖြစ်လာရင် အစားအစာကို ဆန်းစစ်ဖို့ လိုသလို ရေသောက်တာ လုံလောက်ရဲ့လားဆိုတာကို ပြန်သုံးသပ်ဖို့ လိုပါပြီ။

 

ခေါင်းကိုက်လာမယ်

ဦးနှောက်ရဲ့ ၈၅ % ကို ရေနဲ့ ဖွဲ့စည်းထားလို့ ရေဓာတ်မလုံလောက်ရင် ခေါင်းကိုက်လာတတ်ပါတယ်။

 

ဒါကြောင့် ဒီလို ဝေဒနာမခံစားရအောင်

မနက်မိုးလင်း အိပ်ရာနိုးထတာနဲ့ ရေ ၂ ဖန်ခွက်သောက်ပေးပါ။ ဒီလိုဆိုရင် တစ်နေ့တာလုံး လန်းဆန်းစေတဲ့အပြင် အစာချေစနစ်ကိုလည်း ကောင်းစေတယ်လေ။ သင်နဲ့မကွာ ဆောင်ထားဖို့ ကိုယ်ပိုင်ရေဘူးတစ်ဘူး ဝယ်ထားပါ။ ဘယ်နေရာသွားသွား သက်သောင့်သက်သာ သယ်သွားလို့ရမယ့် ရေဘူးမျိုးပေါ့။ ရေဓာတ်ကြွယ်ဝတဲ့ အစားအစာကို စားသောက်ပါ။ ဥပမာ သခွားသီး၊ ဂရိတ်ဖရုသီးနဲ့ ဖရဲသီးတွေပေါ့။

 

(Zawgyi)

---------

ေရဓာတ္ခမ္းေျခာက္မႈေၾကာင့္ ျဖစ္ေပၚတတ္တဲ့ လကၡဏာမ်ား

 

ကြ်န္မတို႔ခႏၶာကိုယ္ရဲ႕ ဖြဲ႕စည္းတည္ေဆာက္မႈမွာ ေရဓာတ္က ၆၀ရာခိုင္ႏႈန္း ပါဝင္ပါတယ္။ ဒါေၾကာင့္ က်န္းမာသန္စြမ္းမႈအတြက္ ေရဓာတ္က အေရးတႀကီး လိုအပ္ပါတယ္။ ေရဓာတ္ခန္းေျခာက္တဲ့အခါ က်န္းမာေရး ထိခိုက္မႈေတြ ျဖစ္လာေရာေလ။ သင့္ခႏၶာကိုယ္မွာ ေရဓာတ္ခန္းေျခာက္ေနၿပီ ေရဓာတ္ျဖည့္ဖို႔ လိုလာၿပီဆိုရင္ ဒီလို အမွတ္လကၡဏာေတြ ျပလာပါလိမ့္မယ္။

 

ေမာပန္းလာမယ္

အိမ္မွာျဖစ္ျဖစ္၊ အလုပ္မွာျဖစ္ျဖစ္ ပင္ပန္းေနေပမဲ့ ညဘက္ ေကာင္းေကာင္းအိပ္စက္နားေနၿပီးေသာ္ျငား အားမရွိသလို ပင္ပန္းႏြမ္းနယ္ေနေသးတယ္ဆိုရင္ သင့္ကိုယ္မွာ ေရဓာတ္ခန္းေျခာက္ေနလို႔ပါပဲ။

 

ကာလၾကာရွည္ဝမ္းခ်ဳပ္လာမယ္

ဗိုက္တင္းေဖာင္းၿပီး အသက္ရွဴရတာ မေကာင္းျဖစ္လာမယ္။ ဒီလိုျဖစ္လာရင္ အစားအစာကို ဆန္းစစ္ဖို႔ လိုသလို ေရေသာက္တာ လံုေလာက္ရဲ႕လားဆိုတာကို ျပန္သံုးသပ္ဖို႔ လိုပါၿပီ။

 

ေခါင္းကိုက္လာမယ္

ဦးေႏွာက္ရဲ႕ ၈၅ % ကို ေရနဲ႔ ဖြဲ႔စည္းထားလို႔ ေရဓာတ္မလံုေလာက္ရင္ ေခါင္းကိုက္လာတတ္ပါတယ္။

 

ဒါေၾကာင့္ ဒီလို ေဝဒနာမခံစားရေအာင္

မနက္မိုးလင္း အိပ္ရာႏိုးထတာနဲ႔ ေရ ၂ ဖန္ခြက္ေသာက္ေပးပါ။ ဒီလိုဆိုရင္ တစ္ေန႔တာလံုး လန္းဆန္းေစတဲ့အျပင္ အစာေခ်စနစ္ကိုလည္း ေကာင္းေစတယ္ေလ။ သင္နဲ႔မကြာ ေဆာင္ထားဖို႔ ကိုယ္ပိုင္ေရဘူးတစ္ဘူး ဝယ္ထားပါ။ ဘယ္ေနရာသြားသြား သက္ေသာင့္သက္သာ သယ္သြားလို႔ရမယ့္ ေရဘူးမ်ိဳးေပါ့။ ေရဓာတ္ၾကြယ္ဝတဲ့ အစားအစာကို စားေသာက္ပါ။ ဥပမာ သခြားသီး၊ ဂရိတ္ဖရုသီးနဲ႔ ဖရဲသီးေတြေပါ့။

Read times Last modified on Friday, 07 February 2020 14:49
Rate this item
(1 Vote)