What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Monday, 07 May 2018 11:34

နေလောင်ဒဏ်အတွက် အိမ်တွင်းကုထုံး (၄) ချက်

နေလောင်ဒဏ်အတွက် အိမ်တွင်းကုထုံး (၄) ချက် google.com

နွေရာသီတွင် မဖြစ်မနေအပြင်ထွက်သွားလာနေရသူများ၊ နေပူထဲတွင် အလုပ်လုပ်ကိုင်နေသူများတွင် နေလောင်ဒဏ်ရာကို ရတတ်ပါတယ်။

နေလောင်ဒဏ်ရာရသည့် အခါ အမြန်ဆုံး သက်သာစေမည့် နည်းလမ်း၊ အိမ်တွင်းကုထုံးများကို ဖော်ပြပေးလိုက်ပါတယ်။

ဘယ်လိုရောဂါ၊ ဝေဒနာပဲဖြစ်ဖြစ် ကာကွယ်ခြင်းဟာကုသနည်းထက် ပိုထိရောက်ပါတယ်။ ဒါကြောင့် နေလောင်ဒဏ်ကို မခံစားရအောင် နေကာခရင်မ်လိမ်းပါ။အရောင်လွင်သည့် အဝတ်အစားဝတ်ပါ။ နေရောင်ခြည်ကို တိုက်ရိုက်မခံစားရအောင် သတိထားပါ။

ဒါပေမဲ့ အကြောင်းအမျိုးမျိုးကြောင့် နေပူထဲထွက်ရပြီး နေလောင်ဒဏ်ခံစားနေရပြီဆိုရင်-

(၁) သခွားသီး ကို မွှေစက်နှင့်ကြိတ်ပြီး ရလာတဲ့အနှစ်ကို နေလောင်ဒဏ်ရာရသည့် အရေပြားပေါ်တွင် ကပ်ပေးပါ။ မျက်နှာပေါ်မှာလည်း ကပ်နိုင်ပါတယ်။ သခွားသီးမှာ ပါတဲ့ အကိုက်အခဲပျောက်စေသည့် အစွမ်းနှင့် အင်တီအောက်ဆီးဒင့်အစွမ်းကြောင့် နေလောင်ဒဏ်ရာများကို ယူပစ်သလို ပျောက်ကင်းနိုင်ပါတယ်။

(၂) ရေနွေးကြမ်းသောက်ပြီး ကျန်သော လက်ဖက်ခြောက်ကို သန့်ရှင်းသောအဝတ်စနှင့် ထုပ်ပြီး နေလောင်ထားသည့် အရေပြားတွင် ကပ်ပေးပါ။ လက်ဖက်ခြောက်တွင် ပါဝင်သည့် တန်းနစ်အက်ဆစ်က နေလောင်ဒဏ်ရာမှ အပူများကို စုပ်ယူနိုင်သော ဂုဏ်သတ္တိရှိပါတယ်။

(၃) နေလောင်နေသော အရေပြားတွင် ဗီတာမင်အီးအဆီလိမ်းပေးပါက အရေပြားရောင်ရမ်းမှုကို လျှော့ချပေးနိုင်ပါတယ်။ ဗီတာမင်အီးက အင်တီအောက်ဆီးဒင့် တစ်မျိုးလည်းဖြစ်ပါတယ်။

(၄) နောက်ဆုံးတစ်ခုက နို့အေးပါ။ သူက အရေပြားနေလောင်ဒဏ်ရာကို ကုသပေးသည့်အရာဖြစ်တယ်။ နို့ထဲတွင်ပါတဲ့ ပရိုတင်းက နေလောင်ဒဏ်ကြောင့် ဖြစ်သည့် အရေပြားဝေဒနာမှန်သမျှကို သက်သာစေနိုင်ပါတယ်။

Source: YCDC

Read: အာရုံကြောအားနည်းခြင်းအတွက် လိုအပ်သောအစားအစာများ

အာရုံကြောအားနည်းခြင်းအတွက် လိုအပ်သောအစားအစာများ

Read times
Rate this item
(0 votes)