What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Saturday, 15 February 2020 15:31

အပူချိန်မြင့်တက်ခြင်းကြောင့် ဖြစ်ပွားနိုင်တဲ့ ဝေဒနာများ

 

ယခုအခါ ပွင့်လင်းရာသီဥတု ကာလစတင်နေပြီး ဖြစ်တဲ့အတွက်ကြောင့် အပူချိန်မြင့်တက်မှု များလည်းဖြစ်ပေါ်လာနိုင်ပါတယ် ။

သက်ရှိသက်မဲ့ အားလုံးက နေရောင်ခြည်ကိုလို အပ်တယ် ဆိုပေမဲ့ နေပူချိန်မြင့်တက်ခြင်းကြောင့် သဘာဝပေါက်ပင် နဲ့ သက်များကို ပါထိခိုက်လာနိုင်ပါတယ်။ ထိုနည်းတူ လူသားများလည်း ပူချိန်မြင့်တက်လာတာနဲ့ ခန္ဓာကိုယ် ကျန်းမာရေး ထိခိုက်လာနိုင်ယုံသာမက အသက်အန္တရာယ်ကိုပါ ထိခိုက်လာနိုင်ပါတယ်။



အပူချိန်မြင့်တတ်မှုကြောင့် ဖြစ်ပေါ်လာတဲ့ ဝေသနာလက္ခဏာများ

အပူချိန်မြင့်တက်ခြင်းကြောင့် မူးဝေလာတာ ၊ ခေါင်းကိုက်လာတာ ၊ ရေဓာတ်ဆုံးရှုံးတာ ၊ အငံဓာတ်ဆုံးရှုံးတာ ၊ ဦးနှောက်သွေးကြောပြတ်တာ ၊အချိုဓာတ်ဆုံးရှုံးတာ ၊ ကျောက်ကပ်ပျက်စီးတာ ၊ အသည်းထိခိုက်တာ ၊ စိတ်ဒေါသထွက်လွယ်တာ ၊ ပျိ့အန်တာ ၊ ကြွက်တတ်တာ ၊ ပင်ပန်းနွမ်းနယ်တာ ၊ သတိလစ်တာ ၊ နှလုံးခုန်မြန်တာ ၊ စိတ်ကယောင်ကချားဖြစ်တာ ၊ ချွေးအလွန်ထွက်တာ စတဲ့ လက္ခဏာများ နှင့်အတူ ခံစားရနိုင်ပါတယ်။

 

အပူဒဏ်ကြောင့်ဖြစ်ပေါ်လာတဲ့ ဝေသနာမျာမှ ရှောင်ကျဉ်နည်း

ပူပြင်းသောနေရောင်အောက်မှာ လမ်းလျှောက်ခြင်းမှ ရှောင်ကျဉ်တာ ၊ ပင်ပန်းစွာအလုပ်လုပ်တာ ၊ ကားထဲမှာဆိုရင်လည်း အဲကွန်းဖွင့်စီးတာ ၊ အပူချိန်မြင့်တက်ချိန်တွင် ပြင်းထန်သော ကိုယ်လက်လေ့ကျင့်ခန်းပြုလုပ်ခြင်းမှ ရှောင်ကျဉ်တာ၊ မဖြစ်မနေ နေပူထဲသွားရမယ်ဆိုရင် ဦးထုတ် ၊ ထီးမျာ စောင်းတာ ၊ အဖြူရောင် ၊ အရောင်ဖျော့တဲ့ အဝတ်များဝတ်တာ ၊ အနက်ရောင်ပါရှိသော အဝတ် ၊ဦးထုတ် ၊ ထီးများကို နေပူချိန်မြင့်တက်ချိန်တွင် စောင်းခြင်းမှ ရှောင်ကျဉ်တာ ၊ အပူချိန်မြင့်တက်ချိန်တွင် ရေခဲရေ ၊ အရက်များသောက်ခြင်းမှ ရှောင်ကျဉ်တာ စတဲ့နည်းများပြုလုပ်ခြင်းဖြင့် အပူဒဏ်ကြောင့်ဖြစ်ပေါ် သောရောဂါဝေသနာများကို ရှောင်ရှားနိုင်ပါတယ်။

 


Veterinary Clinics (တိရစ္ဆာန်ဆေးကုခန်းပေါင်း ၂၀ ကျော်ကို ကြည့်ရန် နှိပ်ပါ)

Image result for veterinary clinics


အပူချိန်မြင့်တက်ခြင်းကြောင့် ဖြစ်ပေါ်လာသော ဝေသနာများကို ကုသနည်း

ဝေသနာရှင်များကို  အေးမြပြီး  အရိပ်အောက်တွင်ထားတာ ၊ ထူထပ်သောအဝတ်များ ချွတ်ပေးတာ ၊ ခန္ဓာကိုယ်အပူချိန်ကျချိန်မှ ရေချိုးပေးတာ (သို့) ရေပတ်တိုင်ပေးတာ ၊ ဓာတ်ဆားရေတိုက်တာ ၊ ရေများများတိုက်တာ ၊ အရည်ရွှမ်းသော အသီးများကျွေးခြင်းများ ပြုလုပ်ပေးပြီး လိုအပ်လျှင် နီးစပ်ရာ ဆေးရုံ ၊ ဆေးခန်းသို့ လျှင်မြန်စွာ ပိုဆောင်ပြီး ကုသမှုခံယူပါ။

အပူဒဏ်ကြောင့်ဖြစ်ပေါ်လာ တဲ့ဝေသနာများကို ပေါ့စစွာ နေထိုင်ခြင်းက အသက်အန္တရာယ်ကိုယ် ထိခိုက်လာနိုင်တဲ့အပြင် ရောက်ရှိရာ နေရာဒေသ ရဲ့ အပူချိန်နဲ့ ဆောင်ရန်ရှောင်ရန်များကို ကျန်းမာရေးဝန်ကြီးဌာန ၏ ထုတ်ပြန်ချက်များအတိုင်း လိုက်နာဆောင်ရွက်ဖို့ လိုအပ်ပါတယ်။

Written By Health Products Directory

 


(Zawgyi)

=====

အပူချိန်မြင့်တက်ခြင်းကြောင့် ဖြစ်ပွားနိုင်တဲ့ ဝေသနာများ

 






 



 



 





Read times Last modified on Sunday, 16 February 2020 12:21
Rate this item
(1 Vote)