What's New




Saturday, 22 April 2023 15:05

သင့်မှတ်ဉာဏ်ကို လေ့ကျင့်ပေးပါ

သင့်မှတ်ဉာဏ်ကို လေ့ကျင့်ပေးပါ

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

အမေရိကန်နိုင်ငံ MIT မှ အာရုံကြောပညာရှင် Dr. Tara Swart Bieber က မှတ်ဉာဏ်ကို ပုံမှန်လေ့ကျင့်ပေးနေဖို့ တိုက်တွန်းထားပါတယ်။ 

အသက်ကြီးလာတာနဲ့အမျှ၊ အလုပ်တွေ မနိုင်မနင်း ဖြစ်တာနဲ့အမျှ မေ့တတ်ကြတာကို ကြိုတင်ကာကွယ်တဲ့အနေဖြင့် မှတ်ဉာဏ်ကို ပုံမှန်လေ့ကျင့်ပေးနေဖို့  လိုအပ်ပါတယ်။ 

 

မှတ်ဉာဏ်အားက တစ်ယောက်နဲ့တစ်ယောက် မတူကြပါဘူး။ မှတ်ဉာဏ်ကို ပုံမှန်လေ့ကျင့်ပေးနေရင် မှတ်ဉာဏ်အားသန်လာတဲ့ အကျိုးကျေးဇူးကို ရရှိမှာ ဖြစ်ပါတယ်။ 

 

မှတ်ဉာဏ်ကို မှတ်သားပေးထားဖို့ အားကိုးတဲ့အခါ မှတ်သားပုံမှတ်သားနည်းများကို တွဲဖက် သုံးပေးပါက မှတ်ဉာဏ် ထက်သန်ပါတယ်။ 

မှတ်ဉာဏ်မှာ လက်ငင်းနှင့် ရေရှည်ဆိုပြီး နှစ်မျိုး ရှိပါတယ်။ 

လက်ငင်းမှတ်ဉာဏ်ကို working memory  အလုပ်လုပ်စဉ် မှတ်ဉာဏ်လို့လည်း ခေါ်ကြပါတယ်။ သိလိုက်ပြီးတာနဲ့ ချက်ချင်း မှတ်သားထားလိုက်တဲ့ မှတ်ဉာဏ်အမျိုးအစား ဖြစ်ပါတယ်။ 

ရေရှည်မှတ်ဉာဏ် long-term memory က မှတ်သားခဲ့တာကို အနည်းဆုံး တစ်ရက်ကြာပြီး ပြန်ခေါ်ထုတ်ပေးတဲ့ မှတ်ဉာဏ် အမျိုးအစား ဖြစ်ပါတယ်၊

 

နှစ်မျိုးစလုံး ကောင်းဖို့ ခဲယဉ်းပါတယ်။ 

နှစ်မျိုးစလုံး ကောင်းနေဖို့အတွက် မှတ်ဉာဏ်ကို လေ့ကျင့်ပေးပါ။

 

လက်ငင်းမှတ်ဉာဏ်ကို ထက်သန်စေဖို့ နည်းလမ်းတစ်မျိုးက အဆစ်အပိုင်းဖြင့် မှတ်သားပေးခြင်းဖြစ်ပါတယ်။ ဖုန်းနံပါတ်တွေကို မှတ်သားတဲ့အခါ အသုံးများကြပါတယ်။ 

၆-၆-၅-၀-၁-၂ ဆိုတဲ့ ဖုန်းနံပါတ်က လျှပ်စစ်ရုံးတစ်ခုရဲ့ ဖုန်းနံပါတ်ဖြစ်ပါတယ်။ 

အဆစ်အပိုင်းအဖြစ် "၆၆" "၅၀""၁၂" ဆိုပြီး ခြောက်ခြောက် ငါးဆယ် ဝမ်တူး ဆိုပြီး မှတ်သားနိုင်ပါတယ်။ ကိန်းဂဏန်းတွေ မှတ်ဖို့ ခက်ခဲနေတဲ့သူတွေ ရှိပါတယ်။ သူတို့အဖို့ စားသားဖြင့် ပြောင်းလဲ မှတ်သားသင့်ပါတယ်။ ခြောက်ပူး ငါးမူး တစ်ဒါဇင် ဆိုပြီး မှတ်သားနိုင်ပါတယ်။ 

စတင်မှတ်သားခြင်း ပြုတဲ့အခါ မတိုးမကျယ် လေသံဖြင့် ရွတ်ဆိုပေးရပါတယ်။ နောက်တစ်နေ့မှာလည်း တစ်ဆယ်ကြိမ်ထက် မနည်း ရွတ်ဆိုပေးရပါတယ်။ တစ်လခန့်ကြာတဲ့အထိ မှတ်ဉာဏ်ကို လေ့ကျင့်ပေးပြီးတဲ့အခါ မှတ်မိနေတော့မှာ ဖြစ်ပါတယ်။ 

 

ပထမတစ်ပိုင်းက မှတ်သားပုံ မှတ်သားနည်း လေ့ကျင့်ပေးခြင်း ဖြစ်ပြီး ဒုတိယတစ်ပိုင်းက ထပ်ဖန်တလဲလဲ ရေရွတ်ပေးခြင်းဖြင့် လေ့ကျင့်ပေးခြင်း ဖြစ်ပါတယ်။ 

.

ပေါ်လီဖီနို polyphenol  အာဟာရဓာတ်များက မှတ်ဉာဏ် စွမ်းရည် ကျဆင်းခြင်းကို ခုခံကာကွယ်ပေးပါတယ်။ 

 

polyphenol  အာဟာရဓာတ်အတွက် 

ကိုကိုးမှုန့်

ဘယ်ရီသီး

ကော်ဖီ( ထုတ်လုပ်ပုံ၊ ထားသိုပုံ အရ ပေါ်လီဖီနို ပါဝင်မှု လျော့ကျပါသည်)

လက်ဖက်ရည်ကြမ်း

လေးညှင်းပွင့်

စမုန်စပါး

နနွင်း

ဝိုင်နီ (ဝိုင်နီကို စပျစ်သီးအခွံ သုံးစွဲထုတ်လုပ်သဖြင့် ပေါ်လီဖီနို ပါဝင်မှု အခြားဝိုင်ထက် ပိုများပါသည်)

ဝိုင်ဖြူ

သံလွင်ဆီ

ကြက်သွန်နီ

ပဲပုပ်ပဲ

အစရှိသည်တို့ကို စားသောက်နိုင်ပါသည်။ 

Source MIT neuroscien

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

 

Read times Last modified on Saturday, 22 April 2023 15:06
Rate this item
(0 votes)