What's New
×
Warning
JUser: :_load: Unable to load user with ID: 62
Saturday, 22 February 2020 15:32
လက်ထက်ပွဲ ကျင်းပနေချိန် ကားအက်စီဒန့် ဖြစ်လို့ လူနာကို အသက်ကယ်ခဲ့တဲ့ ဆရာဝန်စုံတွဲ
လူအများစုက ကျန်းမာရေးဆိုင်ရာ နဲ့ ထိခိုက်မှုများ ဖြစ်ပေါ်လာရင် ဆရာဝန်ကိုခေါ်လေ့ရှိကြပါတယ်။
တစ်ကယ်တော့ဆရာဝန်များက သူတို့ကိုယ်ပိုင်အချိန်ဖြစ်တဲ့ အိပ်ချိန် ၊ စားချိန်နဲ့ အနားယူချိန်မှာလည်း ဝေဒနာရှင်များအတွက် လိုအပ်ရင်ဆေးကုမှုများကို လိုအပ်ရင် လိုအပ်သလို ပဓာန မထားဘဲ ဆေးဝါးကုသမှုပေးတယ် ယနေ့မှာတော့ သက်သေပြသွားခဲ့ပါတယ်။
ဖေဖော်ဝါရီလ ၊ ၁၇ ရက်နေ့ ၊ ပြီးခဲတဲ့ တနင်္လာနေ့က ထိုင်းနိုင်ငံ ၊ ကရာဘိုင်လ်မြို့တွင် ဆရာဝန်စုံတွဲတစ်တွဲက လက်ထပ်ထိမ်းမြားမင်္ဂလာပွဲကို ဧည့်သည်များ နှင့်အတူ ဟိုတယ်နောက်ဘက် စားသောက်ခန်းတွင် ပွဲတော်ကိုကျင်းပခဲ့ပါတယ်။ ရုတ်တရက်ဆိုသလို လက်ထပ်ထိမ်းမြားပွဲအနီးတွင် မော်တော်ဆိုင်ကယ်တစ်စီးနဲ့ ထရပ်ကားတစ်စီး ယာဉ်တိုက်မှုဖြစ်ပေါ်လာပြီး မော်တော်ဆိုင်ကယ်စီးသူမှာ ထိခိုက်ဒဏ်ရာဖြင့် မြေပြင်ပေါ်သို့ လဲကျခဲ့ပါတယ်။
Drug Stores & Pharmacies (ဆေးဆိုင်ပေါင်း ၁၀၀၀ ကျော်ကို ကြည့်ရန် နှိပ်ပါ)
Image result for Drug Stores & Pharmacies
ထိုအချိန်မှာ ဆရာဝန်စုံတွဲက မင်္ဂလာခန်းအတွင်းမှ ချက်ချင်းပြေးထွက်ပြီး ဒဏ်ရာဖြင့်လဲကျနေတဲ့ မော်တော်ဆိုင်ကယ်စီးသူကို သွားရောက်ကူညီပေးခဲ့ပါတယ်။ ဆရာဝန်စုံတွဲက ထိခိုက်ဒဏ်ရာနဲ့ လဲကျနေတဲ့ မော်တော်ဆိုင်ကယ်စီးသူကို အရေးပေါ်ဆေးဝါးကုသသူများ ဆေးရုံသို့ လာရောက်ခေါ်ဆောင်သွားသည့်တိုင်အောင် ရှေ့ဦးသူနာပြုနည်းဖြင့် လူနာကို ကုသပေးခဲ့ပါတယ်။
ထိုဆရာဝန်စုံတွဲရဲ့ ထူးခြားတဲ့ ရက်ရောကျင်နာမှုကို တွေ့ရှိပြီးနောက် လူတော်တော်များများက ကျေးဇူးတင်ခဲ့ကြပါတယ်။ ဆရာဝန်တွဲရဲ့ ကျင်နာတဲ့ပုံရိပ်များက အွန်လှိုင်ပေါ်တွင်ပြန့်နှံံ့သွားပြီး အကူအညီ လိုအပ်နေသူကို ကူညီပေးခဲ့တဲ့အတွက် “ သင့်တို့ဇနီးမောင်နှံနှစ်ဦး အသက်ရှည်ပြီး အိုမင်းတဲ့အထိပေါင်းသင်းနေထိုင်ရပါစေ” ဆိုတဲ့ ချီးမွမ်းခြင်းခံရပြီး လူအများရဲ့ လေးစားထောက်ခံမှုများစွာကို ရရှိခဲ့ပါတယ်။
ဆရာဝန်တစ်စုံတွဲတစ်တွဲက လက်ထက်ထိမ်းမြားပွဲကျင်းပနေချိန်မှာဘဲ လမ်းဘေးတွင် ယာဉ်တိုက်မှုဖြစ်ဖြင့် ဒဏ်ရာရနေသူကို သူတို့တတ်ကျွမ်းတဲ့ ပညာရပ်ကို မဖုံးကွယ်ထားဘဲ ဘယ်လိုအခြေမျိုးမှာဘဲ မဆို လူနာတွေအပေါ် ဂရုစိုက်တယ်ဆိုတာကို ယနေ့ ကမ္ဘာကိုသက်သေပြခဲ့ပါတယ်။
Written by Health Products Directory
Ref; Worldofbuzz
(Zawgyi)
=====
Ref; Worldofbuzz
Read times Last modified on Saturday, 22 February 2020 15:45
Rate this item
(1 Vote)